ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Sunday, June 22, 2014

စိတ်ချရပြီး ကြံ့ခိုင်တဲ့ Passwords တစ်ခုပေးဖို့အတွက် သိထားသင့်တဲ့အချက်ကလေးများ


 
ဒီရက်ပိုင်းအတွင်း ကျွန်တော့် မိတ်ဆွေတွေ
ထဲက account တွေ တစ်ခုပြီးတစ်ခု ကျနေတာတွေ Hacked လုပ်ခံရတာတွေ
များလာ တယ်ဗျ

ဒီတော့ EmailFacebookနဲ့ Twitter တွေရဲ့ Passwordsတွေဘယ်လို လုံခြုံစိတ်ချရစေဖို့ မိမိရဲ့ Accountကို တစ်ပါးသူ ဖောက်ထွင်း ခိုးယူခြင်း မခံရစေဖို့ သူများ အလွယ်တကူ မသိနိုင်တဲ့ စိတ်ချရတဲ့ Passwordsတစ်ခု ပေးဖို့တော့ လိုပါလိမ့်မယ်။

ဒီလိုမျိုး စိတ်ချရပြီး ကြံ့ခိုင်တဲ့ Passwordsတစ်ခု ပေးဖို့အတွက် သိထား သင့်တဲ့ အချက်လေးတွေကို
ကမ္ဘာကျော် Hacker Group တစ်ခုဖြစ်တဲ့
Anonymous group
ကထုတ်ပြန် ချက်ကို
Time
မဂ္ဂဇင်းက ဖော်ပြထားပါတယ်

၁။ Passwords
ကို ရှည်နိုင်သမျှ ရှည်အောင် ပေးပါ။
စိတ်ချရတဲ့ Passwords တစ်ခုဖြစ်ဖို့ အနည်းဆုံး စာလုံးရေ ၈လုံး ပါပါစေ။ ၁၄လုံး ပေးထားရင် ပိုကောင်းပြီး ၂၅လုံး ပေးထားရင်တော့ အကောင်းဆုံးပါပဲတဲ့။

၂။
စာလုံးများနှင့် ကိန်းဂဏန်းများကို ရောစပ်ပြီး သုံးပါ။
Passwords
တစ်ခု ဖန်တီးတဲ့နေရာမှာ စာသား (သို့မဟုတ်) ကိန်းဂဏန်း သီးသန့် မပေးသင့်ပါဘူး။ စာသားနဲ့ ကိန်းဂဏန်းနှစ်မျိုး ရောစပ်ပေးထားပြီး သင့် Passwordsကို ခိုးယူချင်တဲ့ သူရဲ့ ဦးနှောက်ကို နည်းနည်း အလုပ်ပေးလိုက်ပါ။ ဒါ့အပြင် စာလုံးတွေကိုလည်း အကြီးအသေး နှစ်မျိုးစလုံး သုံးပေးရင်ပိုကောင်းပါတယ်။ ဥပမာအနေနဲ့ ပြောရရင် “greenapple123”ဆိုတဲ့ Passwordsထက် “GreeN 123 ApplE 456”ဆိုတဲ့ Passwordsက ပိုမို စိတ်ချရမှာပါ။

၃။ Dictionary
ထဲမှာပါတဲ့ စာသားတွေ သီးသန့် မပေးပါနဲ့။
ဥပမာအနေနဲ့ ပြောရရင် သင့်ရဲ့ Passwordsကို “Imissmybrother”ဆိုတဲ့ စာလုံးမျိုး ပေးခဲ့ရင် Dictionaryထဲက စာလုံးတွေနဲ့ တိုက်စစ်ပေးမယ့် Programတွေ ရှိတာကြောင့် စိတ်မချရပါဘူး။ အဲဒါကြောင့် စာသားတွေကို ကိန်းဂဏန်းတွေနဲ့ တွဲဖက်စေတာပဲ ဖြစ်ပါတယ်။

၎။
တချို့စာလုံးတွေကို ကိန်းဂဏန်းနဲ့ ပြောင်းလဲသုံးစွဲပါ။
တချို့စာလုံးတွေကို ကိန်းဂဏန်းတွေနဲ့ အစားထိုးပြီး သုံးပေးပါ။ ဥပမာအနေနဲ့ ပြောရရင် Letter “O”အစား Zero “O”ကို သုံးလို့ ရသလို “S”အစား Dollar Sign “$”ကိုသုံးရင် ပိုပြီး စိတ်ချရတဲ့ Passwords ဖြစ်လာမှာပါ။

၅။
ခန့်မှန်းရ လွယ်ကူတဲ့ Passwordsမျိုး မဖြစ်ပါစေနဲ့။
တချို့စာလုံးတွေက Dictionaryထဲမှာ မပါဝင်ပေမယ့် ခန့်မှန်းရတာ သိပ်လွယ်ပါတယ်။ ဥပမာ သင့်ရဲ့ နာမည်၊ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီနာမည်၊ သင့်ရဲ့ ဇာတိမြို့၊ သင့်ရည်းစားရဲ့ နာမည်၊ သင့်ရဲ့ မွေးနေ့၊ ဖုန်းနံပါတ်တို့ကို Passwordsအဖြစ် ထားရင် တစ်ဖက်လူက ခန့်မှန်းရတာ သိပ်လွယ်ကူနေပါတယ်။ User Nameကို Passwordsအဖြစ် ပြန်ပေးတာမျိုးတွေ ရှိသလို အစဉ်လိုက် ကိန်းဂဏန်းတွေနဲ့ Keyboardပေါ်မှာ အစဉ်လိုက် ရိုက်လို့ရတဲ့ စာလုံးတွေ (ဥပမာ- 123456, Q WERTY)စတာတွေကို Passwordsအဖြစ် သတ်မှတ်ထားတာကလည်း မကောင်းတဲ့ အချက်ပါပဲ။
User Account
တစ်ခုမှာ အသုံးပြုပြီးသား Passwordsကို နောက်ထပ် Accountတစ်ခုမှာ အသုံးမပြုပါနဲ့။
လို့ ထုတ်ပြန်ထားပါတယ်

ဒါ့အပြင်
သင့် Facebook အကောင့် လုံခြုံရေးအတွက် အချက်မှာ Security Question ပေးသင့်ပါတယ်

Security Question
ပေးရန်
Link
မှာ https://www.facebook.com/settings?tab=securityဖြစ်ပါတယ်

သတိထားရမှာက အဲ့ဒီ Facebook Security Question မှာ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ
ခန့်မှန်းရခက်တဲ့ မေးခွန်းနဲ့ အဖြေကို ပေးပါ

Secure Browsing setting
ကို On ထားပါ

Recovery
အသုံးပြုသော Email ကို
ဖြည့်ထားပါ ထိုemail မှာ ပြန်လည် ပြုလုပ်ရန်
ဖြစ်သည်

Login Notifications
ကို လည်း On ပေးထားပါ။
မိမိ မသတ်မှတ်ထားသော Devices မှ မိမိအကောင့်ကိုဝင်ရန် ကြိုးစားမှုကို Email သို့ မဟုတ် Phone Text Message ပေးပို့ ပေးပါမည်။

ဥပမာ - သင့်အိမ်က ကွန်ပြူတာ Device မှာ သင့် Facebook အကောင့်ကို Save လုပ်ထားလျှင် သင် Save မလုပ်ထားသော အခြား PC/Device များမှ သင့်အကောင့်ကို ၀င်ရန်ကြိုးစားနေမှုကို သင်ရွေးချယ်ထားသော Option အတိုင်း Facebook မှ အသိပေးမည်ဖြစ်သည်။

Login Approvals
ပြုလုပ်ထားပါက သင် Save မလုပ်ထားသော Unrecognized Computer/Device များမှ သင့်အကောင့်ကို Access ပြုလုပ်လိုလျှင် Facebook ထံမှ Code တစ်ခါတောင်းရသည့် စနစ်ဖြစ်သည်။

အနည်းငယ်အလုပ်ရှုပ်သော်လည်း သူတစ်ပါးလက်ထဲသို့  မရောက်အောင် တားဆီးနိုင်သည့် အဓိကနည်းလမ်းဖြစ်သည်)

Active Sessions
ကို ပုံမှန် စစ်ဆေးပါ။ မူမမှန်သော Login ၀င်ရောက်မှုအတွက် (ဥပမာ - များသောအားဖြင့် နိုင်ငံရပ်ခြား IP များမှ ၀င်ရောက်ခြင်း) ကို Facebook မှ သတိပေးချက် ထုတ်ပြန်တတ်ပါသည်။

IP
မကြာခဏ ပြောင်းလဲ အသုံးမပြုပါနှင့်။အကောင့် Lock ကျတတ်သည်၊ယာယီ ပိတ်ခံရတတ်သည်။

Free Wifi
နေရာတွေမှာ Facebook ကို ဖြစ်နိုင်လျှင်မသုံးပါနှင့်။Same Network တစ်ခုထဲမှာ ဆိုလျှင် မိမိ သုံးနေသည့် အကောင့်ထဲကို ၀င်ရောက်ပြီး အသုံးပြုသွားနိုင်သည့် Software များ ရှိပါသည်။

မိမိ အကောင့်ကို 3 Friend Method ဖြင့် Hack ပြုလုပ်သွားနိုင်ပါသည်။ ထို့ ကြောင့် လာ Add သော အကောင့်တိုင်း လက်ခံသင့် မခံသင့် သေချာစဉ်းစားပါ။

နောက်ဆုံးအနေဖြင့် မိမိ အကောင့် လုံးဝအဟက်ခံလိုက်ရပြီဆိုလျှင် ယခင် Password အဟောင်းဖြင့် အဟက်ခံရသောမိမိ အကောင့် မည်သူမှ အသုံးပြုလို့ မရအောင် Lock ချနိုင်ပါသည်။

 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...