ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Thursday, July 10, 2014

Font Changers

မြန်မာစာမပါတဲ့ဖုန်းတွေကို Root ဖောက်ပြီး မြန်မာစာထည့်ဖို့အတွက် ကျနော်စုစည်းထားတဲ့
Font Changer တွေကို တင်ပေးလိုက်ပါတယ်။

ဒါကတော့ Zawgyi Font Changer ပါ။ Android Version 2.2 နဲ့အထက်မှာအသုံးပြုနိုင်ပါတယ်။
Version 4.0 အထက်အမြင့်ဖုန်းတွေမှာ Boot Error ပြဿနာလေးတွေတော့တက်တတ်ပါတယ်။
ကျနော်ဖြစ်ဖူးတာ HUAWEI မှာပါ။
Zawgyi FontChanger.apk
 
ဒါလေးကလဲ ဖုန်းတော်တော်များများနဲ့အဆင်ပြေတဲ့ Font Changer လေးပါပဲ။
 
 
ဒီကောင်လေးကတော့ Bagan Keyboard ကိုပါ တပါတည်းထည့်သွင်းထားပေးပါတယ်။
ဒီ Font Changer လေးတွေကို Myanmar Mobile App က ကိုသက်နိုင်စိုး ဖန်တီးထားတာပါ။
ဒီနေရာကနေ     သွားရောက်လေ့လာနိုင်ပါတယ်။
 
ဒါလေးကတော့ sony ဖုန်းတွေအတွက်ပါ။
 
ဒါလေးကတော့ သုံးဖူးတဲ့ Changer တွေထဲမှာ Error တော်တော်လေးကင်းတဲ့ Apk လေးပါ။
သူနဲ့မြန်မာ font ထည့်မယ်ဆိုရင်တော့ Busy Box Installer လေးတစ်ခုတော့
လိုအပ်ပါတယ်။ အောက်မှာ တင်ပေးထားပါတယ်။
 
 
ဒီကောင်လေးကတော့ ကျနော်သုံးဖူးသမျှထဲမှာ အကောင်းဆုံးနဲ့ Error အကင်းဆုံးလို့
ညွှန်းချင်ပါတယ်။ Android Ver 4.3 အထိ မြန်မာစာသွင်းနိုင်ပါတယ်။
(sony , Acer , i mobile ဖုန်းတွေမှာ မြန်မာစာရှေ့နောက်အလွဲဖြစ်နေတာတွေအတွက်ဆိုရင်
Fepfz နဲ့မှန်အောင်ချိန်းနိုင်ပါတယ်။ အခြား Changer နဲ့ သွင်းထားတဲ့မြန်မာစာတွေကို
Fepfz နဲ့ချိန်းတဲ့အခါမှာ Fifmware ကြွသွားတာကြုံဖူးပါတယ်။ sony xperia M dual ဖုန်းမှာပါ။)
 
ဒီကောင်လေးကတော့ မြန်မာစာအမှားဖြစ်တဲ့ဖုန်းတွေ
ဥပမာ။   ။ အမေ လို့ရေးရင် အေမ လို့ဖြစ်တတ်တဲ့ဖုန်းတွေအတွက် မြန်မာစာအမှန်မြင်အောင်
ချိန်းပေးတဲ့ကောင်လေးပါ။ ဖုန်းအားလုံးနီးပါးနဲ့ အဆင်ပြေပါတယ်။
 
ဒါလေးကတော့ Busy Box Pro Apk လေးပါ။
Root ဖောက်ထားတဲ့ဖုန်းတွေမှာ လုပ်ဆောင်ချက်တွေအများကြီးထပ်လုပ်ချင်တဲ့အခါ
ဒီကောင်လေးကအများကြီးကူညီနိုင်ပါတယ်။
 
 
သူငယ်ချင်းများ အဆင်ပြေကြပါစေ။
 
 
ကိုမိုးစက်
 


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...