ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Monday, January 19, 2015

Android ကို Root လုပ်လို့ရလာမယ့်အကျိုးကျေးဇူးများ

1. Total control over system
Root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့ သင့်ကိုပေးနိုင်ပါတယ်။ Root လုပ်ထားတဲ့ဖုန်းကိုဝင်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ - Android phone / tablet ကို root လုပ်ပြီး system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။ တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့ မလိုအပ်တဲ့ applications က ကျွန်တော်တို့ရဲ့ phone memory ကိုနေရာယူပါတယ်။ ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင်မကြိုက်မနှစ်သက်တဲ့ applications တွေကိုပြန်ပြီးဖြုတ်ပစ်နိုင်ပါတယ်။

3. Change Themes
ကျွန်တော်တို့ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။ နေ့စဉ်ကြည့်နေရပြီး စတိုင်အနေအထားတွေက ရိုးအီနေပါပြီ။ ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေကပြဿနာအနည်းငယ် ရှိပါတယ်။ ဒါပေမယ့် root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့ ဖုန်းစတိုင်ကိုပြောင်းလို့ရပါတယ်။

4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာသိမ်းထားလို့ရပါတယ်။ အလွယ်ပြောရင် သင်ရဲ့ image ကို hard disk မှာ သိမ်းတာပါ။ အထူးသဖြင့် new ROM ကိုအစမ်း သုံးကြည့်ဖို့အတွက် system အားလုံးကို backup လုပ်ထားပြီး SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကို အစမ်း သုံးကြည့်လိုက်ပါ။ ကြိုက် နှစ်သက်လား ၊ မကြိုက်နှစ်သက်တော့ဘူးဆိုရင် Old System ကိုပြန်ပြီး အသုံးပြုလို့ရပါတယ်။ သင့် SD Card ထဲမှာ backup လုပ်ပြီးသိမ်းထားတဲ့ image ရှိလို့ပါ။ သင့်ရဲ့ မူရင်း old system ကိုပြန်ပြီး အသုံးပြုလို့ရပါတယ်။

5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications တွေကို install ပြုလုပ်နိုင်ပါတယ်။ ဥပမာ - full version အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ။ အရမ်းလွယ်ကူပြီး free ရတဲ့ applications တွေကိုရှာနိုင်ပါတယ်။

6. Install New ROM, Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့ အားရတဲ့အခါ (သို့) အခြား New Rom အသစ် သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကိုချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့ ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အခုဆိုရင် Android developers တွေ အများအပြား ရှိပါတယ်။

Original Author
Source Internet (Knowledge Box)


ကိုမိုးစက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...