ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Friday, January 16, 2015

Zawgyi နဲ့ Unicode နှစ်မျိုးစလုံးကိုမြင်နိုင်တဲ့ ပြည်ထောင်စုဖောင့်

မင်္ဂလာပါ
ဒီနေ့ဘော်ဒါတစ်ယောက်မေးထားတဲ့ ပြဿနာလေးပါ
သူ့ကွန်ပျူတာမှာ Zawgyi ကိုအမြဲတမ်းအသုံးပြု ခဲ့တာဖြစ်ပြီး
အခုနောက်ပိုင်း Unicode ပါ အသုံးပြုချင်လာတာရယ်
ပြီးတော့ အချို့သော နည်းပညာဆိုက်တွေနဲ့ သတင်းဆိုက်တွေမှာပါ
Unicode ကိုပဲအသုံးပြုလာကြတော့ Zawgyi ဖောင့်ကို
ထည့်ပြီးအသုံးပြုနေတဲ့သူအတွက် Unicode နဲ့ အသုံးပြု ထားတဲ့
ဆိုက်တွေကို ကောင်းကောင်းမဖတ်နိုင်တော့ပါဘူးတဲ့...
ဟုတ်ပါတယ် အခုကျနော်ရေးနေတဲ့ဖောင့်နဲ့ကီးဘုတ်က 
Zawgyi ဖောင့်နဲ့ကီးဘုတ်ပါ...
Unicode နဲ့ရေးထားအသုံးပြုထားကြတဲ့ ညီအစ်ကို
များရဲ့ဆိုက်များမှ စာများကို အဆင်ပြေစွာမဖတ်နိုင်ပါ
အခုကျနော် တင်ပေးလိုက်တဲ့ ပြည်ထောင်စုဖောင့်ကိုသာ
မိမိကွန်ပျူတာမှာ အင်စတောလုပ်လိုက်ပါ
ကီးဘုတ်ကပြောင်းသုံးစရာမလိုပါ ဖောင့်နေရာမှာလည်း
Unicode ဆိုပြီးအထူးသွားပြောင်းစရာမလိုပါ
ဒီဖောင့်ကိုသာ အင်စတောလုပ်ပြီးတာနဲ့ အင်တာနက်တစ်ခွင်က နည်းပညာဆိုက်နဲ့ သတင်းဆိုက်များရဲ့ Zawgyi နဲ့အသုံးပြု ထားတဲ့
ဆိုက်တွေနဲ့ Unicode နဲ့ အသုံးပြု ထားတဲ့ ဆိုက်တွေကိုပါ
အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်...
အသုံးပြု လိုတဲ့ဘော်ဒါတွေကတော့ အောက်ကလင့်မှာ
ဒေါင်းယူအသုံးပြု နိုင်ပါပြီ။



 ပြည်ထောင်စုဖောင့် 


ကိုမိုးစက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...