ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Friday, January 9, 2015

Android နှင့်ပတ်သက်၍အနည်းဆုံးသိသင့်သမျှ


Android ကိုစတင်လေ့လာဖို့ကြိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့
Boot loader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,
ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူး
အဆန်းတွေချည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန်သွားတတ်သလိုဖုန်းတစ်လုံး စီနဲ့
သူတို့ရဲ့သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်
အနှစ်သာရမဲ့နေတတ်ပါတယ်။ တကယ်လေ့လာလိုသူတွေအနေနဲ့လဲ တစ်ခုချင်းစီရဲ့အဓိပ္ပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထားရပါမယ်။
ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်။
တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က
မည်သူမဆိုဒေါင်းယူနိုင်ပြီး ကြိုက်သလို ဖျက်နိုင် ပြင်နိုင်ပါတယ်။
စိတ်ကြိုက်ပြောင်းနိုင်ပြီး
မိမိနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ System
တစ်ခုဖြစ်သွားတဲ့အထိပြုပြင်ယူလို့ရပါတယ်။

Boot loader ဆိုတာဘာလဲ

Boot loader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်။
Boot loader ထဲမှာ OS kernel ကို
စတင်အလုပ်လုပ်အောင်ခေါ်မယ့် ညွှန်ကြားချက်တွေ ပါပါတယ်။
Boot loader က Internal
Memory ထဲမှာရှိတဲ့ Partition တွေအားလုံ့း ရဲ့ပထမဆုံး Partition မှာ
တည်ရှိမှာဖြစ်ပြီး အခြား Partitions တွေအားလုံးကိုသွားမယ့် Check Point
ပါပဲ။

Boot loader ဘယ်လိုအလုပ်လုပ်တာလဲ

Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပြီးအလုပ်လုပ်ပါတယ်။
ပြီးရင် Boot loader လို့ခေါ်တဲ့ Boot Strap Firmware ကိုနှိုးမယ်။ Boot
Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်။ Boot loader
အလုပ်စပြီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ်။ အရင်ဆုံး BSS segment ကို
0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်။ပြီးရင် main.c ဖိုင်ကို စခေါ်မယ်။ main.c
ဖိုင် စအလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,
keypad, console တို့ကိုစတင်စေမယ်။ ပြီးရင် Linux Tags ကိုဖန်တီးပြီး Linux
Kernel image ကို Memory ကနေ ၀င်တင်မယ်။

Boot loader ရွေးချယ်မှု

Boot loader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့အဦးဆုံး
စတင်တဲ့ အတွက်မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့
အလွန်အရေးကြီးလှပါတယ်။ Android OS က Open Source ဖြစ်တဲ့ အတွက်
ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့
ကိုက်ညီတဲ့ Boot loader version ကို Develop လုပ်ထားကြပါတယ်။ Android
ဖုန်းတွေမှာပါဝင်တဲ့ Boot loader တွေကို အမြဲတမ်း Locked ချထားပါတယ်။
ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို
သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ။ Boot loader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး။ ဒါကြောင့် Custom
ROM Install လုပ်လိုရင် Boot loader ကို အရင် Unlock လုပ်ရပါတယ်။

Kernel ဆိုတာဘာလဲ

Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ
IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်။ High Level
Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်။ အခုပြောမှာက
Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပြီးပြောသွားပါမယ်။
Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်။ ဒါပေမယ့် Linux
Operation System ကသုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး။ Android
Kernel မှာ Android အတွက်သီးသန့် Build-in code တွေပါနေပါတယ်။
ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်းအဟောင်းတွေမှာ ထည့်သွင်းပြီး အားလုံးအဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်။ Ginger bread kernel အတွက်
သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ
မဟုတ်ပါဘူး။ ဒီကိစ္စကလဲ အရေးကြီးပါတယ်။ Kernel ရဲ့အဓိကအလုပ်က Hardware
ကိုထိန်းချုပ်ဖို့တာဝန်ကိုယူထားလို့ပါ။ kernel ကိုရေးတဲ့ကုဒ်တွေကလဲ
တကယ့်ကိုများလှပါတယ်။Kernel ရဲ့အဓိက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွှန်ကြားချက်တွေကို နားလည်အောင်လုပ်ကိုင်ပေးဖို့ပါပဲ။

Software တစ်ခုက ဘယ်လိုအလုပ်မျိုးကိုမဆို Hardware ကိုလုပ်စေချင်တဲ့
အခါကျရင် Hardware ကိုတိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို
ညွှန်ကြားချက် အရင်လှမ်းပို့ပါတယ်။ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက
လုပ်နိုင်တဲ့အလုပ်အားလုံးကိုရည်ညွှန်းပါတယ်။ ဖုန်း Screen
အလင်းရောင်ချိန်တာတို့
အသံ အနိမ့်အမြင့်ချိန်တာတို့
Radio ကိုချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုတာတို့
ဖုန်းမျက်နှာပြင်မှာပုံဆွဲတာတို့
စသဖြင့် အလုပ်မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်။ အဲဒီအခါမှာ
Kernel ကတဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွှန်ကြားပါတယ်။
ဥပမာ ကျွန်တော်တို့ ဖုန်းမျက်နှာပြင်ပေါ်မှာ  ကင်မရာ (Camera) ရိုက်တဲ့ခလုပ်
မှာ ကလစ်တစ်ချက်နှိပ်ပြီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့
ခလုပ်ကိုနှိပ်လိုက်တာနဲ့ software က Event တစ်ခုကိုနားထောင်လို့ရမယ်
ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ် kernel
ကလဲရလာတဲ့အချက်နဲ့ပက်သက်တဲ့ command ကို Camera hardware
ကိုလှမ်းပို့မယ်။ Camera Hardware က ဓါတ်ပုံကိုရိုက်ပေးမယ်။ ဒီလို တစ်ခုက
Software က Input လုပ်လိုက်တာကို Kernel ကယူပြီး Output တစ်ခုအဖြစ်
Hardware ကိုပြန်ပေးပါတယ်။

အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပြီး Hardware ကို
ခိုင်းစေရမှာဖြစ်ပါတယ်။ Kernel ကကြားခံ ပေးထားတဲ့အတွက် Application
Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို
Request တွေအလွယ်တကူပို့နိုင်ပြီး Kernel နဲ့ ချိတ်ဆက်အလုပ်လုပ်ဖို့သာ
Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop
လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop
လုပ်ပေးစရာလိုပါတယ်။

CWM ဆိုတာဘာလဲ

CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်။ CWM ကို Android သုံး ဖုန်း
နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်။ ဒီလို CWM သုံးပြီး recover
လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်။ CWM recovery လုပ်ခြင်းအားဖြင့်
Stock Recovery နဲ့မလုပ်နိုင်တဲ့
Data ပြန်လည်သိုလှောင်ခြင်း
root access ရယူခြင်း
အသုံးပြုတဲ့ဖုန်းထဲက data တွေကို Backup လုပ်ခြင်း
Custom ROM ထည့်သွင်းအသုံးပြုခြင်း
Kernel တပ်ဆင်ခြင်း စသဖြင့်
အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်။ Android အခြေခံအဆင့်ကို
နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပြီး Recovery လုပ်ရင် အခက်အခဲ
တွေ့နိုင်သလို CWM recovery ရဲ့အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါလိမ့်မယ်။
Android Devices တွေအားလုံး recovery console ကို ဖုန်းအတွင်းပိုင်း
memory ထဲထည့်ပြီး ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချပါတယ်။
recover console ကနေ
Boot တက်နိုင်ပါတယ်။ အကယ်၍ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာပြီဆိုရင်
ကျွန်တော်တို့ Factory Reset သုံးပြီး Recover လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်
zip ဖိုင်နဲ့လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်။ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ
Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်။ Custom Recovery ကတော့ Stock Recovery
လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့အပြင် ကိုယ်
ပိုင် Android ကို စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် အဆင့်မြင့်တဲ့
Options တွေ ပါလာပါတယ်။Custom Recovery ကိုသုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်။ အခြားသော Application Update
လုပ်ခြင်း
Themes ပြောင်းခြင်း
Kernel ပြောင်းလဲခြင်း
Zip ဖိုင်အသုံးပြုခြင်း
User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကိုဖြတ်နိုင်ခြင်း
SD cards Partition ခွဲခြင်း
Dalvik Cache များဖြတ်ပစ်ခြင်း
Permission များပြောင်းလဲခြင်း
restore နဲ့ Backup မှာ
စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြားသော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်။

ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်။ Android
ROM Manager ကို Develop လုပ်တဲ့သူပါပဲ။ သူ့ရဲ့Hacking away at Android
devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်။

Firmware နဲ့ ပက်သက်သမျှ

Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software
program ကိုဆိုလိုပါတယ်၊ Windows computer တွေမှာသုံးတဲ့ windows install
လုပ်သလိုပါပဲ။ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့
Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android
Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ။ ဖုန်းတိုင်းမှာ မတူညီတဲ့
Firmware နဲ့ installation Tool တွေရှိပါတယ်။ဒါ့ကြောင့် ကြိုက်တဲ့
ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး။
တစ်ခုတော့ရှိပါတယ်။ ROM ဆိုတာက မူရင်း အဓိပ္ပါယ် Read-Only-Memory
ကိုဆိုလိုပါတယ်။ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့
သဘောပေါ့။ ဒါဆိုရင် ဘယ်လိုလုပ်ပြီး ROM ထဲက Firmware ကို Update
လုပ်နိုင်မှာလဲလို့တွေးစရာပါ။ သဘောတရားအရ တော့ ROM ထဲမှာ Firmware
ရှိတယ်ပေါ့။ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့အပြင်မှာ
Firmware ကိုထည့်ရေးကုန်ကြပါတယ်။ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊
အကြောင်းကတော့ သီအိုရီသဘောမှာ Firmware က ROM ထဲမှာရှိတယ်။ ROM ဆိုတာ Read
Only Memory ရှေ့ကထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM
ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ဖုန်းတွေမှာတော့
Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flash
memory ထဲမှာထည့်ထားပါတယ်။ internal flash memory က Read Only မဟုတ်ဘူး။
ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့။

Flashing ဆိုတာဘာလဲ

Flashing လုပ်တယ်ဆိုတာက Electronic Device ဖြစ်တဲ့ Phone ထဲကို firmware
ထည့်သွင်းတာကိုဆိုလိုပါတယ်။ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data
တွေကို ပြန်ရေးခြင်းပါပဲ။ Android ဖုန်းမှာ Custom ROMs ကို Stock ROMs
အစား Flashing လုပ်ြပီးတော့ ဖုန်းထုတ်တဲ့ ကုမ္ပဏီကထည့်သွင်းပေးလိုက်တဲ့
Functions တွေက္ပိပြောင်းလဲပြီး ပိုမိုကောင်းမွန်တဲ့ Unlimited
ဝန်ဆောင်မှုကိုရရှိနိုင်ပါတယ်။

Rooting ဆိုတာဘာလဲ

Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို
လိုသလိုထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root access
လုပ်ကြပါတယ်။ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access ရတယ်လို့ခေါ်ပါတယ်။
Root Access ရသွားရင် Android File System ကို
စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။ Android File System ထဲမှာအဓိကပါဝင်တဲ့
အလွှာ (Partitions) ၆ ခုကို လိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့
Process တွေအားလုံးကိုထိန်းချုပ်နိုင်သလို File System ထဲကတန်ဖိုးတွေနဲ့
ထိန်းချုပ်မှုတွေကိုလဲ လိုသလိုပြုပြင်နိုင်ပါပြီ။ ဒါတင်မကပါဘူး
ကျွန်တော်တို့စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper
Text Transfer Protocol) DHCP (Dynamic Host Configuration Protocol)
(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကိုလဲအသုံးပြုနိုင်ပါပြီ။
Android System ရဲ့လုပ်ဆောင်မှုတွေထဲက
ရပ်ချင်တဲ့လုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့အပြင် Arbitrary
commands တွေလဲအသုံးပြုနိုင်သွားပါတယ်။ အခြားအခြားသောအချက်တွေ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်။ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ရည်ရွယ်ချက်ပါ။
ဒါကိုပဲ Rooting လုပ်တယ်လို့ခေါ်ပါတယ်။

ထုတ်လုပ်သူတွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software
restrictions တွေပါလာပါတယ်။
ဒီလို Software Restrictions တွေပါလာရတဲ့
အကြောင်း အမျိုးမျိုးရှိပါတယ်။ တချို့ကုမ္ပဏီတွေကတော့ သူတို့ပစ္စည်းကို
အသုံးပြုတဲ့သူတွေကိုကာကွယ်ပေးဖို့ဆိုပြီး Restrictions ထည့်ပါတယ်။
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သတ်ချက်တွေပါဝင်နေခြင်းဟာ Android
ဖုန်း (သို့) Tablet ကို သုံးတဲ့သူလိုအပ်တဲ့
ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့အခါ (သို့) အဆင့်မြှင့်တဲ့ပြင်ဆင်မှုလုပ်တဲ့အခါမျိုးမှာ ကာဆီးနေတတ်ပါတယ်။ ဒီလိုအကာအဆီးကို ကျော်ဖြတ်ပြီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access ရဖို့ကြိုးစားကြပါတယ်။

Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေက
ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး software ကိုအကန့်အသတ်
မရှိအသုံးပြုခြင်းပါပဲ။ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို
ကန့်သတ်ထားတဲ့ Android ပစ္စည်းရဲ့အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလို
ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်။

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

Stock ROM နဲ့ Custom ROMဆိုပြီးနှစ်မျိုးရှိမယ်။
Stock ROM က
ဖုန်းဝယ်တုန်းကပါလာတဲ့ Phone Operation System
Stock ROM မှာ Software
Restriction တွေထည့်သွင်းထားတဲ့အတွက် စိတ်ကြိုက်အသုံးပြုခွင့်မရတဲ့
Operation System ဖြစ်နေပါတယ်။
Custom ROM ဆိုတာကတော့ OS Version
တစ်ခုပါပဲ။ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device
တစ်ခုလုံးကိုအလုပ်လုပ်စေတဲ့ Kernel ပါတယ်။ System Applications တွေပါမယ်။
Services တွေပါမယ်။ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM
ဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ။ ဒီတော့ Custom
ဆိုတဲ့စကားလုံးကဘာကိုရည်ညွှန်းလဲ
Android က Open Source ဖြစ်တဲ့အတွက်
Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်။ ပြီးရင်စိတ်ကြိုက်
ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာဖျက်ထုတ်နိုင်တယ်
ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ် အရည်အချင်းရှိရင်ရှိသလောက် စိတ်ကြိုက်
ပြုပြင်ပြောင်းလဲပြီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်။
ဒီလိုစိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ။

ADB ဆိုတာဘာလဲ

ADB ရဲ့မူရင်းစာလုံးကတော့ Android Debug Bridge ပါ။ သူ့နာမည်အတိုင်းပါပဲ
သူကဖုန်းကိုပြုပြင်ဖို့အတွက် ကွန်ပျူတာနဲ့ ဖုန်းကြားချိတ်ဆက်နိုင်တဲ့တံတားတစ်စင်းပါ။
Android Phone က Linux Kernel ကို အခြေခံထားပါတယ်။ ဒီတော့
computer adb server ကိုအသုံးပြုပြီး ကွန်ပျူတာကနေ ဖုန်းရဲ့ adb Client
ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်။ ဒီလိုလုပ်ပြီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်။ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့အခါမျိုးမှာ
ဒီနည်းကတော့ အမှားရှာပြီးပြင်ဆင်ဖို့ တကယ့်ကိုအသုံးဝင်တဲ့နည်းပါ။
ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့
ဖုန်းကို Linux Commands တွေပို့ပြီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB
ရဲ့အသုံးဝင်မှုကိုခံစားဖူးမှာမဟုတ်သေးပါဘူး။

Baseband ဆိုတာဘာလဲ

Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Radio ကိုဆိုလိုပါတယ်။ ဖုန်း
Version နဲ့ ထုတ်လုပ်တဲ့ကုမ္ပဏီလိုက် Radio Version တွေလဲကွာပါတယ်။
Radio File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN
တို့ကလဲ Flash လုပ်နိုင်ပါတယ်။ Radio (သို့) Modem နဲ့ ROM Version တို့
ကိုက်ညီမှုမရှိရင်တော့ MMS, 3G data, VM နဲ့ Network ပြဿနာတက်နိုင်ပါတယ်။
ဒါကြောင့်အသုံးပြုနေတဲ့ ROM နဲ့ကိုက်ညီတဲ့ Radio (သို့)
Modem ကိုရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့
bandwidth တို့ကိုလဲရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်။
 

Radio Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions
တွေကိုသုံးပြီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်။ အကယ်၍
ဆက်သွယ်ရေး နဲ့ ပတ်သက်တဲ့ပြဿနာမျိုး Android Device မှာ
တွေ့ကြုံနေရပြီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပြီ။
Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှုတွေကို
ပိုမိုကောင်းမွန်လာစေမှာဖြစ်သလို Bettery အသုံးပြုမှုကိုလဲလျှော့ချပေးနိုင်ပါတယ်။

ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်။ ဒီ Chipsets
တွေကိုထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့
ကုမ္ပဏီတွေက Develop လုပ်ကြပါတယ်။


 

 
ကျေးဇူးပြု၍

ဒီပို့စ်ကို BrighterMyanmar အဖွဲ့မှ ရေးတာဖြစ်ပြီး အကယ်၍ ပို့စ်မှာအမှား
ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို
အကြောင်းကြားပေးပါခင်ဗျာ။
ကျွန်တော်တို့သေချာပြန်စိစစ်ပီးပြင်ပေးပါ့မယ်။

Credit to  BrighterMyanmar


ကိုမိုးစက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...