ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Sunday, June 7, 2015

Android အကြောင်းသိမှတ်ဖွယ်ရာများ အပိုင်း-၃

ဖုန်းခေါ်ဆိုရာတွင် အသုံးဝင်သော setting များကိုစုစည်းထားရာနေရာ တစ်ခုဖြစ်ပါတယ်။ ဒီထဲမှာပါဝင်တဲ့ setting များကို
ချိန်ညှိအသုံးပြုခြင်းဖြင့် Mobile Phone ခေါ်ဆိုမှုကို ကောင်းနိုးရာရာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Fixed Dialing Numbers ::: အသုံးပြုခေါ်ဆိုလိုသောဖုန်း ID များကို ပုံသေသတ်မှတ်ထားရန် အတွက်အသုံးပြုတဲ့ option တစ်ခုဖြစ်ပါတယ်။
အခြားသော Call ခေါ်ဆိုမှုများကို ပြုလုပ်နိုင်မည်မပာုတ်ပဲ သတ်မှတ်ထားသော Call ခေါ်ဆိုမှုများကိုသာခွင့်ပြုမှာပါ။

Enable FDN ::: Fixed Dialing Number Service Access ကို Enable ပြုလုပ်လို့ရမယ့် option ဖြစ်ပါတယ်။

Change PIN-2 ::: Fixed Dialing Number Service Access ကို ရရှိစေရန် အသုံးပြုသောနံပါတ်ဖြစ်ပါတယ်။

FDN List ::: ပုံသေခေါ်ဆိုနိုင်မည့် စာရင်းဖြစ်ပါတယ်။ ထိုစာရင်းတွင်သာ ပါဝင်သောဖုန်းနံပါတ်များကိုသာ ခေါ်ဆိုခွင့်ပြုမှာ ဖြစ်ပါတယ်။

Voice Mail Service ::: Voice Mail Service ပာာ အလိုအလျောက်ဖုန်းလက်ခံနိုင်တဲ့ Service တစ်ခုဖြစ်ပါတယ်။
Device ပိုင်ဆိုင်သူသည် အကြောင်းတစ်စုံတစ်ခုအရ ဖုန်းဖြေကြားမှုမပြုလုပ်နိုင်ပါက တစ်ဖက်မှဆက်သွယ်သူသည်
ပြောကြားလိုသောအကြောင်းအရာများကို ပြောကြားထားခဲ့နိုင်ပါသည်။

Voice Mail Number ::: Voice Mail Number အဖြစ် အသုံးပြုလိုသောနံပါတ် သတ်မှတ်ထားနိုင်သော နေရာဖြစ်ပါသည်။

Call Forwarding ::: ဒီ option ကိုအသုံးပြုရန်အတွက် Mobile Operator များထံသို့ Forwarding Service ကို လျှောက်ထားရန် လိုအပ်ပါတယ်။
လျှောက်ထားပြီးပါက Forward လုပ်လိုသော ဖုန်းနံပါတ်များကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Always Forward ::: Always Forward ကိုရွေးချယ်အသုံးပြုပါက ဖုန်းခေါ်ဆိုလာသောအခါ Target ဖုန်းသို့ Incoming Call ၀င်ရောက်
လာမှာမပာုတ်ဘဲ Forward လုပ်ထားသော ဖုန်းကိုသာဝင်ရောက်သွားမှာ ဖြစ်ပါတယ်။

င်္Forward When Busy ::: Target ဖုန်းမအားသောအခါ ပေးထားသောဖုန်းကို Forward လုပ်ပေးမဲ့ option ဖြစ်ပါတယ်။

င်္Forward When unanswer ::: Target ဖုန်းသည်သတ်မှတ်အချိန်အတွင်း လက်ခံဖြေကြားမှုမရှိပါက Forward ပြုလုပ်ပေးမည်။

င်္Forward When unreachable ::: Target ဖုန်းသည် ဆက်သွယ်မှုဧရိယာပြင်ပတွင်ရောက်ရှိနေပါက Forward ပြုလုပ်ပေးမည်။

- Additional Settings -

Call Setting များအတွက်ဖြည့်စွက်ထားတဲ့ Setting တစ်ခုဖြစ်ပါတယ်။ အသုံးပြုပုံများကို ဆက်လက်ရှင်းပြပေးသွားပါမယ်။
Caller ID ::: Caller ID သည် ခေါ်ဆိုသောဖုန်းတွင် ကိုယ့်ဖုန်းနံပါတ်ကို ဖျောက်ထားရန်အတွက်အသုံးပြုပါတယ်။

Network Default ::: ဒီ option ပာာပုံမှန်အားဖြင့်ဖော်ပြထားသော Network Setting အတိုင်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။

Hide Number ::: Hide Number option ကို ရွေးချယ်ထားပါက တစ်ဖက်အသုံးပြုသူရဲ့ ဖုန်းတွင်ခေါ်ဆိုသူရဲ့ဖုန်းနံပါတ်ကို မမြင်ရအောင်
အသုံးပြုနိုင်တဲ့ option ဖြစ်ပါတယ်။

Show Number ::: Caller ID ကို တစ်ဖက်ဖုန်းတွင် မြင်တွေ့နေစေမဲ့ option ဖြစ်ပါတယ်။

Call Waiting ::: Call Waiting ဆိုတာကတော့ ကိုယ့်ဖုန်းပာာ Call Connection တစ်ခုအတွင်း လက်ခံအသုံးပြုနေသည့်အချိန်များတွင်
တစ်ခြားဖုန်းတစ်ခုဝင်ရောက်လာပါက စောင့်ဆိုင်းနေစေရန်အတွက် အသုံးပြုသော service တစ်ခုဖြစ်ပါတယ်။
အခြားအသုံးပြုနိုင်တဲ့ service တွေလဲရှိပါသေးတယ်။ အဲဒါတွေကတော့

-1- Caller Ring Back Tone ::: ဖုန်းခေါ်ဆိုရာတွင် တစ်ဖက်မှကြားရတဲ့အ၀င် Call Tone ကို သတ်မှတ်နိုင်ရန်ပေးထားတဲ့ service ဖြစ်ပါတယ်။
သက်ဆိုင်ရာ Operator တွေမှာလျှောက်ထား ရပါမယ်။

-2- Fax Service ::: ဖုန်းကို Fax Machine အဖြစ် အသုံးချရန်အတွက် အသုံးပြုနိုင်မှာပါ။ ဒီ option ကိုတော့ CDMA 800 MHz တစ်ခုထဲတွင်သာ
အသုံးပြုနိုင်မှာဖြစ်ပါတယ်။

- SD Card & Phone Storage Setting -

ဖုန်းအတွင်းတွင်ထည့်သွင်းထားသော SD Card နှင့် ဖုန်းအတွင်းတွင်ပါဝင်သော မှတ်ဥာဏ်ပမာဏကို ၀င်ရောက်ကြည့်ရှုရာတွင် ဒီ option
ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Unmount SD Card ::: ဖုန်းမပိတ်ပဲ SD card ကို ဆွဲထုတ်လိုက်ပါက အခန့်မသင့်ရင် SD Card ပျက်စီးနိုင်ပါတယ်။ ဖုန်းမပိတ်ချင်ရင်တော့
Unmount SD Card ဆိုတဲ့ option ကို အသုံးပြုပြီးမှ SD Card ကို ဖြုတ်စေလိုပါတယ်။

Format SD Card ::: SD Card ကို Format ပြုလုပ်ရန်အတွက် ဒီ option ကို အသုံးပြုနိုင်ပါတယ်။

- Backup & Restore Setting ( PRIVACY Setting ) -

ဖုန်းအတွင်းရှိအချက်အလက်များကို သိမ်းဆည်းထားနိုင်ရန် နှင့် ပြန်လည်ဖော်ယူနိုင်ရန် ဒီ option ကို အသုံးပြုနိုင်ပါတယ်။
Backup my Data ::: ဖုန်းအတွင်းရှိအချက်အလက်များကို အလိုအလျောက် သိမ်းဆည်းထားရန်အတွက် အသုံးပြုနိုင်တဲ့ option ဖြစ်ပါတယ်။

Automatic Restore ::: application တစ်ခုကို Reinstall ပြုလုပ်ရာတွင် ပျက်စီးသွားသော Application data များကို ဒီ option ကနေ
အလိုအလျောက်ပြန်လည် ဖော်ယူနိုင်မှာဖြစ်ပါတယ်။

Factory Data Reset ::: ဖုန်းအတွင်းရှိ ရှိရှိသမျှ အချက်အလက်များ /application များ / Data များကို ဖျက်ပစ်ရန်အတွက် အသုံးပြု
နိုင်တဲ့ option ဖြစ်ပါတယ်။ Factory Data Reset ပြုလုပ်ပြီးရင်တော့ ဖုန်းပာာ အသစ်တစ်လုံးအတိုင်း
ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

- VOICE Input & Output Setting -

အသံဖြင့်ထိန်းချုပ်ခြင်း / အသံဖြင့် Message ပို့ခြင်း / အသံဖြင့်ဖုန်းခေါ်ဆိုမှုများ ပြုလုပ်စေရန် အသုံးပြုနိုင်ပါသည်။

Voice recogintion Setting ::: ဖုန်းအတွင်းရှိ လုပ်ဆောင်ချက်များကို အသံဖြင့်ခိုင်းစေနိုင်သော အချက်အလက်တစ်ခုဖြစ်ပါတယ်။

Text-to-Speech Setting ::: အသံဖြင့်ထိန်းချုပ်နိုင်သော စာရေးစေသည့် နည်းတစ်ခုဖြစ်ပါတယ်။
အသံဖြင့်ထွက်ဆိုသောအခါ ဖော်ပြပါ option မှစာဖြင့် လိုက်ရေးစေနိုင်သည့် လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

- ACCESSIBILITY Setting -

မသန်စွမ်းသူများအတွက် ရည်ရွယ်ပြီးလုပ်ဆောင်ထားတဲ့ option တစ်ခုလဲ ဖြစ်ပါတယ်။ မျက်စိမမြင်သူများ / နားမကြားသူများ
အတွက် အထူးသင့်လျော်တဲ့ option တစ်ခုလဲဖြစ်ပါတယ်။

Accessibility ::: ကိုယ်အင်္ဂါချို့တဲ့သူများအတွက် အထူးပြုလုပ်ထားတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ယင်းကိုဖွင့်ထားခြင်းဖြင့်
TalkBack Option ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

TalkBack ::: Password မှ လွဲပြီး အားလုံးသောရိုက်ထည့်သမျှ စာလုံးများကိုအသံထွက်ဖြင့် လိုက်ရွတ်ဖတ်ပေးမှာ ဖြစ်ပါတယ်။

The Power Key ends call ::: ဒီ option ကို ဖွင့်ထားလျှင် ဖုန်းပြောနေချိန်အတွင်း ဖုန်းချလိုပါက Power Key ကို နှိပ်ခြင်းဖြင့်
အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

- About Phone Setting -

About Phone တွင်ပါဝင်သော အဓိကကျတဲ့ Baseband version နဲ့ Build Number အကြောင်းကိုအသေးစိတ်ရှင်းပြပေးလိုက်ပါမယ်။
Baseband version ကတော့ ဖုန်းထုတ်လုပ်ရာ ဒေသအတွက်သတ်ဆိုင်ရာ Code များကိုသတ်မှတ်ပေးခြင်း ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့်
Firmware ပျက်စီးသွားတဲ့အခါ ပြန်လည်ထည့်သွင်းရန် Firmware ပြန်လည်ရှာဖွေတဲ့အခါ Basdband version ကို သိရှိထားရန်လိုအပ်ပါတယ်။
ပထမစာလုံးများပာာ Phone Model ဖြစ်ပြီး နောက် စာလုံးများသည် Regoinal ဖြစ်သည့်အတွက် ဒုတိယစာလုံးများကို သိရှိထားရမှာဖြစ်ပါတယ်။
( ဥပမာ - I9300DCL11 ဆိုပါစို့ ... I9300 သည် Phone Model ဖြစ်ပြီး DCL11 သည် Region Code ဖြစ်သောကြောင့် DCL11 ကို သိရှိထားရန်
လိုအပ်ပါသည်။ )
Build Number ကတော့ Baseband version နှင့် သဘောတရားပိုင်းတူကာ ထုတ်လုပ်သောနံပါတ်ကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ အချို့သော
ဖုန်းများတွင် Build Number ကိုသာ အသုံးချရမည်ဖြစ်ပါသည်။

စိတ်ရှည်စွာဖတ်ရှုပေးတဲ့ စာဖတ်သူအားလုံးကို ထာဝရလေးစားလျက်ပါ။
အပိုင်း ( ၄ ) မှာ ADB ပိုင်းလေးတွေတင်ပြပေးပါမယ်။
အပိုင်း ( ၄ ) ကိုဆက်လက်ဖတ်ပေးကြပါဦးခင်ဗျာ:)

#KoHtoo- MMAS........ 


ကိုမိုးစက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...