ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Monday, January 19, 2015

Phone Charger အသွင်ပြုလုပ်ထားသည့် Wireless Keyboard Keylogger

Wireless keyboard ဖြင့် ရိုက်နှိပ်သမျှကို ကြားဖြတ်ရယူနိုင်သည့် hardware keylogger ဖြစ်သည်။ USB wall charger အသွင် ပြုလုပ်ထားပြီး Arduino micro-controller ပေါ်တွင် အခြေခံ ပြုလုပ်ထားသည်။ ၎င်းကို KeySweeper ဟုခေါ်တွင်ပြီး အချက်အလက်များကို တိုက်ခိုက်သူများထံ ပေးပို့နိုင်သည်။ ၎င်း keylogger ကို ဖန်တီးသူကမူ KeySweeper သည် Microsoft ၏ မည်သည့် wireless keyboard ကိုမဆို hack လုပ်နိုင်သည်ဟု ဆိုထားသည်။

KeySweeper တွင် micro-controller နှင့်အတူ အချက်အလက်များကို ရယူရန်အတွက် NRF24L01 2.4GHz radio frequency chip ကို အသုံးပြုထားသည်။ ထို့အပြင် keyboard ပေါ်ရှိ ခလုတ်တစ်ခုချင်းစီကို ရိုက်နှိပ်မှုများကို မှတ်သားရန် SPI serial flash chip တစ်ခုနှင့် အချက်အလက် ပေးပို့ရန်အတွက် 2G SIM card တစ်ခုထည့်သွင်းနိုင်မည့် Adafruit FONA board တို့ကို အသုံးပြုထားသည်။ အဆိုပါ KeySweeper သည် အချက်အလက်အားလုံးကို သိုလှောင်ကာ ထည့်သွင်းထားသည့် GSM chip မှတစ်ဆင့် အချက်အလက်များကို ပေးပို့သည်။

၎င်းသည် Microsoft wireless keyboard အားလုံးမှ အချက်အလက်များ ရယူနိုင်သည်ဟု ဆိုထားသော် လည်း Microsoft ကမူ ၂၀၁၁ ခုနှစ် ဇူလိုင်လ မတိုင်ခင်က ထုတ်လုပ်ထားသည့် 2.4GHz keyboard များတွင်သာ သက်ရောက်မှုရှိနိုင်သည်ဟု ပြောကြားထားသည်။ KeySweeper ၏ တန်ဖိုးမှာ လိုအပ်သည့် အမျိုးအစားအပေါ်မူတည်၍ ၁၀ ဒေါ်လာမှ ၈၀ ဒေါ်လာအထိ ရှိနိုင်မည်ဟု သိရသည်။

Ref: TechCrunch


ကိုမိုးစက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...