ဒီတစ်ခါတော့ Android ဖုန်းအသုံးပြုတဲ့သူငယ်ချင်းများအတွက်
အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးတွေ တင်ပေးလိုက်ပါတယ်။
မိမိသိချင်တဲ့စကားလုံးတွေ ၊ မေ့နေတဲ့စကားလုံးတွေကို ဖုန်းထဲမှာတင်လွယ်ကူစွာရှာနိုင်ဖို့အတွက်
အထောက်အကူပေးပါလိမ့်မယ်။
ဒါလေးကတော့ com.Xelioba.dictionary ဖြစ်ပါတယ်။
အင်္ဂလိပ်အသံထွက်ကိုပါ နားထောင်နိုင်ပါတယ်။
ဒါကတော့ shwebook dictionary ဖြစ်ပါတယ်။
သူလည်းပဲ အင်္ဂလိပ်အသံထွက်ကိုနားထောင်နိုင်ပါတယ်။
အသံဖိုင်ကိုတော့ သီးသန့်ဒေါင်းလုတ်ဆွဲပေးရပါတယ်။
အဲဒီဆော့ဖ်ဝဲလ်ကိုဖွင့်ပြီးစာလုံးတစ်ခုခုကိုရှာလိုက်ပါ။ အဓိပ္ပါယ်ဖွင့်ဆိုချက်ထွက်လာပြီဆိုရင်
ညာဘက်ဒေါင့်က လေးထောင့်အစက်ကလေးသုံးစက်အပေါ်အောက်တန်းနေတဲ့ပုံလေးကိုနှိပ်လိုက်ပါ။
Download Sound ဆိုတာလေးကိုနှိပ်လိုက်ရင် အဆင်ပြေပါပြီ။
ဒါလေးကတော့ Planet Dictionary ပဲဖြစ်ပါတယ်။
သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေဗျာ။
ကိုမိုးစက်
No comments:
Post a Comment