ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Sunday, December 28, 2014

Hacker တွေက သင့်ရဲ့ Password ကိုဘယ်လိုရယူနိုင်သလဲ

သင့်ရဲ့password ကို Hacker တွေ ဘယ်လိုရယူနိုင်သလဲ?
ဘယ်လိုကာကွယ်နိုင်မလဲ?

၁။ကွန်ပျူတာခလုပ်ခုံ(ကီးဘုတ်)မှမှတ်တမ်းများရယူခြင်း
(Log Keystroke)

ဒီနည်းကတော့ Key logger program တစ်ခုကိုအသုံးပြုပြီး ၄င်းကွန်ပျူတာမှာ
အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။
ဒီနည်းနဲ့ အသုံးပြုသူရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကို အလွယ်တကူရရှိနိုင်ပါတယ်။များသောအားဖြင့်
အင်တာနက်ဆိုင်မှာသုံးတဲ့သူငယ်ချင်းတွေ သတိထားစေလိုပါတယ်။(မိမိသုံးနေတဲ့ ကွန်ပျူတာ
မှာ Key Logger program ရှိမရှိ သိနိုင်ဖို့  အောက်မှာကျွန်တော်ပြပေးထားပါတယ်။

၂။ စကားဝှက်များရယူခြင်း ( Hack password)
စကားဝှက်များရယူခြင်းနည်းမှာတော့ နည်းလမ်းများစွာရှိပါတယ်။
အသုံးအများဆုံးနည်းတွေကတော့ SQL Injection နည်းနဲ့ အသုံးပြုသူတွေစကားဝှက်
အပေးအများဆုံးတွေကို ခန့်မှန်း
ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။
Dictionary Attack & Brute Force Attack
ဆိုပြီးနှစ်ပိုင်းခွဲခြားနိုင်ပါတယ်။

၃။ မလွယ်ပေါက်မှဝင်ရောက်ခြင်းနည်း
(Gain backdoor)
မိမိကွန်ပျူတာရဲ့အားနည်းချက်(ဟာကွက်) တွေကနေ ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။
ဒီလိုဝင်ရောက်ရာမှာလည်းနံပါတ်(၂) ကအတိုင်းပဲ Dictionary Attack & Brute Force Attack
နည်းလမ်းနှစ်မျိုးကိုပဲသုံးကြပါတယ်။
(Dictionary Attack ဆိုတာကတော့ အဘိဓာန်ထဲမှာပါဝင်တဲ့စကားလုံးတွေသွင်းထည့်ရင်း ဝင်ရောက်တဲ့နည်းလမ်းပါ။
Brute Force Attack ဆိုတာကတော့ Keyboard system မှာပါတဲ့စာလုံးတွေကို ပေါင်းစပ်ဝင်ရောက်တဲ့နည်းပါ။)

၎။တစ္ဆေကွန်ယက်တစ်ခုဖန်တီးရယူခြင်း(Create bonet computer)
ဒီနည်းကတော့နိုင်ငံအနှံ့အပြားက ကွန်ပျူတာတွေကိုbonet ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်စေပြီး
မိမိလိုအပ်တဲ့အချိန်ကျမှ သားကောင်ဆာဗာတွေကို တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်။ဒါကို Distribution
Deny of Service Attack(DDoS) လို့ ခေါ်ပါတယ်။

၅။ အီးမေးလ်များမှရယူခြင်း (Phishing)
ဒီနည်းကတော့ အသုံးပြုသူရဲ့အီးမေးလ်လိပ်စာကို အတုအယောင်စာတွေပေးပို့ကာ မိမိလိုအပ်တဲ့
ဆာဗာကိုလာရောက်စေပြီး စကားဝှက်တွေရယူနိုင်တဲ့နည်းပါပဲ။ဒါ့အပြင်ကွန်ယက်ထဲကနေ အီးမေးလ်တွေကို
ကြားဖြတ်ရယူနိုင်တဲ့နည်းတွေကိုလည်းသုံးပါတယ်။(အနီးစပ်ဆုံးပြောရရင် မနှစ်ကတော်တော်နာမည်ကြီးခဲ့တဲ့
ဝီကီလိစ်ဒ် ဖောက်ချခဲ့တဲ့ ကြေးနန်းတွေ၊အီးမေးလ်တွေက ဒီနည်းနဲ့သုံးခဲ့တာပါ။)
ဒါတွေကတော့မိမိ password ကို Hacker တွေဘယ်လိုရယူနိုင်လည်းဆိုတာတွေထဲက နည်းလမ်းတစ်ချို့ပါ။
ဆက်ပြီးတော့ ဒါတွေကိုဘယ်လိုကာကွယ်နိုင်မလဲဆိုတာ ကျွန်တော်သိသလောက်ပြန်လည်မျှဝေပါမယ်။

၁။ တစ်ခါမှမေးလ်မပို့ ဖူးသူ(မိမိနဲ့ မသိသူ) ပေးပို့ လာတဲ့အီးမေးလ်တွေကိုသေချာစစ်ဆေးပါ။မေးလ်းပို့ပြီး
သူငယ်ချင်းတို့ရဲ့ (password) ကိုယူမယ့် program ကို
သူငယ်ချင်းတို့ ကိုယ်တိုင်နှိပ်မိအောင်
နှိပ်ချင်လာအောင်လုပ်တဲ့နည်းပါ။
ဒါကြောင့် အီးမေးလ်စစ်တဲ့အခါမှာ ကိုယ့်ဆီဝင်လာတဲ့မေးလ်တိုင်း သေချာအောင်စိစစ်ပါ။
ဖွင့်ပြီးဖတ်ကြည့်လို့တော့ရပါတယ်။
ဒါပေမဲ့အထဲကပါလာတဲ့ဖိုင်တွေ link တွေကို လုံးဝမနှိပ်မိပါစေနဲ့ ။မသင်္ကာဘူးထင်ရင်
တစ်ခါတည်း ဖျက်လိုက်ပါ။ password ခိုးမယ့်ဖိုင်ဟာ သီချင်း၊ဗီဒီယို၊ဆော့ဝဲ၊လင့် တစ်ခုခုဖြစ်နေပါလိမ့်မယ်။
ဒါတွေက
Song+ Hack program (or) Movie+ hack program (or) Software+ Hack program တစ်ခုခုဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် ဖန်တီးထားတဲ့ Web Site ရဲ့လင့်တစ်ခုခုဖြစ်နေပါလိမ့်မယ်။
(ဥပမာပေါ့ ဟိုမော်ဒယ်လ်ရဲ့ဟိုကားကြည့်ချင်ရင်
ဒီမှာကလစ်လိုက်ပါဆိုပြီး ကိုယ်ကကြည့်ချင်ဇောနဲ့ ကလစ်လိုက်ရင် ဟိုကားမကြည့်ရပဲ ကိုယ့်(password)
ပါသွားပါလိမ့်မယ်။အထူးသဖြင့် ကျွန်တော်တို့ ဘော်ဒါကြီးတွေ သတိထားပါဗျ။)

၂။ ဒီတစ်ချက်ကတော့သူငယ်ချင်းတို့ စက်မှာ Gtalk သုံးရင် remember password နေရာကို
အမှန်မှတ်လေးတခါတလေပျင်းလို့ခြစ်မိတယ်ထားပါဦး အဲ့ဒီ (password ) ကိုကွန်ပျူတာကမှတ်ထားမှာပါ။
နောက်ပြီး Mozilla နဲ့ မေးလ်စစ်တဲ့အခါတွေ၊
web site တစ်ခုခုမှာ
မန်ဘာဝင်တာတွေမှာ remember (password) တွေမလုပ်မိပါစေနဲ့ ။

၃။ Key Logger ဝင်မဝင်စစ်ပါ။
ဒါကတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့မိမိpassword ရယူနိုင်တဲ့နည်းတွေထဲက
နံပါတ်တစ်အချက်ကိုပြောတာပါ။ဒါကတော့အင်တာနက်ဆိုင်မှာသုံးရတဲ့သူငယ်ချင်းတွေအတွက်ပါ။
ဆိုင်မှာသုံးတဲ့သူတွေအနေနဲ့  မိမိသုံးနေတဲ့စက်မှာ key logger software ကြိုပြီး run
ထားလားဆိုတာစစ်ဆေးရပါမယ်။ဒီဆော့ဝဲက သူငယ်ချင်းတို့ keyboard မှာရိုက်သမျှစာတွေကို
မှတ်ထားတဲ့ဆော့ဝဲပါ။နောက်ပြီးကိုယ်ဝင်ထားတဲ့
website တွေအားလုံး မိမိလုပ်ဆောင်ချက်
်အားလုံးကိုလိုက်မှတ်နေမှာပါ။
ဒီတော့ကာ အဲ့ဒီဆော့ဝဲလေး
run ထားလားဆိုတာသိရအောင်
ဘယ်လိုစစ်မလည်း။ဟုတ်ကဲ့ပြောပါမယ်။
Ctrl+Shift+Esc(or)Ctrl+Alt+Del eJY Task Manager ကိုခေါ်လိုက်ပါ။
Process ဆိုတဲ့ tag ကိုနှိပ်ပြီး msdts.exe ဆိုတာကိုလိုက်ရှာကြည့်ပါ။
ရှိတယ်ဆိုရင်တော့သေချာပါတယ်။
key logger software သုံးထားပါတယ်။
ချက်ချင်းသာထပြန်လိုက်ပါ။မသုံးမဖြစ်သုံးရမယ်ဆိုရင်လဲ
ရပါတယ်။ တွေ့နေတဲ့ msdts.exe ဆိုတာကိုကလစ်ပြီး End process ပေးလိုက်ပါ။ အဲဒါဆိုရင်တော့
key logger ကို ကာကွယ်နိုင်ပါပြီ။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tag ထဲက
ကိုယ်သုံးမယ့် Gtalk,Vzo စတာလောက်ပဲ ထားပြီးတော့ကျန်တာအကုန်လုံး
Disable (or) End process ပေးလိုက်တာအကောင်းဆုံးပါ။ဘာလို့လည်းဆိုတော့သုံးနေတဲ့သူအနေနဲ့ ဒီဆော့ဝဲက ဘယ်လိုဖိုင်အမျိုးအစားကို
Record လုပ်တယ်ဆိုတာ မသိနိုင်ပါဘူး။ဒီတော့ကာ...
အန္တရာယ်ကင်းဘေးရှင်းအောင် အားလုံးကို Disable (or) End Process ပေးပြီးကိုယ်သုံးချင်တာလောက်ပဲ
manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။

Task Manager မှာ msdts.exe ဖိုင်ရှိနေတယ်ဆိုရင်ပုံကအပြာရောင်လိုင်းလေးအတိုင်းဖိုင်ပေါ်ကိုကလစ်လိုက်ပါ
ပြီးရင်အောက်ကEnd process ဆိုတာကိုနှိပ်လိုက်ပါ။
ကျွန်တော်သိသမျှပြန်လည်ဝေမျှပါတယ်။အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ။


ကိုမိုးစက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...