ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Sunday, April 26, 2015

Flash tool ကိုအသုံးပြု၍ Firmware တင်နည်း (Lenovo A369i)

lenovo A369i ကို offical rom ပြန်တင်နည်း
 
 
 lenovo A369i  ကိုစမ်းသပ်ရင်းအကြောင်းအမျိုးမျိုးကြောင့်
firmware ကျသွားလို့ အကူအညီလာတောင်းကြတဲ့ ညီအကိုတွေအတွက်
post လေးတင်ပေးလိုက်ပါတယ်။
 
ပထမဆုံးအနေနဲ့ လိုအပ်တာတွေကို အောက်မှာဒေါင်းလိုက်ပါ။
 
 
 
Zip ဖိုင်လေးပဲဖြစ်ပါတယ်။ Zip ဖြည်လိုက်ရင်တော့ အထဲမှာ Driver , Firmware , Flash tool ဆိုပြီးတော့
Folder သုံးခုတွေ့ပါလိမ့်မယ်။ Driver ကို မိမိကွန်ပျူတာမှာ Install လုပ်ထားလိုက်ပါ။
 
ပြီးရင် Flash tool Folder ကိုဖွင့်လိုက်ပါ။
အထဲမှာ Flash_tool လို့ရေးထားတဲ့ အပြာရောင် Logo လေးကို ကလစ်နှစ်ချက်ခေါက်လိုက်ပါ။
ဇယားကွက်ပုံစံ flash toot တက်လာပြီဆိုရင်ဒုတိယစာတန်း Seatter-Loading နေရာမှာနှိပ်ပြီး စောစောက ဒေါင်းထားတဲ့Firmware Folder ကိုဖွင့်လိုက်ပြီး အထဲက MT65xx........ စာတန်းကိုရွေးပေးလိုက်ပါ။
 firmware တင်မယ့်ဖုန်းကိုပိတ်ပြီး ဘတ်ထရီဖြုတ်လိုက်ပါ။
ပြီးရင် USB ကြိုးထိုးပြီးချိတ်ဆက်ပေးလိုက်ပါ။
ပြီးရင်ဘက်ထရီပြန်ထည့်ပြီး ဒီအတိုင်းပဲထားလိုက်ပါ။ ပါဝါဖွင့်ပေးဖို့မလိုပါဘူး။
ကွန်ပျူတာကဖုန်းကိုသိပြီဆိုရင် အပေါ်ကမြှားအကောက်ပုံစံလေးနဲ့ downloand ကိုနှိပ်ပေးလိုက်ပါ။
ရာခိုင်နှုန်းတက်လာလိမ့်ပါမယ်။
အောက်ကပုံတွေကိုကြည့်ပါ။
 
 
 
 
 
 
 
 
 
ဒီပုံမျိုးအစိမ်းရောင်အ၀ိုင်းလေးပေါ်လာရင် Firmware တင်ခြင်းအောင်မြင်ပါပြီ။
 USB ကြိုးကိုဖြုတ်ပြီး ဖုန်းဘက်ထရီကိုပါဖြုတ်ထားလိုက်ပါ။
 ပြီးရင်ခဏထားပြီး (သုံးမိနစ်ခန့်) ဘက်ထရီပြန်တပ်ပြီးပါဝါကိုဖွင့်ပေးလိုက်ပါ။
 firmware တင်ပြီးကာစမှာ boot တက်တာနည်းနည်းကြာပါတယ်။
 
 
အားလုံးအဆင်ပြေကြပါစေ။
 
ကိုမိုးစက်
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...