ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Thursday, March 19, 2015

ရီးရဲယ်ချစ်သူများအတွက် Real Facebook apk

Real ချစ်သူများအတွက်
Real sticker များနဲ့အလှဆင်ထားတဲ့
Real Facebook apk ကိုအောက်မှာဒေါင်းလုတ်ယူပြီး
သုံးစွဲနိုင်ပါတယ်။

 ရီးရဲယ်မက်ဒရစ် ဖေ့ဘွတ် 


ကိုမိုးစက်

Arsenal facebook apk

Arsenal ချစ်သူများအတွက်
Arsenal football club ရဲ့ Sticker များနဲ့အလှဆင်ထားတဲ့ Arsenal facebook apk ကို
အောက်မှာဒေါင်းလုတ်ရယူပြီးအသုံးပြုနိုင်ပါတယ်။

 Arsenal Facebook apk 


ကိုမိုးစက်

Wednesday, March 18, 2015

ဆန္ဒ

သုံးစားမရတော့တဲ့ဘဝတခြမ်းမှာတောင်
လောကဓံတွေရဲ့တိုက်စားခြင်းနဲ့
ပျက်ပြယ်ပျောက်ကွယ်မသွားခင်အချိန်အထိ
နင့်အနားမှာနေခွင့်ရှိချင်တယ်။



ကိုမိုးစက်

Tuesday, March 17, 2015

Manchester United Facebook apk

မန်ယူချစ်သူများအတွက် မန်ယူ Sticker များစွာနဲ့
အလှဆင်ထားတဲ့ Man u facebook apk ကို
ရယူသုံးစွဲနိုင်ပါပြီ။

လက်ရှိသုံးနေတဲ့ facebook apk ကို uninstall အရင်လုပ်ပေးလိုက်ပါ။ ပြီးမှ Man u facebook apk ကို
မိမိဖုန်းထဲမှာ install လုပ်ပါ။

MEGA link ကနေ တင်ထားပေးတဲ့အတွက်
UC Browser နဲ့ဒေါင်းရင် နည်းနည်းလုပ်ရကိုင်ရခက်တတ်ပါတယ်။
တခြား Browser နဲ့ ဒေါင်းရင်ပိုအဆင်ပြေပါတယ်ခင်ဗျာ။

 Man u Facebook apk 


ကိုမိုးစက်

Chelsea facebook apk

Chelsea ချစ်ပရိသတ်များအတွက် Chelsea sticker
အပြည့်အစုံနဲ့ Chelsea facebook apk ကို
ရယူအသုံးပြုနိုင်ပါပြီ။
ဖိုင်ဆိုဒ်ကတော့ 24 Mb ရှိပါတယ်။
အောက်မှာဒေါင်းလိုက်ပါ။

 Chelsea facebook apk 


ကိုမိုးစက်

Facebook မှာ နာမည်လွယ်လွယ်ပြောင်းရအောင်

Facebook အမည်အားတိုက်ရိုက်ပြောင်းလဲနိုင်မည့် နည်းလမ်း
လူမူကွန်ယက်တစ်ခုဖြစ်တဲ့ Facebook မှာ သင့် facebook အမည်အား သင့်စိတ်ကြိုက် ပြောင်းလဲပြုပြင်နိုင်တဲ့ Link ဖြစ်ပါတယ်။
 အမည်ချိန်းရန် www.facebook.com တွင် သင့် Facebook ၏ Email & password တို့ကိုဖြည့်စွက်ကာ Log in ဝင်ထားပေးရန်လိုအပ်ပါမည်။
Log in ဝင်ပြီးပါက နာမည်အား တိုက်ရိုက်ချိန်းရန်သင့် facebook မှာ သင့် Profile ဓာတ်ပုံအား Save လုပ်၍ သိမ်းထားပေးပါ။
ပြီးလျှင်အောက်ပါ လင့်ခ့်ကိုဝင်ပါ။
http://goo.gl/E6ylGn
 
အဆိုပါ လင့်ခ့်တွင်
Changing Your Name ဆိုပြီးပေါ်လာပါမည်။
New First name မှာ အစ နာမည်ထည့်ပါ ။
New middle name မှာ သင့်နာမည်သုံးလုံးပေးလိုလျှင် အလယ်နာမည်ထည့်ပေးပါ။
New last name မှာ နောက်ဆုံးနာမည်ထည့်ပေးပါ။
အကယ်၍သင့်နာမည်ဟာ Mg Mg ဟု နှစ်လုံးသာ ရှိလျှင် New First နှင့် New last တွင်သာ ဖြည့်စွက်ရပါမည် ။
Reason for this change တွင် Other ကိုရွေးချယ်ပါ။
Other မရပါက language change ကိုရွေးချယ်ပါ။
You ID တွင် သင့် facebook မှ Save ထားသည့် Profile ပုံထည့်ပေးပါ။
ပြီးလျှင် Send ကိုနှိပ်ပေး၍ သင့် Facebook ၏ password ထည့်ကာ Save နှိပ်လိုက်ပါ။
သင်ပြောင်းလိုက်သည့် အမည်ကို facebook မှ ပြောင်းလဲပေးပါလိမ့်မယ်။
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်

ကိုမိုးစက်

Monday, March 16, 2015

ကာတွန်းဇာတ်ကောင်များဖန်တီးဖို့ Rage Maker apk

ပုံမှာမြင်​​တွေ့ရတဲ့အတိုင်း သင့်​ဖုန်းထဲမှာယခု​ Rage Maker ​App ဖြင့်​ ဟာသများနဲ့လှောင်​​ပြောင်​နိုင်​တဲ့ ကာတွန်းဇာတ်​​ကောင်​ဖြစ်​​အောင်​ စာသားများပါရေး၍ facebook နှင့်​ Viber စတဲ့ Social network များမှာတင်​ချင်ရင် တင်နိုင်ပါတယ်။
တော်​​တော်​​လေး ​ကောင်းမွန်ပြီး​​အသုံးဝင်​တဲ့ Apk လည်းဖြစ်​ပါတယ်။

စိတ်ဝင်စားရင်အောက်မှာဒေါင်းလိုက်ပါ။

 ဒီမှာယူလိုက်နော် 


ကိုမိုးစက်

Sunday, March 15, 2015

IOS 6+ အထက်တွေမှာ MMKeyboard6+ နဲ့ အဆင်ပြေစွာ အသုံးပြုနိုင်ရန် settings ပြန်ချိန်နည်း

 
IOS 6+ အထက်တွေမှာ MMKeyboard6+ နဲ့ အဆင်မပြေ error တက်လို့ စိတ်ညစ်နေရတဲ့ 
 ipad ပိုင်ရှင်သူငယ်ချင်းများ အတွက် MMkeyboard 6+ လုံးဝ အဆင်ပြေစွာသုံးလို့ ရတဲ့နည်းလေးကို
ပြောပြပါရစေ။
အရင်ဆုံး cydia.macforus.com ကနေ MMkeyboard5+ ကိုပြန်ဖြုတ်ထုတ်လိုက်ပါ။အသစ်တင်ထားပေးတဲ့ Zawgyi.hardware KB 6+ ကို အရင် install လုပ်ပါ။
ပြီးရင် MMkeyboard6+ ကို install ထပ်လုပ်ပါ။
 


Settings နေရာမှာ ဒီပုံအတိုင်းဝင်ပြင်ပေးလိုက်ပါ။
 


English Keyboard တွေကို ပြန်ဖြုတ်ထုတ်လိုက်ပါ။ ပြီးရင် Czech ကို အရင်ရွေးပေးလိုက်ပါ။
ပြီးမှ English ကိုပြန်ရွေးပါ။  အောက်ကပုံအတိုင်း Czech နေရာမှာ နဲနဲပြန်ပြင်ပေးရပါမယ်။
အောက်ကပုံအတိုင်း အမှတ်တွေလိုက်ပြောင်းခြစ်ပေးလိုက်ပါ။  ပြန်ထွက်ပြီးစာရိုက်ကြည့်လိုက်ပါ။
 ဘာ error မှ မတက်တော့ပဲအဆင်ပြေစွာသုံးလို့ ရပါလိမ့်မယ်။

 
 
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
 
ကိုမိုးစက်




ASUS ZenFone 4 ကို Root ဖောက်နည်း



ဈေးသက်သာပြီးသုံးလို့လဲအဆင်ပြေတဲ့ ASUS ZenFone 4 ဖုန်းကိုင်ဆောင်တဲ့ဘော်ဒါတွေအတွက်ပါ။
ဒီ Asus ဖုန်းက မြန်မာဘာသာပါလာပေမယ့် Unicode ဖြစ်တဲ့အတွက် zawgyi ကိုဖတ်ဖို့ အဆင်မပြေတော့ပါ။ ဒါကြောင့် zawgyi font ကို သွင်းဖို့ မဖြစ်မနေ root ဖောက်ရတော့မှာပါ။
ဒီ Zenfone4 က root tools တွေနဲ့ root ဖောက်လို့ မရပါဘူး။ ဒါကြောင့် root ဖောက်ချင်တဲ့ဘော်ဒါတွေ လိုအပ်တဲ့ဖိုင်တွေကိုအရင်ဆုံး အောက်မှာဒေါင်းယူလိုက်ပါ။
 
 
Root Zenfone-4 T001.rar ဒီမှာဒေါင်းပါ

ဒေါင်းလို့ရပြီဆိုရင် USB driver ကိုအရင်သွင်းလိုက်ပါ။ ပြီးရင် root zip ကို zip ဖြည်လိုက်ပါ။
ပြီးရင် ဖုန်းကို USB Debuged  ကိုဖွင့်ပေးလိုက်ပါ။
 
 
ပြီးရင်ဖုန်းကိုဘက်ထရီခဏဖြုတ်လိုက်ပါ ပြီးရင် Droidboot Mode ခေါ်ဖို့ အတွက် စောစောကထုတ်ထားတဲ့ ဘက်ထရီပြန်ထည့်ပါ။
 ပြီးရင်  vol up ကိုအရင်နှိပ်ပြီး power button ကိုပါထပ်နှိပ်ပါ။ (ခလုတ်နှစ်ခုစလုံးကိုပြိုင်တူနှိပ်ထားပါ)asus logo တက်လာပြီး စက်ရုပ်ပုံတက်လာရင်နှိပ်ထားတာကိုလွှတ်လိုက်ပါ။
 USB ကြိုးကိုကွန်ပျူတာနဲ့ချိတ်ဆက်ပေးလိုက်ပါ။
Ready for download စာတန်းတက်လာရင် Droidboot mode တက်လာပါပြီ။
စောစောက zip ဖြည်ထားတဲ့ Root ဖိုင်ကိုဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်းတွေ့ရပါမယ်။
 


ပြီးရင် open နေရာမှာနှိပ်ပေးလိုက်ပါ။ အောက်ကပုံလို cmd box တက်လာပါလိမ့်မယ်။


အဲဒီ box ထဲမှာ အောက်ကစာတန်းကို copy ကူးပြီးထည့်ပေးလိုက်ပါ။
(copy ကူးထည့်လို့မရရင် အောက်ကစာတန်းအတိုင်း စာလုံးမမှားစေပဲရိုက်ထည့်ပေးလိုက်ပါ)

fastboot flash update root_v2_zenfone4_v4.2.0.zip 


ပြီးရင် enter ခေါက်ပေးလိုက်ပါ။ cmb  ကသူ့ဟာသူ root zip ကို flash ပေးသွားမှာပါ။
Flash လို့ အောင်မြင်ပြီဆိုရင်ဖုန်းက reboot ကျသွားပါလိမ့်မယ်။
 


Reboot ကျပြီးဖုန်းပြန်ပွင့်လို့ Super user လေးမြင်ရပြီဆိုရင် Root ဖောက်လို့အောင်မြင်ပါပြီ။


ကိုမိုးစက်

 

 
 
 
 

Huawei G6-U10 ဖုန်းများကို Root အလွယ်လုပ်မယ်


မင်္ဂလာပါ
Huawei G6-U10 User များအတွက်
Huawei G6-U10 ဖုန်းများကို ကွန်ပျူတာမလိုပဲ
One Click နဲ့တင် Root ဖောက်လို့ရပါပြီ။
ဒီပိုစ့်ကိုတော့  ၀င်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း) မှ
တစ်ဆင့်ပြန်လည်မျှဝေလိုက်တာပါ။

G6-U10 ကို Vroot နဲ့ မပေါက်ပါ
 towelroot.apk လေးနဲ့တော့ လုံးဝ OK ပါတယ်။

ပထမဆုံး သင့်ဖုန်းမှာ
 Setting > Unknow Source> ON ထားပေးပါ

Root လုပ်ဖို့ရန်အတွက် towelroot.apk လေးကို
အောက်ကလင့်မှာ ဒေါင်းလုတ်ယူလိုက်ပါ။

towelroot.apk

ဒေါင်းလုတ်ဆွဲပြီးရင်တော့အောက်ကပုံအတိုင်း Tr.apk ဆိုပြီးပြနေပါလိမ့်မယ်။


 install လုပ်ဖို့ရန်အတွက် အဲဒီTr.apk လေးကို တစ်ချက်ထောက်ပြီး Install လုပ်ပါ အောက်ကပုံကို ကြည့်ပါ။



install လုပ်ပြီးသွားရင်တော့ Open ကိုနှိပ်လိုက်ပါ။



Root လုပ်ဖို့ရန်အတွက် Make it Rain ဆိုတာကိုနှိပ်လိုက်ပါ။



အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ Root လုပ်ဖို့ရန်အသင့်အနေအထား ဖြစ်နေပါပြီ။
 Make it Rain ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။



အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ Root လုပ်ခြင်းကိစ္စပြီးပါပြီ။
 ဖုန်းက သူ့အလိုလို Reboot လုပ်ပါလိမ့်မယ် ခဏလေးစောင့်နေလိုက်ပါ။


Reboot ကျပြီးလို့ ပြန်တက်လာတဲ့အခါ မိမိဖုန်း Root Access ရှိလား မရှိလား သိချင်ရင်တော့
Root Checker လေးနဲ့ စမ်းသပ်ကြည့်လိုက်ပါ။
အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။

Root_Checker_Pro_v1.2.8_

Root Checker ကိုဖုန်းမှာ Install လုပ်ပြီးဖွင့်လိုက်ပါ။ပြီးရင် Verify Root ဆိုတာကို နှိပ်လိုက်ပါ။



Verify Root လေးနှိပ်လိုက်ပြီး အောက်ကပုံလိုပေါ်လာရင်တော့ သင့်ရဲ့ကြိုးစားအားထုတ်မှုအားလုံးအတွက်
Congratulations ပေါ့ဗျာ။ Root Access ရရှိသွားပါပြီ။

 
မြန်မာစာအတွက်ကတော့ MMSD မှ Font Changer လေးနဲ့
အဆင်ပြေပါတယ်၊ အောက်ကလင့်မှာဒေါင်းလုတ်ရယူလိုက်ပါ။
 
 
 
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
 
 
 
ကိုမိုးစက်















SnapTube v1.9.2

 
ဖုန်းထဲကနေ Youtube က video တွေကို download ဆွဲဖို့ အခက်အခဲရှိတဲ့သူတွေ မဆွဲတတ်တဲ့သူတွေအတွက် လွယ်လွယ်ကူကူနဲ့ video တွေကို video format အမျိုးမျိုးနဲ့ဖြစ်စေ mp3 အနေနဲ့ဖြစ်စေ download ဆွဲယူနိုင်တဲ့ SnapTube လေးကို တင်ပေးလိုက်ပါတယ်
file size 1.8MB သာရှိပြီး android 2.1 ကစပြီး အသုံးပြုနိုင်ပါတယ်

Download YouTube video and music in seconds. It’s fast, easy, and free.
Download YouTube videos in MP3 format with SnapTube’s killer music download feature. Save time and space on your phone. It doesn’t require any extra encoding process like Videoder or plugin like Tubemate.

Size : 1.8MB
Version : 1.9.2
Requires: Android 2.1 and up



 
ကိုမိုးစက်

Samsung Galaxy ဖုန်းများအား Firmware တင်နည်း

Samsung Galaxy ဖုန်းတော်တော်များများကို Firmware တင်နိုင်ဖို့ အတွက်တော့ အဓိကလိုအပ်တဲ့ အရာဟာ Odin ဖြစ်ပါတယ်။ Odin ဆိုတာကတော့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး ဒီဆော့ဖ်ဝဲဟာ Samsung ဖုန်းတွေကို Firmware တင်တဲ့နေရာမှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲပါ။ Samsung ဖုန်းတစ်လုံးကို Firmware တင်မယ်ဆိုရင် ဒါကမရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် နောက်ထပ် လိုအပ်တဲ့ အရာတစ်ခုကတော့ Driver ပါ။ Samsung ဖုန်းတွေကို ကွန်ပျူတာမှာ ချိတ်ဆက်တဲ့အခါမှာ ဖုန်းနဲ့ကွန်ပျူတာနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် Samsung Driver ဆော့ဖ်ဝဲ လိုအပ်ပါတယ်။ ဒါကြောင့် Odin ဆော့ဖ်ဝဲနဲ့ Samsung Driver ကို အွန်လိုင်းကနေပြီး Download ပြုလုပ်ပြီး ကွန်ပျူတာမှာ ထည့်သွင်းပါ။ ပြီးရင်တော့ ကိုယ်က Firmware တင်မယ့်ဖုန်းနဲ့ သက်ဆိုင်မယ့် Firmware ကို Download ပြုလုပ်ပါ။ လိုအပ်တာတွေ အားလုံးစုဆောင်း ပြီးပြီဆိုရင်တော့ ကွန်ပျူတာပေါ်မှာ ထည့်သွင်းထားတဲ့ Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

 
မြင်တွေ့ရတဲ့ မြင်ကွင်းမှာ ရှိနေတဲ့ PDA ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။
 
 
မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ ကိုယ်ထည့်သွင်းမယ့် Firmware ဖိုင်ကို ရွေးချယ်ပေးရမယ့် နေရာဖြစ်ပါတယ်။ ကွန်ပျူတာမှာ ရှိနေတဲ့ Firmware ဖိုင်ကိုရွေးချယ် ပေးလိုက်ပါ။ ဒါဆိုရင်တော့ Loading ခေတ္တပြုလုပ် နေပါလိမ့်မယ်။ Firmware ကို Odin ပေါ်မှာခုလိုမျိုး မြင်တွေ့ရ ပါလိမ့်မယ်။

 
Odin ပေါ်မှာ Firmware ဖိုင်ရရှိပြီ ဆိုရင်တော့ Samsung ဖုန်းကို Volume Down ခလုတ်၊ Home key နဲ့ ပါဝါခလုတ်သုံးခုကို တစ်ပြိုင်နက်တည်း နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Samsung ဖုန်းရဲ့ Download Mode  ပေါ်လာပါလိမ့်မယ်။ Download Mode ပေါ်လာပြီ ဆိုရင်တော့ ဖုန်းကိုကွန်ပျူတာမှာ ချိတ်ဆက်လိုက်ပါ။ ဒါဆိုရင်တော့ Odin ပေါ်မှာ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။


ID:COM ဆိုတဲ့နေရာမှာ အလင်းရောင်လေး ပေါ်လာပြီဆိုရင်တော့ Firmware ကိုစပြီး တင်လို့ရပါပြီ။ Odin ပေါ်မှာ Start ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Odin ကနေပြီး Firmware ကိုတင်ပေးလိုက်မှာ ဖြစ်ပါတယ်။
ပြီးရင်တော့ Reboot ကျသွားမှာဖြစ်ပြီး ခဏနေရင် ပါဝါပြန်တက် လာပါလိမ့်မယ်။ Samsung Logo နေရာကနေ ပါဝါဆက်မတက်ဘဲဖြစ် နေတယ်ဆိုရင်တော့ ဖုန်းကိုဘက်ထရီ ဖြုတ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ Volume Up ခလုတ်၊ Home Key နဲ့ ပါဝါခလုတ်သုံးခုကို တစ်ပြိုင်တည်း နှိပ်ထားလိုက်ပါ။


ပေါ်လာတဲ့ မြင်ကွင်းပေါ်မှာ Factory Data Reset ဆိုတာရှိပါတယ်။ ဖုန်းကို Reset လုပ်လိုက်ပါ။ ပြီးရင်တော့ Reboot ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ပါဝါတက်လာ ပါလိမ့်မယ်။

အဆင်ပြေကြပါစေ

ကိုမိုးစက်



 

 
 

Related Posts Plugin for WordPress, Blogger...