ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Saturday, June 13, 2015

Android အကြောင်းသိမှတ်ဖွယ်ရာများ အပိုင်း - ၅



– USING BAT FILE –
ထည့်သွင်းလိုသော Application များဖိုင်များသည် ယေဘုယျအားဖြင့် ဖုန်းတစ်လုံးထက်မက ထည့်သွင်းလိုပါက ယခုဖော်ပြပါနည်းလမ်းကို
အသုံးပြုနိုင်သည်။သဘောအားဖြင့် Applications များ၊ဖိုင်များကိုအကြိမ်ကြိမ်ထည့်သွင်းလိုပါက အကြိမ်ရေမြောက်များစွာအလုပ်ရှုပ်ခံပြုလုပ်စရာမလိုပဲ
တစ်ကြိမ်တည်းဖြင့်အားလုံးကိုလုပ်ဆောင်နိုင်သော ဖိုင် အဖြစ် ဖန်တီးနိုင်ပါသည်။ပြုလုပ်လိုပါက Start>All Programs>Accessories>Notepad ကိုဖွင့်ပါ။
ထို့နောက် မိမိရေးသားလိုသည်များကို ရေးသားနိုင်ပါသည်။

@echo off
Echo This example of creating bat file which allow to install and insert files to Mobile
Echo Please Plug on Mobile to Computer
Echo Please Check Unknow Source and USB debugging Option on Android Mobile
Pause
Adb install -r “C:/apps/fontchanger.apk”
Adb install -r “C:/apps/Frozen Keyboard.apk”
Adb install -r “C:/apps/FlashPlayer.apk”
Adb push “C:/songs/aaa.mp3″ /sdcard/
Adb push “C:/Pictures/pic.jpg” /sdcard/
Adb push “C:/movies/example.3gp” /sdcard/
Echo All done
Pause
Notepad တွင်ရိုက်ထည့်ရမည်။ရိုက်ထည်ပြီးပါက ADB Folder ထဲတွင် save လုပ်ရမည်။File Name တွင်နှစ်သက်ရာ နာမည်ကို ပေးနိုင်သော်
လည်းနာမည်၏နောက်တွင် .bat ရိုက်ထည့်ပေးရပါမည်။ထို့နောက် Save ကို Click နှိပ်ပါ။ADB Folder အတွင်းမှ ထို File ကို Double Click နှိပ်ပြီး အထက်တွင်
ရေးသားထားသည့်အတိုင်း Application များကိုထည့်သွင်းနိုင်ပါသည်။
@echo off ဆိုသည်မှာ ရိုက်ထည့်ထားသော Command များကိုပြန်လည် မဖော်ပြလိုသည့်အခါသုံးသည်။@echooff ချန်လှပ်ထားပါက ပေါ်လာသည့်
စာကြောင်းများသည်အသုံးပြုသူများအတွက်ကြည့်ရှုရန်မလွယ်ကူအောင်ရှုပ်ထွေးနေပါမည်။ echo Command သည်ရေးသားထားသော စာကြောင်းများကို
မှတ်ချက်သဘောမျိုးဖော်ပြလိုသည့်အခါတွင် အသုံးပြုနိုင်သည်။ Echo ပြီးနောက်ဖော်ပြလိုသော အကြောင်းအရာများကို ရေးသားရမည်။adb install သည် Applications
များထည့်သွင်းမည်ကို ဆိုလိုကာ -r သည်ဖုန်းအတွင်းယခုထည့်သွင်းမည့် Application များ Install လုပ်ထားသည်ဖြစ်စေ၊မလုပ်ထားသည်ဖြစ်စေ Install လုပ်မည်
ကို ဆိုလိုခြင်းဖြစ်သည်။ပြီးသောအခါ ထည့်သွင်းလိုသော Application ရှိသည့်လမ်းကြောင်းကိုညွှန်ပေးရမည်။ဥပမာအားဖြင့် ”C:\apps\-fontchanger.apk” ဖြစ်
နိုင်သည်။pause command သည် လုပ်ဆောင်မှုကိုခဏရပ်နားစေရန်စေခိုင်းခြင်းဖြစ်ပြီး Keyboard မှ ခလုတ်တစ်ခု မနှိပ်မချင်း ရပ်တန့်နေပါလိမ့်မည်။


– REMOVE PATTERN LOCK –
Android သမားတွေအတွက် အမြဲတမ်းကြုံတွေ့နေကြဖြစ်တဲ့ Pattern / Passcode / Password များ နှင့် Lock လုပ်ထားပြီး
မေ့တတ်တဲ့ ပြဿနာလေးကို ပြန်လည်ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးနှစ်မျိုးကို ဖော်ပြပေးပါ့မယ်။
ပထမဦးဆုံးကတော့ အလွယ်ကူဆုံးနည်းလမ်းလေးတစ်ခုဖြစ်တဲ့ Factory data reset ချပြီး ဖြည်တဲ့နည်းလေးပါ။

factory-reset
ဒီနည်းလမ်းလေးပာာ လွယ်ကူတယ်ဆိုပေမဲ့လဲ မိမိရဲ့ Phone memory ထဲမှာ သိမ်းဆည်းထားတဲ့ data တွေကိုတော့ ပျက်စီးစေတဲ့
အားနည်းချက်လေးရှိပါတယ်။ လုပ်ပုံလုပ်နည်းလေးကိုလေ့လာကြည့်ရအောင်-

-ပထမဦးဆုံး Lock ကျနေတဲ့ phone ကို ပါဝါပိတ်လိုက်ပါ။
-Battery ထုတ်ပြီး 10 second လောက်ထားပြီး ပြန်တပ်လိုက်ပါ။
-ဖုန်းကို recovery mode သွင်းရပါမယ်။ recovery mode သွင်းနည်းတွေကတော့ ဖုန်းအမျိုးအစားလိုက်ကွာခြားမှုများ ရှိပါတယ်။
-Samsung brand ကို နမူနာထားပြီး ပြောပြပေးပါမယ်။ Samsung ဖုန်းများကို recoery mode ၀င်နည်းကတော့-
Volume up + Home + Power ကိုတွဲပြီးနှိပ်ရပါမယ်။ 5 second လောက်ကြာရင် Android ပုံလေးနဲ့ recovery mode ကိုရောက်သွားပါမယ်။
ထိုအခါ recovery menu ပေါ်လာပါပြီ။ ပေါ်လာသောစာတန်းများအတွင်းမှ Wipe Data/Factroy Reset ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။
ဖုန်းကနေအလိုလိုအလုပ်လုပ်ပေးပြီး recovery menu ပြန်တက်လာပါမယ်။ Reboot system now ကို ထပ်မံရွေးချယ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ဖုန်းပာာ Reboot ကျသွားပြီး power ပြန်တက်လာရင် Pattern Lock မရှိတော့တာကိုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် ဒုတိယနည်းလမ်းလေးကတော့ ADB Command ကို အသုံးပြုပြီး Lock ဖြည်တဲ့နည်းလမ်းပါ။
ADB-How-To-Tutorial

ဒီနည်းလမ်းလေးကို ထပ်ပြီးလေ့လာကြည့်ကြရအောင်-
ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ရန်သင့်ဖုန်းမှာ Root ပြုလုပ်ထားရန်လိုအပ်ပါသည်။ Phone မှာလဲ USB Debugging ကို ဖွင့်ထားရန်လိုအပ်ပါတယ်။
ပထမဦးစွာ ဖုန်းရဲ့ setting.db လို့ခေါ်တဲ့ setting database ကို ကွန်ပျူတာထဲတွင် copy ယူရပါမယ်။ lockoutpermanently တန်ဖိုးကို 1 မှ 0 ပြောင်းရပါမယ်။
ပြီးရင် ပြုပြင်ထားသော setting.db ကို ဖုန်းထဲသို့ ပြန်ထည့်ရပါမယ်။ လုပ်ဆောင်နိုင်ရန်လိုအပ်သော ကိရိယာများကတော့ ADB Tool နှင့် Database
တို့ပဲဖြစ်ပါတယ်။ အချက်အလက်များကို ပြုပြင်ပေးနိုင်သော Sqlite တစ်ခုလဲဖြစ်ပါတယ်။ ထိုအရာများကို ကွန်ပျူတာထဲတွင် ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။
အောက်ကလင့်ကနေပြီး လိုအပ်တဲ့ ADB Tool နှင့် Sqlite တို့ကို Download ရယူလိုက်ပါ။

http://www.mediafire.com/download/j29phal7u14nmfl/ADB%2BAQUITE.rar
လိုအပ်တာကို Download ရယူပြီးရင်တော့ rar file လေးကို Extract လုပ်လိုက်ပါ။ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
ADB file ကိုဖွင့်ပါ။ Shift + Right Click နှိပ်ကာ Open Command Window here ကို ရွေးချယ်လိုက်ပါ။ ထို့နောက် device သိမသိ adb device ရိုက်နှိပ်ကာ
စမ်းသပ်နိုင်ပါသည်။ adb shell လို့ထပ်ရိုက်ပါ။ shell@android:/$ ဆိုပြီး ပေါ်လာပါမယ်။ အတွင်းပိုင်းကို ပြင်ဆင်နိုင်ရန် root access တောင်းရန်လိုအပ်ပါမယ်။
ထို့ကြောင့် su ပာုရိုက်ထည့်ပါ။ shell@android:/# ပာု ပြောင်းသွားပါလိမ့်မည်။ ထိုခဲ့သို့ ပြောင်းလဲခြင်းမရှိပါက root မလုပ်ရသေးလို့ပဲဖြစ်ပါတယ်။
ဖုန်းအတွင်းရှိ Database များသိမ်းထားသော Folder သည် ပုံမှန်အားဖြင့် ဖတ်လို့မရအောင် ကာကွယ်ထားတတ်ပါသည်။
ထို့ကြောင့် chmod command ကိုသုံးပြီး Permission ကို ပြောင်းလဲရန်လိုအပ်သည်။ အောက်ဖော်ပြပါ command သုံးရပါမယ်။

chmod 0777 /data/data/com.android.providers.settings/datablases

ထို့ကြောင့် data/data/com.android.providers.settings ထဲမှ databases ဆိုသော Folder သည် Permission များ ပြုတ်သွားမှာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ စိတ်ကြိုက်ပြောင်းလဲပြင်ဆင်နိုင်ပါပြီ။ shell မှ Control+C နှိပ်ပြီး ထွက်လိုက်ပါ။
ယင်း databases ထဲမှ setting.db ပာုခေါ်သော setting database folder ကို copy ယူရမည်။ အောက်က command အတိုင်းရိုက်ပါ။

adb pull /data/data/com.android.providers.settings/databases/setting.db C:/adb

Copy ယူပြီးနောက် sqlite ကိုသုံးပြီး setting.db ကို ပြုပြင်ရမည် ဖြစ်ပါသည်။ sqlite3 setting.db ပာု ရိုက်ထည့်လိုက်ပါ။
command prompt သည် sqlite> ပာု ပြောင်းသွားမည် ဖြစ်သည်။ .tables ပာု ရိုက်ထည့်ကြည့်ပါ။ setting.db ထဲတွင်ရှိသော
atble များရဲ့ နာမည်များကိုတွေ့ရမည် ဖြစ်သည်။ Pattern Lock တန်ဖိုးသည် secure table ထဲတွင် သိမ်းထားခြင်း ဖြစ်သည်။
တစ်ချို့သောဖုန်းများတွင် system table ထဲတွင် သိမ်းထားသည်။
ယခုစမ်းသပ်သော ဖုန်းသည် secret ဆိုသော table ထဲတွင် သိမ်းဆည်းထားခြင်းဖြစ်သောကြောင့် ယင်း Folder ထဲတွင်ရှိသော
lockscreen.lockedoutpermanently ရဲ့ တန်ဖိုးကို 0 ပာု ပြောင်းလဲရန်အတွက် အောက်ပါ command ကို သုံးရပါမည်။

update secret set value=0 where name=’lockscreen.lockedoutpermanetly';

autolock ဖြစ်နေခြင်းကိုလည်း ယခုကဲ့သို့ command ကိုသုံးပြီး ဖြုတ်ပစ်နိုင်ပါသည်။
update system set value=0 where name=’lock_pattern_autolock';
Database ကို ပြုပြင်ခြင်း ပြီးဆုံးပြီဖြစ်ပါသည်။ .quite လို့ ရိုက်ထည့်ပြီး ထွက်လိုက်ပါ။ ယခုပြုပြင်ထားသော setting.adb ကို
ဖုန်းထဲကို ပြန်ထည့်ရပါမယ်။ ယင်းအတွက် အောက်ပါ command ကို သုံးပါ။
adb push setting.adb /data/data/com.android.providers.settings/databases/
ပြီးနောက် ဖုန်းကို Restart ပြုလုပ်ပေးလိုက်ပါ။ ထိုအခါ Pattern Lock ပျောက်ကွယ်သွားပါလိမ့်မည်။


Ko Htoo (MMAS)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...