ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Friday, April 24, 2015

မိမိဖုန်းရဲ့ Pattren lock & Password မေ့သွားရင်

Android Device တွေက Pattern Lock , Password တွေမေ့သွားလို့ မမှတ်မိတော့ဘူးဆိုရင် ဒီဆော့ဝဲလ်လေးနဲ့ဖြုတ်နိုင်ပါတယ်။

မိမိဖုန်း Setting မှ USB Debugging ကို Enable ပေးထားရပါမယ်.. ဒီအဆင့်ကို များသောအားဖြင့် Root ဖေါက်ထားတဲ့ ဖုန်းတိုင်း ON ထားတတ်ကြပါတယ်။  ဒါကြောင့် Android  ဖုန်း
ကိုင်သူတိုင်း On လုပ်ထားကြစေချင်ပါတယ်... ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။
USB Debugging ကို အောက်ပါအတိုင်း ဖွင့်ထားနိုင်ပါတယ်..။ 

 Android Version 2.3.x  တွေမှာဆိုရင် Setting > Application > Development ကတဆင့် USB debugging ကို Check လုပ်ပြီး On ထားနိုင်ပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင်တော့ Setting > Developer options ကတဆင့် USB debugging ကို On ထားနိုင်ပါတယ်...  အကြောင်းအမျိုးမျိုးကြောင့် Firmware ကျသွားတာမျိုး ဒါမှမဟုတ် ခုလို Pattern Lock / Pin / Password Lock တစ်ခုခုကျသွားတဲ့ပြဿနာမျိုးကို ပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်သွားစရာမလိုပဲ ကိုယ်တိုင်ဖြေရှင်းလို့ရနိုင်မှာပါ..။
အရင်ဆုံး မိမိ ကွန်ပျူတာမှာ Driver ရှိရပါမယ်...  လိုအပ်တဲ့ USB Driver တွေကို  ဒီနေရာ ကတဆင့် သက်ဆိုင်ရာ Driver ကို ဒေါင်းယူပြီး Install လုပ်ပါ.. ။
 
ပြီးရင် ဒီ Shuame ဆိုတဲ့ Root Tool ကို ဒေါင်းယူပြီး Install လုပ်ပါ..
 (ဒီ Tool လေးက Root ဖေါက်နိုင်တဲ့အပြင် တခြား အသုံးဝင်တဲ့ Feature တွေလည်းအများကြီး လုပ်ဆောင်နိုင်ပါသေးတယ်.. Android Devices ကိုင်ဆောင်ထားတဲ့ သူတိုင်း ဆောင်ထားသင့်တဲ့ Root Tool လေးပါ) 


လိုအပ်တဲ့ Driver လည်း Install ပြီးပြီ ဆိုရင် Shuame Root Tool ကို Run လိုက်ပါ... Pattern Lock,Password မေ့နေတဲ့ ဖုန်းကို USB Cable ကတဆင့် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ... ကျန်တာတွေကိုတော့  အောက်က ပုံလေးတွေထဲအတိုင်း နံပါတ် အစဉ်လိုက် နှိပ်ပေးလိုက်ပါ..။

 

 
 
 
 
 
 
အားလုံးပြီးရင် Pattern Lock , Password မေ့နေတဲ့ ဖုန်းကိုကြိုက်သလိုဆွဲလိုက်ပါ... ပြန်ပွင့်သွားပါလိမ့်မယ်..။

 အပေါ်ကနည်းအတိုင်းပဲ PIN Password ကိုလဲဖြုတ်ပစ်နိုင်ပါတယ်...။
 
 
USB Debugging ကို ON မထား Root လည်းဖေါက်မထားတဲ့ Android Device တွေအတွက်

 
 
 
ဒါကတော့ USB Debugging ကို ON မထားမိဘူး Root လည်းဖေါက်မထားတဲ့ Android Device တွေအတွက်ပါ....  အောက်က Tool လေးနဲ့ ဖြေရှင်းနိုင်ပါတယ်..။ မြန်မာ Developer ကို Psychist Naing Lynn ရေးထားတဲ့ Tool လေးပါ..။

USB Debugging On ထားစရာမလိုဘဲ ဖုန်းမှ Pattern Lock များကိုဖြုတ်နိုင်တဲ့ Tool လေးပါ... ဒီ Tool လေးကိုရေးသား ဖန်တီးသူကတော့ ကို Psychist Naing Lynn ဖြစ်ပါတယ်။ Samsung Ace,Huawei y511, g520 g525 auxv920 နဲ့ Huawei တော်တော်များများမှာစမ်းသပ်အောင်မြင်ထားတယ်လို့ဆိုပါတယ်။ ကျန်တဲ့ဖုန်းတော်တော်များများမှာလည်းအဆင်ပြေပါလိမ့်မယ်။
File Password က nainglynn ပါ။

အသုံးပြုနည်းကတော့ ဖုန်းကို Recovery Mode  ကို ဝင်ပါ....  USB Cabel  မှ တဆင့် ကွန်ပျူတာနှင့်ချိတ်ပါ ...ပြီးရင် ဇစ်ဖိုင်ထဲက  AndroidSystemTool .bat ကို Run ပါ။ Reboot ကျပြီးပြန်တက်လာရင် Pattern Lock ပျက်သွားပါလိမ့်မယ်။

ကွန်ပျူတာ, ဖုန်း တွေ မတူနိုင်တဲ့အတွက်
တချို့ဖုန်းတွေမှာတော့ အဆင်ပြေချင်မှပြေပါလိမ့်မယ်
 



 
 
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...