ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Sunday, March 15, 2015

ASUS ZenFone 4 ကို Root ဖောက်နည်း



ဈေးသက်သာပြီးသုံးလို့လဲအဆင်ပြေတဲ့ ASUS ZenFone 4 ဖုန်းကိုင်ဆောင်တဲ့ဘော်ဒါတွေအတွက်ပါ။
ဒီ Asus ဖုန်းက မြန်မာဘာသာပါလာပေမယ့် Unicode ဖြစ်တဲ့အတွက် zawgyi ကိုဖတ်ဖို့ အဆင်မပြေတော့ပါ။ ဒါကြောင့် zawgyi font ကို သွင်းဖို့ မဖြစ်မနေ root ဖောက်ရတော့မှာပါ။
ဒီ Zenfone4 က root tools တွေနဲ့ root ဖောက်လို့ မရပါဘူး။ ဒါကြောင့် root ဖောက်ချင်တဲ့ဘော်ဒါတွေ လိုအပ်တဲ့ဖိုင်တွေကိုအရင်ဆုံး အောက်မှာဒေါင်းယူလိုက်ပါ။
 
 
Root Zenfone-4 T001.rar ဒီမှာဒေါင်းပါ

ဒေါင်းလို့ရပြီဆိုရင် USB driver ကိုအရင်သွင်းလိုက်ပါ။ ပြီးရင် root zip ကို zip ဖြည်လိုက်ပါ။
ပြီးရင် ဖုန်းကို USB Debuged  ကိုဖွင့်ပေးလိုက်ပါ။
 
 
ပြီးရင်ဖုန်းကိုဘက်ထရီခဏဖြုတ်လိုက်ပါ ပြီးရင် Droidboot Mode ခေါ်ဖို့ အတွက် စောစောကထုတ်ထားတဲ့ ဘက်ထရီပြန်ထည့်ပါ။
 ပြီးရင်  vol up ကိုအရင်နှိပ်ပြီး power button ကိုပါထပ်နှိပ်ပါ။ (ခလုတ်နှစ်ခုစလုံးကိုပြိုင်တူနှိပ်ထားပါ)asus logo တက်လာပြီး စက်ရုပ်ပုံတက်လာရင်နှိပ်ထားတာကိုလွှတ်လိုက်ပါ။
 USB ကြိုးကိုကွန်ပျူတာနဲ့ချိတ်ဆက်ပေးလိုက်ပါ။
Ready for download စာတန်းတက်လာရင် Droidboot mode တက်လာပါပြီ။
စောစောက zip ဖြည်ထားတဲ့ Root ဖိုင်ကိုဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်းတွေ့ရပါမယ်။
 


ပြီးရင် open နေရာမှာနှိပ်ပေးလိုက်ပါ။ အောက်ကပုံလို cmd box တက်လာပါလိမ့်မယ်။


အဲဒီ box ထဲမှာ အောက်ကစာတန်းကို copy ကူးပြီးထည့်ပေးလိုက်ပါ။
(copy ကူးထည့်လို့မရရင် အောက်ကစာတန်းအတိုင်း စာလုံးမမှားစေပဲရိုက်ထည့်ပေးလိုက်ပါ)

fastboot flash update root_v2_zenfone4_v4.2.0.zip 


ပြီးရင် enter ခေါက်ပေးလိုက်ပါ။ cmb  ကသူ့ဟာသူ root zip ကို flash ပေးသွားမှာပါ။
Flash လို့ အောင်မြင်ပြီဆိုရင်ဖုန်းက reboot ကျသွားပါလိမ့်မယ်။
 


Reboot ကျပြီးဖုန်းပြန်ပွင့်လို့ Super user လေးမြင်ရပြီဆိုရင် Root ဖောက်လို့အောင်မြင်ပါပြီ။


ကိုမိုးစက်

 

 
 
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...