ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Friday, April 24, 2015

HUAWEI ဖုန်း Firmware တင်နည်း

 
Huawei phone တွေကို firmware ပြန်တင်မယ့်ဘော်ဒါတွေအတွက်တင်ပေးလိုက်တာပါ။
huawei  android phone
တွေအကုန်လုံးနီးပါး firmware တင်နည်းအတူတူပါဘဲ။
firmware တင်ဖို့အတွက်  SD card
ကောင်းကောင်းတစ်ခုလိုအပ်ပါတယ်။
SD card မကောင်းရင် firmware တင်လို့ မအောင်မြင်တတ်ပါဘူး။
huawei phone တွေ firmware တင်မယ့်ဘော်ဒါများ huawei offical ဆိုဒ်ကနေ
မိမိဖုန်းမော်ဒယ်နံပါတ်အလိုက် firmware များကိုဒေါင်းယူနိုင်ပါတယ်
 
 
ဒေါင်းလို့ရလာတဲ့ zip ဖိုင်ကို zip ဖြည်ပြီး အထဲက dload folder ကို sd card ထဲ copy ကူးထည့်ပါ။
ပြီးရင် Sd card ကို ဖုန်းထဲထည့်ပြီးဖုန်းရဲ့ vol-up + vol-down ပြိုင်တူဖိနှိပ်ပြီး power ကိုဖွင့်ပေးလိုက်ရင်
သူဟာသူအလိုအလျှောက် firmware တင်ပေးသွားမှာပါ။


Flashtool သုံးပြီးတင်နည်း



 
Huawei ဖုန်းတွေကို Firmware တင်နည်းနောက်တစ်နည်းပါ …ဒါကတော့ Firmware
ပျက်နေတဲ့ဖုန်းတွေမှာ SD card Slot ပျက်နေရင် firmware ပြန်တင်ရခက်ပါတယ် …
ဒါကြောင့် Flash Tool နဲ့တင်နည်းလေးတင်ပေးလိုက်ပါတယ်
မိမိ Firmware တင်မယ့်ဖုန်းရဲ့ Driver ကို ကွန်ပျူတာမှာ Install လုပ်ထားဖို့တော့လိုတယ်နော်
 
 
 
 
 
ပြီးရင်တော့ Zip ဖြည်ပြီးရင်တော့ ဖိုင်ထဲမှာပါတဲ့ NewMultiDownloadU လေးကို run ပေးပါ။
Password တောင်းလာခဲ့ရင် Huawei လို့သာပစ်ထည့်လိုက် ….H ကို စာလုံးကြီးနဲ့ရိုက်ထည့်ပါ
အပေါ်ဆုံးက Allow Upgrade …… ဆိုတာကြီးကို ဘာမှာလုပ်စရာမလိုပါဘူး။
လုပ်ရမှာက
Please Select File ဆိုတဲ့ အပိုင်းပဲ Firmware ဆိုတဲ့ဖိုင်နေရာမှာကိုယ်တင်ချင်တဲ့
UPDATE.APP ကိုထည့်ပေး … အောက်ကတစ်ကြောင်းမှာ ဒေါင်းလုပ်ဆွဲတုန်းကပါလာတဲ့
စာသုံးဖိုင်ထဲက WH62406270ML01Ver1003(SmartPhone) ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ
 ပြီးတာနဲ့ NEXT ရွေးပေးလိုက်ပါ …
ဖုန်းကို Downloading mode (Vol + & Vol – & Power) တွဲနှိပ်ပြီး PC နဲ့ချိတ်ပါ …
PC မှာသိပြီဆိုရင် Scan & Download ကိုနှိပ်ပေးလိုက်ပေတော့ … 




အားလုံးပြီးလို့ Phone မှာ Ok လို့ပြရင် Battery ဖြုတ်လိုက်ပါ။
 ပြန်ပွင့်လာရင် အဆင်ပြေပါပြီ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...