ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Sunday, March 15, 2015

Samsung Galaxy ဖုန်းများအား Firmware တင်နည်း

Samsung Galaxy ဖုန်းတော်တော်များများကို Firmware တင်နိုင်ဖို့ အတွက်တော့ အဓိကလိုအပ်တဲ့ အရာဟာ Odin ဖြစ်ပါတယ်။ Odin ဆိုတာကတော့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး ဒီဆော့ဖ်ဝဲဟာ Samsung ဖုန်းတွေကို Firmware တင်တဲ့နေရာမှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲပါ။ Samsung ဖုန်းတစ်လုံးကို Firmware တင်မယ်ဆိုရင် ဒါကမရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် နောက်ထပ် လိုအပ်တဲ့ အရာတစ်ခုကတော့ Driver ပါ။ Samsung ဖုန်းတွေကို ကွန်ပျူတာမှာ ချိတ်ဆက်တဲ့အခါမှာ ဖုန်းနဲ့ကွန်ပျူတာနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် Samsung Driver ဆော့ဖ်ဝဲ လိုအပ်ပါတယ်။ ဒါကြောင့် Odin ဆော့ဖ်ဝဲနဲ့ Samsung Driver ကို အွန်လိုင်းကနေပြီး Download ပြုလုပ်ပြီး ကွန်ပျူတာမှာ ထည့်သွင်းပါ။ ပြီးရင်တော့ ကိုယ်က Firmware တင်မယ့်ဖုန်းနဲ့ သက်ဆိုင်မယ့် Firmware ကို Download ပြုလုပ်ပါ။ လိုအပ်တာတွေ အားလုံးစုဆောင်း ပြီးပြီဆိုရင်တော့ ကွန်ပျူတာပေါ်မှာ ထည့်သွင်းထားတဲ့ Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

 
မြင်တွေ့ရတဲ့ မြင်ကွင်းမှာ ရှိနေတဲ့ PDA ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။
 
 
မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ ကိုယ်ထည့်သွင်းမယ့် Firmware ဖိုင်ကို ရွေးချယ်ပေးရမယ့် နေရာဖြစ်ပါတယ်။ ကွန်ပျူတာမှာ ရှိနေတဲ့ Firmware ဖိုင်ကိုရွေးချယ် ပေးလိုက်ပါ။ ဒါဆိုရင်တော့ Loading ခေတ္တပြုလုပ် နေပါလိမ့်မယ်။ Firmware ကို Odin ပေါ်မှာခုလိုမျိုး မြင်တွေ့ရ ပါလိမ့်မယ်။

 
Odin ပေါ်မှာ Firmware ဖိုင်ရရှိပြီ ဆိုရင်တော့ Samsung ဖုန်းကို Volume Down ခလုတ်၊ Home key နဲ့ ပါဝါခလုတ်သုံးခုကို တစ်ပြိုင်နက်တည်း နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Samsung ဖုန်းရဲ့ Download Mode  ပေါ်လာပါလိမ့်မယ်။ Download Mode ပေါ်လာပြီ ဆိုရင်တော့ ဖုန်းကိုကွန်ပျူတာမှာ ချိတ်ဆက်လိုက်ပါ။ ဒါဆိုရင်တော့ Odin ပေါ်မှာ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။


ID:COM ဆိုတဲ့နေရာမှာ အလင်းရောင်လေး ပေါ်လာပြီဆိုရင်တော့ Firmware ကိုစပြီး တင်လို့ရပါပြီ။ Odin ပေါ်မှာ Start ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Odin ကနေပြီး Firmware ကိုတင်ပေးလိုက်မှာ ဖြစ်ပါတယ်။
ပြီးရင်တော့ Reboot ကျသွားမှာဖြစ်ပြီး ခဏနေရင် ပါဝါပြန်တက် လာပါလိမ့်မယ်။ Samsung Logo နေရာကနေ ပါဝါဆက်မတက်ဘဲဖြစ် နေတယ်ဆိုရင်တော့ ဖုန်းကိုဘက်ထရီ ဖြုတ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ Volume Up ခလုတ်၊ Home Key နဲ့ ပါဝါခလုတ်သုံးခုကို တစ်ပြိုင်တည်း နှိပ်ထားလိုက်ပါ။


ပေါ်လာတဲ့ မြင်ကွင်းပေါ်မှာ Factory Data Reset ဆိုတာရှိပါတယ်။ ဖုန်းကို Reset လုပ်လိုက်ပါ။ ပြီးရင်တော့ Reboot ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ပါဝါတက်လာ ပါလိမ့်မယ်။

အဆင်ပြေကြပါစေ

ကိုမိုးစက်



 

 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...