“တော်သလင်းမိုး ကန်သင်းကျိုး၊
တော်သလင်းနေ ပုစွန်သေ” ဟု ဆိုရိုးစကားရှိခဲ့သော တော်သလင်းလ သည်
မြန်မာနိုင်ငံ မြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်များထဲမှ တော်သလင်းလပြည့် -
ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေသည်။ “ဂရုဓမ္မ” ဆိုသည်မှာ အလေးအနက်ပြု၍ လေးလေးစားစား
စောင့်ထိန်းလိုက်နာအပ်သည့် သီလ တရားဖြစ်သလို ရှေးဘုရားလောင်း သူတော်ကောင်းကြီးများ
ရိုရိုသေသေ ကျင့်သုံးခဲ့သည့်အတွက် ဂရုဓမ္မတရား ဟု အမည်ရခြင်း ဖြစ်ပါသည်။ ဂရုဓမ္မအခါတော်နေ့ဟု ဆိုလိုက်သည်နှင့်
မြန်မာပြည်၏ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြင်ယောင်မိလာပါတော့သည်။
မှတ်မိသလောက်ဆိုရင် 2008 ခုနှစ် နာဂစ်မုန်တိုင်းမှစ၍ ယနေ့မျက်မှောက်ထိ အချိန်အခါမဲ့
သဘာဝဘေးအန္တရာယ်များ ကျရောက်နေခဲ့တာတွေကို မြန်မာပြည်သူ ပြည်သားများနှင့်
အုပ်ချုပ်သူအာဏာရှင်များ၊ အကိုးကွယ်ခံရဟန်းသံဃာများလည်း မျက်ဝါးထင်ထင် တွေ့နေမြင်နေရသလို ကိုယ်တိုင်ကြုံတွေ့ပြီး ဒုက္ခပင်လယ်ဝေနေသူများလည်း ရှိကြပေမည်။
မည်ကဲ့သို့သောအကြောင်းများကြောင့် ယခုကဲ့သို့ သဘာဝ
ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနေရသလဲဆိုတာကို ရဟန်းသံဃာများ နှင့် ဗုဒ္ဓစာပေ လေ့လာဖူးသူများ သိကြသလို မသိကြသေးသူများအနေဖြင့် အရင်းစစ်လျှင် အမြစ်ကထင်ပြီး ဂရုဓမ္မတရား အကျဉ်းချုပ်ကို အနှစ်ထုတ်ကာ မှတ်သားနာယူနိုင်ကြစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။
ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနေရသလဲဆိုတာကို ရဟန်းသံဃာများ နှင့် ဗုဒ္ဓစာပေ လေ့လာဖူးသူများ သိကြသလို မသိကြသေးသူများအနေဖြင့် အရင်းစစ်လျှင် အမြစ်ကထင်ပြီး ဂရုဓမ္မတရား အကျဉ်းချုပ်ကို အနှစ်ထုတ်ကာ မှတ်သားနာယူနိုင်ကြစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။
ဂေါတမ
ဘုရားအလောင်း ပါရမီတော်များကို ဖြည့်ကျင့်စဉ်က ဘုရားအလောင်းတော်သည် ကုရုတိုင်း
ဣန္ဒပတ္တနဂိုရ်မြို့တွင် ဓနဉ္စယကောရဗျမင်းအဖြစ် မင်းကျင့်တရားဆယ်ပါးနှင့်အညီ
တိုင်းပြည်ကို အုပ်ချုပ်သလို ငါးပါးသီလကို ကိုယ်တိုင်လည်းစောင့် တိုင်းသူပြည်သားတွေ
ကိုလည်း လုံလုံခြုံခြုံစောင့်စည်း စေခဲ့သည်။ ဘုရားလောင်းအုပ်ချုပ်သည့်တိုင်းပြည်မှာ
လူတိုင်းငါးပါးသီလ လုံခြုံသည့်အတွက် မိုးလေ၀သ မှန်ကန်ပြီး တိုင်းပြည်သာယာ ၀ပြောသလို
ကောက်ပဲသီးနှံ စပါးဆန်ရေပေါများလှ၏။ ပြည်သူလူ အများလည်း ငြိမ်းချမ်း၍
ရောဂါဘေးဆိုးများမှ ကင်းဝေးကြရပေသည်။
ကုရုတိုင်းသူပြည်သားများ
စောင့်ထိန်းသည့်သီလတရားဖြစ်ခြင်းကြောင့် ကုရုဓမ္မဟု ခေါ်ဆိုလာရာမှ
အချိန်ကြာမြင့်လာသောအခါ အလေးအမြတ်ထားကာ စောင့်ထိန်းကြသောကြောင့် ကုရုဓမ္မမှ ဂရုဓမ္မဟု
ပြောင်းလဲ ခေါ်ဆိုလာကြပေသည်။ မြန်မာနိုင်ငံတွင်မူ ရှေးကျသော ဆရာတော်ကြီးများမှ
အမြဲမပြတ်စောင့်ထိန်းသင့်သည့်သီလဖြစ်သည့်အတွက် နိစ္စဂရုဓမ္မသီလ ဟု ထပ်ဆင့်ပြောင်းလဲ
ခေါ်ဆိုခဲ့ကြပေသည်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲမြံစွာ စောင့်ထိန်းရမည်ဟု
စာပေတွင် တွေ့ရသောကြောင့် ပုဆိုးဝတ်သော အမျိုးသားများအတွက်သာဖြစ်သည်
အမျိုးသမီးများနှင့်မဆိုင်ဟု အမျိုးသမီးများမှ ထင်ယောင်ထင်မှား ဖြစ်နေကြသလို
ခေတ်စနစ်တွေတိုးတက်ပြောင်းလဲလာ၍
ပုဆိုးမ၀တ်ပဲ ဘောင်းဘီ၊ စကတ်၊ လုံချည်ဝတ်သူများအနေဖြင့်လည်း စောင့်ထိန်းသင့်ပေသည်။
လူဝတ်ကြောင်များအတွက် ငါးပါးသီလ လုံခြုံသင့်သလို၊ တိုင်းပြည်အုပ်ချုပ်သူမင်းများလည်း မင်းကျင့်တရား ၁၀ ပါးနှင့်အညီ အုပ်ချုပ်ခြင်း၊ ရဟန်းသံဃာများလည်း ရဟန်းကျင့်ဝတ်တရားများနှင့်အညီ ကျင့်သုံးခြင်းဖြင့် လူတိုင်းကိုယ်စီ ကိုယ်ကျင့်တရားများကိုကောင်းမွန်စွာ ကျင့်သုံးကြမည်ဆိုလျှင် မိုး လေ၀သများ မှန်ကန်ပြီး သာယာဝပြောသည့်တိုင်းပြည်ကို ရရှိပေလိမ့်မည်။
ပုဆိုးမ၀တ်ပဲ ဘောင်းဘီ၊ စကတ်၊ လုံချည်ဝတ်သူများအနေဖြင့်လည်း စောင့်ထိန်းသင့်ပေသည်။
လူဝတ်ကြောင်များအတွက် ငါးပါးသီလ လုံခြုံသင့်သလို၊ တိုင်းပြည်အုပ်ချုပ်သူမင်းများလည်း မင်းကျင့်တရား ၁၀ ပါးနှင့်အညီ အုပ်ချုပ်ခြင်း၊ ရဟန်းသံဃာများလည်း ရဟန်းကျင့်ဝတ်တရားများနှင့်အညီ ကျင့်သုံးခြင်းဖြင့် လူတိုင်းကိုယ်စီ ကိုယ်ကျင့်တရားများကိုကောင်းမွန်စွာ ကျင့်သုံးကြမည်ဆိုလျှင် မိုး လေ၀သများ မှန်ကန်ပြီး သာယာဝပြောသည့်တိုင်းပြည်ကို ရရှိပေလိမ့်မည်။
ကုရုတိုင်း
ဣန္ဒပတ္တနဂိုရ်မြို့တွင် ဓနဉ္စယကောရဗျမင်းအုပ်ချုပ်စဉ် ကာလိင်္ဂမင်း စိုးစံသော ဒန္တပူရပြည်သည်ကား
မိုးခေါင်ရေရှားဖြစ်နေ၍ ဆန်ရေစပါး ရှားပါးသောကြောင့် လူအများလည်း ငတ်မွတ်ခေါင်းပါးက
ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရပေသည်။ ယနေ့ခေတ်အမြင်ဖြင့် ချိန်ထိုးကြည့်လျှင်
တိုင်းပြည်တွင်း မိုးလေ၀သမမှန် မိုးခေါင်ရေခြား အလုပ်အကိုင်မရှိ၍
ဆင်းရဲတွင်းချွတ်ခြုံကျကာ ထိုင်းနိုင်ငံသို့ အလုပ်သမားများ ၅ သန်းမျှ
ထွက်ခွါလုပ်ကိုင်နေကြရသလို စင်္ကာပူ မလေးစသည့်ဖြင့် ကမ္ဘာအနှံ့ အလုပ်လုပ်ကိုင်ရန်အတွက်
ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလုပ်ကိုင်နေကြရသည့် မြန်မာပြည်သူပြည်သားများထက်တော့
ဒန္တပူရပြည်က အခြေနေမဆိုးလောက်သေးဘူးထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကာလိင်္ဂမင်းသည်
ကုရုတိုင်းသို့ အလုပ်သမားများ စေလွှတ်ခြင်း အိမ်ဖော်များ စေလွှတ်ခြင်းစသည်တို့ကို
မပြုလုပ်ပဲ ကုရုတိုင်း၏ မည်သို့သောအကြောင်းကြောင့် မိုးလေ၀သမှန်ကာ
တိုင်းပြည်သာယာဝပြောသည်ကို လေ့လာအတုခိုးကာ တိုင်းပြည်တိုးတက်အောင်
ပြုလုပ်သောကြောင့်တည်း။
တစ်နေ့တွင်
ဒန္တပူရမြို့ ကာလိင်္ဂမင်း၏ နန်းတော်တံခါးဝတွင် ဆင်းရဲဒုက္ခကိုခံစားနေကြရသော
တိုင်းသူပြည်သားများ စုရုံးကာ ပုဒ်မ ၁၈ ကိုပင် မကြောက်တော့ပဲ လက်ရှိပြည်သူ
ပြည်သားများ ခံစားနေကြရသော ဘေးဒုက္ခအန္တရာယ်များကို ကာလိင်္ဂမင်းကြီး သိရှိပြီး
တိုင်းပြည်တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်
ဆန္ဒပြတောင်းဆိုကြပေသည်။ ရှေးတုန်းက မင်းများသည်က တိုင်းသူပြည်သားများကို
ရင်ဝယ်သားကဲ့သို့ အလေးထားစောင့်ရှောက်ကာ ပြည်သူ့အသံကို အမြဲနားစွင့်နေသောကြောင့်
"ငါ့တိုင်းသူပြည်သားများကိုတော့ ဘယ်နည်းနဲ့မျှ အငတ်မထားနိုင်ဘူး၊ မိုးမရွာလျှင်
မိုးရွာအောင်လုပ်မည်၊ အလုပ်မရှိလျှင်
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများများဝင်လာအောင်လုပ်မည်၊ ကားတစ်စီး သိန်း ၃၀ - ၄၀
နဲ့သွင်းလာခဲ့သည်များကို ၂ သိန်း - ၃ သိန်းလောက်ဖြင့် လိုင်စင်ထုတ်ပေးမည် စသည်ဖြင့်
အခွန်အတုပ်များကို အတတ်နိုင်ဆုံး လျှော့ချကာ တိုင်းသူပြည်သားအကျိုး ဆောင်ရွက်မည်"
ဟု ဆုံးဖြတ်ချက်ချကာ တိုင်းပြည်တိုးတက်ရေးအတွက် ဦးတည်ချက်မှန်မှန်ဖြင့်
လုပ်ဆောင်သော်လည်း အခြေအနေအရ မတိုးတက်သေးသည့်အတွက် ဘယ်သူသေသေ မသေသေ
ငတေမာရင်ပြီးရောဟု စိတ်သဘောမထားပဲ တိုင်းသူပြည်သားများ အမေကျော်ဒွေးတော်လွမ်းကာ
မင်းကျင့်တရားနဲ့အညီအုပ်ချုပ်ကာ တိုးတက်နေသည့် ကုရုတိုင်းသို့
ပြောင်းရွှေ့မလုပ်ကိုင်စေလိုသောကြောင့် မှူးကြီးမတ်ရာများနဲ့ တိုင်ပင်ပြီး
အဘယ့်ကြောင့်ကုရုတိုင်းတွင် မိုးလေ၀သမှန်ကန်ကာ တိုင်းပြည်တိုးတက်ချမ်းသာပြီး
တိုင်းသူပြည်သားများ အေးအေးချမ်းချမ်းနေထိုင်နိုင်ကြသည်ကို ကိုယ်စားလှယ်လွှတ်၍
စုံစမ်းလေသည်။
ကုရုတိုင်းတွင် အဉ္စန၀ဏ္ဏ
ဆင်ဖြူတော်ရှိနေ၍ ရာသီဥတုမှန်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ဆန်ရေစပါး
ပေါကြွယ်ဝနေခြင်းဖြစ်မည်ဟု ထင်မှတ်ကာ အမတ် ၈ ယောက်ကိုလွှတ်၍ ကာလိင်္ဂတိုင်းမှ
ဆင်ဖြူတော်ကို အလှူခံကာ ကာလိင်္ဂမင်း၏ ဒန္တပူရမြို့သို့ အရောက်ဆောင်ယူခဲ့ကြလေသည်။ ဆင်ဖြူတော် ရောက်လာပြီး
နောက်ပိုင်းတွင်လည်း ဒုံရင်း ဒုံရင်းဖြင့် ဆုတ်ယုတ်မြဲဆုတ်ယုတ်ကာ ဆင်းရဲမွှဲတေမြဲ
မွဲတေနေသောကြောင့် ကုရုတိုင်းသည် အဉ္စန၀ဏ္ဏဆင်ဖြူတော်ကြောင့် တိုးတက်သည်မဟုတ်ရာ
အခြားအကြောင်းအရာများ ရှိတန်ရာ၏ဟု
စုံစမ်းရာတွင် ကုရုတိုင်းသည် ဓနဉ္စယကောရဗျမင်းမှ အစပြု၍ အောက်တန်းစား ပြည့်တန်ဆာမအထိ
ငါးပါးသီလလုံခြုံအောင် စောင့်ထိန်းကြသည်ဟု
ဆုံးဖြတ်ချက်ချကာ ကုရုတိုင်းသို့
ဆင်ဖြူတော်ကိုပြန်အပ်နှင်းကာ ကောရဗျမင်းနှင့်တိုင်းသူပြည်သားများ
စောင့်ထိန်းနေသည့် ငါးပါးသီလကို ရွှေပေလွှာတွင် ရေးမှတ်ခဲ့ရန် အထောက်တော်များကို
စေလွှတ်လိုက်လေသည်။
ဤသို့ဖြင့်
ကာလိင်္ဂမင်း၏ အမတ်တို့သည် ဣန္ဒပတ္ထနဂိုရ်မြို့သို့ဝင်၍ ကောရဗျမင်းထံ ၀င်ရောက်ခစားကာ
ကောရဗျမင်းကျင့်သုံးနေသော ငါးပါးသီလကို ရွှေပေလွှာတွင်ရေးပေးရန်
လျှောက်ကြားကြလေ၏။
ကောရဗျမင်းကြီးသည်
အမြဲတမ်းစောင့်ထိန်းလာခဲ့သည့် မိမိ၏ သီလကို သံသယအနည်းငယ်ဝင်မိ၍ ၄င်း၏
မယ်တော်ကြီးထံမှသာ ငါးပါးသီလကို ယူရန်စေလွှတ်လိုက်ပြန်၏။
၁။
အမတ်တို့ရေ - ငါတို့တိုင်းပြည်မှာ ၃ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့
တန်ဆောင်တိုင်ပွဲတော်မှာ မင်းညီမင်းသားတွေက နတ်သားတမျှ တောက်ပသစ်လွင်တဲ့
အ၀တ်တန်ဆာတွေဝတ်ဆင်ပြီး စိတ္တရာဇာနတ်မင်းရဲ့နတ်ကွန်းပေါ်ကနေ ပန်းမြှားတွေနဲ့
အရပ်လေးမျက်နှာကို ပစ်လွှတ်ကြတုန်းက မြှားလေးစင်းပစ်လိုက်ရာတွင် မြှားသုံးစင်းကို
ရှာတွေ့ပြီး မြှားတစ်စင်းကတော့ ရေထဲကျသွားလို့ ရှာမရခဲ့ဘူး။ ရေထဲကငါးကိုများ
ထိမှန်သွားလေသလားဟု သံသယ၀င်နေမိသည့်အတွက်ကြောင့် မယ်တော်ကြီးထံ
ငါးပါးသီလကိုသွားယူကြပါဟု အမတ်များကို စေလွှတ်လိုက်လေ၏။
ကောရဗျမင်းကြီး၏ လမ်းညွှန်မှုဖြင့်
ကာလိင်္ဂမင်း၏ အမတ်တို့သည် ကောရဗျမင်း၏ မယ်တော်ကြီးထံသို့
ဝင်ရောက်ခစားကာ ငါးပါးသီလကို တောင်းခံကြလေသည်။
၂။ မယ်တော်ကြီးကလည်း - အမတ်တို့ရေ - ကောရဗျမင်းကြီးက ဆက်သလာတဲ့ အသပြာတစ်ထောင်တန် ရွှေပန်းခိုင်ကြီးကို မယ်တော်ကြီးအနေနဲ့ ပန်းပန်တဲ့အရွယ်လဲမဟုတ်တော့ ဘုရင့်မိဖုရားခေါင်ကြီးကို ပေးလိုက်မိပြီး၊ အိမ်ရှေ့မင်းသား၏ မိဖုရားကိုတော့ စန္ဒကူး နံ့သာ လိမ်းခြယ်စရာကိုသာ ပေးလိုက်မိလို့ စိတ်မကောင်းပဲ သံသယ၀င်နေမိ၍ မိဖုရားခေါင်ကြီးတော့ သီလစင်ကြယ်လိမ့်မည် မိဖုရားခေါင်ကြီးထံ ငါးပါးသီလကို သွားယူကြဟု အမတ်တို့ကို စေလွှတ်လိုက်လေသည်။
ဝင်ရောက်ခစားကာ ငါးပါးသီလကို တောင်းခံကြလေသည်။
၂။ မယ်တော်ကြီးကလည်း - အမတ်တို့ရေ - ကောရဗျမင်းကြီးက ဆက်သလာတဲ့ အသပြာတစ်ထောင်တန် ရွှေပန်းခိုင်ကြီးကို မယ်တော်ကြီးအနေနဲ့ ပန်းပန်တဲ့အရွယ်လဲမဟုတ်တော့ ဘုရင့်မိဖုရားခေါင်ကြီးကို ပေးလိုက်မိပြီး၊ အိမ်ရှေ့မင်းသား၏ မိဖုရားကိုတော့ စန္ဒကူး နံ့သာ လိမ်းခြယ်စရာကိုသာ ပေးလိုက်မိလို့ စိတ်မကောင်းပဲ သံသယ၀င်နေမိ၍ မိဖုရားခေါင်ကြီးတော့ သီလစင်ကြယ်လိမ့်မည် မိဖုရားခေါင်ကြီးထံ ငါးပါးသီလကို သွားယူကြဟု အမတ်တို့ကို စေလွှတ်လိုက်လေသည်။
၃။
ဘုရင့်မိဖုရားခေါင်ကြီးကလည်း - အမောင်တို့ရေ - ကောရဗျမင်းကြီး နတ်ရွာစံသွားရင်
အိမ်ရှေ့မင်းက အကျွန်ုပ်အား မိဖုရား တင်မြှောက်ရင်ကောင်းမှာပဲဟု အိမ်ရှေ့မင်းသားအား
စိတ်နဲ့ပြစ်မှားမိဖူးတဲ့အတွက် ကိုယ့်သီလကို သံသယ၀င်နေမိသောကြောင့်
အိမ်ရှေ့မင်းကတော့ သီလနဲ့ပြည့်စုံတန်ရာတယ် အိမ်ရှေ့မင်းသားထံ ငါးပါးသီလ သွားယူကြဟု
စေလွှတ်လိုက်လေ၏။
၎။
အိမ်ရှေ့မင်းသားကလည်း - အမတ်တို့ရေ - အကျွန်ုပ်သည် နောင်တော် ကောရဗျမင်းထံ
အခစားဝင်သည့်ညက လေပြင်းမုန်တိုင်းကျ၍ အဆောင်တော်သို့ မပြန်ဖြစ်တော့ပဲ ဘုရင့်နန်းတော်တွင်သာ အမှတ်မထင် အိပ်စက်လိုက်သည်အခါ အကျွန်ုပ်အား အရိုသေပေးရန်စောင့်မျှော်နေကြသည့် ရထားမှူးနှင့် တိုင်းသူပြည်သားများသည် မိုးရေစိုရွှဲကုန်လျှက် တစ်ညလုံး ချမ်းချမ်းအေးအေးဖြင့် စောင့်မျှော်နေခဲ့ရဖူးတဲ့အတွက် ညှဉ်းဆဲရာရောက်သည်ဟု ထင်မှတ်ပြီး ကိုယ့်သီလကို သံသယ
ဝင်နေခဲ့ဖူးပါသည်။ ပုရောဟိတ်ပုဏ္ဏားကြီးထံသာ ငါးပါးသီလ သွားယူကြဟု စေလွှတ်လိုက်ပြန်၏။
အခစားဝင်သည့်ညက လေပြင်းမုန်တိုင်းကျ၍ အဆောင်တော်သို့ မပြန်ဖြစ်တော့ပဲ ဘုရင့်နန်းတော်တွင်သာ အမှတ်မထင် အိပ်စက်လိုက်သည်အခါ အကျွန်ုပ်အား အရိုသေပေးရန်စောင့်မျှော်နေကြသည့် ရထားမှူးနှင့် တိုင်းသူပြည်သားများသည် မိုးရေစိုရွှဲကုန်လျှက် တစ်ညလုံး ချမ်းချမ်းအေးအေးဖြင့် စောင့်မျှော်နေခဲ့ရဖူးတဲ့အတွက် ညှဉ်းဆဲရာရောက်သည်ဟု ထင်မှတ်ပြီး ကိုယ့်သီလကို သံသယ
ဝင်နေခဲ့ဖူးပါသည်။ ပုရောဟိတ်ပုဏ္ဏားကြီးထံသာ ငါးပါးသီလ သွားယူကြဟု စေလွှတ်လိုက်ပြန်၏။
၅။
ပုရောဟိတ်ပုဏ္ဏားကြီးကလည်း - အမတ်တို့ရေ - အကျွန်ုပ်သည်လည်း ကောရဗျမင်းကြီးကို
ဆက်သလာသည့် ရထားအသစ်တစ်စီးကို ငါရလိုက်ရင် ကောင်းမှာပဲဟု စိတ်နဲ့
လိုချင်မှုဖြစ်ခဲ့ဖူးသည့်အတွက် ကိုယ့်သီလကို သံသယ ဖြစ်နေခဲ့ပါ၍ မြေတိုင်းအမတ်ကတော့
သီလစင်ကြယ်လိမ့်မည် မြေတိုင်းအမတ်ထံသွားကြပါဟု စေလွှတ်လိုက်ပြန်၏။
၆။
မြေတိုင်းအမတ်ကြီးကလည်း - အမတ်တို့ရေ - အကျွန်ုပ်သည်လည်း မကြာသေးခင်က
ဘုရင်ကြီး၏လယ်နှင့် သူဌေးတစ်ဦး၏ လယ်နိမိတ်တိုင်းစဉ်က မြေတိုင်းကြိုးကို
တုတ်ချွန်တွင်တပ်ကာ ပုစွန်တွင်းတစ်ခုပေါ် ထိုးစိုမိလိုက်ဖူးသည့်အတွက် ကိုယ့်သီလကို
သံသယ၀င်နေမိပါ၍ ရထားထိန်းကြီးကတော့ သီလစင်ကြယ်လိမ့်မယ် ရထားထိန်းထံသွားကြဟု
စေလွှတ်လိုက်ပြန်၏။
၇။
ရထားထိန်း - "အမတ်တို့ရေ - အကျွန်ုပ်သည်လည်း အလွန်အင်မတန် လိမ္မာရေးခြားရှိသည့်
သိန္ဓောမြင်းတွေကို မလိုအပ်ပဲ နှင်တံဖြင့် ရိုက်နှက်မိသည့်အတွက် နှင်တံဖြင့်
ရိုက်နှက်ခဲ့သည့်နေရာရောက်တိုင်း သိန္ဓောမြင်းတွေ အလျင်စလို မလိုအပ်ပဲ အလိုလို
အလျင်အမြန်ပြေးနေကြပါ၏။ ထို့ကြောင့် အကျွန်ုပ်သည်လည်း ကိုယ့်သီလကို သံသယ၀င်နေမိပါ၍
သူဌေးကြီးထံတွင်သာ ငါးပါးသီလ သွားယူကြ"ဟု စေလွတ်လိုက်ပြန်၏။
၈။
သူဌေးကြီး - " အမတ်တို့ရေ - အကျွန်ုပ်သည်လည်း လယ်တော ယာတောထဲ ဆင်းစဉ်က
ရွှေရောင်သန်းနေသည့် စပါးနှံတစ်ခုကို အမှတ်တမဲ့ ကောက်ယူကာ ခေါင်းပေါ်မှာ
ပန်ဆင်ခဲ့ဖူးပါ၏။ ဘုရင်မင်းကြီးကို အခွန်မဆက်သခင် ကောက်ယူမိသည့်အတွက် ကိုယ့်သီလကို
သံသယ ၀င်နေမိပါ၍ တင်းခြင်သမားတော့ သီလဖြူစင်လိမ့်မည် တင်းခြင်သမားထံသို့ သွားကြ"ဟု
စေလွှတ်လိုက်ပြန်၏။
၉။
တင်းခြင်သမား - "အမတ်တို့ရေ - အကျွန်ုပ်သည်လည်း ဘုရင်ကြီး၏ စပါးနှင့် သူဌေးတစ်ဦး၏
စပါးတို့ကို တင်းခြင်နေစဉ် မိုးရွာသွန်းသဖြင့် တင်းတောင်းထဲမှ စပါးကို ရုတ်တရက်
သွန်ချပြီး မိုးလွတ်ရာ မိုးခိုလိုက်ရာတွင် စပါးကို မည့်သည့်အပုံဘက်
ပုံချမိလိုက်သည်ကို သတိမရ၍ ကိုယ့်သီလကို သံသယ
ဝင်နေမိပါသောကြောင့် တံခါးမှူးကြီးသာလျှင် သီလလုံခြုံလိမ့်မည်။ တံခါးမှူးကြီးထံ သွားကြလော့"ဟု စေလွှတ်လိုက်ပြန်၏။
ဝင်နေမိပါသောကြောင့် တံခါးမှူးကြီးသာလျှင် သီလလုံခြုံလိမ့်မည်။ တံခါးမှူးကြီးထံ သွားကြလော့"ဟု စေလွှတ်လိုက်ပြန်၏။
၁၀။
တံခါးမှူး - " အမတ်တို့ရေ - အကျွန်ုပ်သည်လည်း တစ်နေ့တွင် တံခါးပိတ်တော့မည့်ဆဲဆဲ
ထင်းခွေပြန်လာကြသော အမျိုးသမီးငယ်တစ်ယောက်၏လက်ကိုဆွဲ၍ အတင်းပြေးဝင်လာသော
အမျိုးသားတစ်ယောက်ကို "တစ်နေ့လုံး တောထဲမှာ မယားနဲ့ပျော်ပါးနေပြီး အခုမှ
ဝင်လာရသလားဟုစိတ်ဆိုးစွာ အော်ဟစ်ကြိမ်းမောင်းမိခဲ့ပါ၏။ ထင်းခွေသမားကလည်း သူ၏ဇနီးမဟုတ်ပဲ နှမသာဖြစ်ကြောင်း ပြန်ပြောင်းပြောပြ၍ စိတ်မကောင်းဖြစ်မိသည့်အတွက် ကိုယ့်သီလကို သံသယ
ဝင်မိပါ၏၊ ပြည့်တန်ဆာမကတော့ သီလစင်ကြယ်လိမ့်မည်။ ပြည့်တန်ဆာမထံသွားကြပါဟု စေလွှတ်လိုက်ပြန်၏။
ဝင်လာရသလားဟုစိတ်ဆိုးစွာ အော်ဟစ်ကြိမ်းမောင်းမိခဲ့ပါ၏။ ထင်းခွေသမားကလည်း သူ၏ဇနီးမဟုတ်ပဲ နှမသာဖြစ်ကြောင်း ပြန်ပြောင်းပြောပြ၍ စိတ်မကောင်းဖြစ်မိသည့်အတွက် ကိုယ့်သီလကို သံသယ
ဝင်မိပါ၏၊ ပြည့်တန်ဆာမကတော့ သီလစင်ကြယ်လိမ့်မည်။ ပြည့်တန်ဆာမထံသွားကြပါဟု စေလွှတ်လိုက်ပြန်၏။
၁၁။
ပြည့်တန်ဆာမ - " အမတ်ကြီးတို့ရေ - ကျမသည်လည်း ကိုယ့်သီလကို သံသယ၀င်နေမိပါ၏။
လုလင်ငယ်တစ်ယောက်က အကျွန်ုပ်နှင့်ပျော်ပါးရန် ငွေအသပြာ ၁ ထောင်ပေးပြီး
ပျောက်သွားခဲ့ပါ၏။ တစ်နေ့လာနိုးနိုး တစ်နေ့လာနိုးနိုးနဲ့ အခြားသူများဖြင့်ပင်
မပျော်ပါးပဲ စောင့်မျှော်နေခဲ့ပါ၏။ ၃ နှစ် ၃ မိုးစောင့်၍ မပေါ်လာ စားဝတ်နေရေးလည်း
ကျပ်တည်းလာသည့်အတွက် တရားသူကြီးကို အကျိုးကြောင်းပြောပြလိုက်သည့်အခါတွင်မှ ၃ နှစ် ၃
မိုးစောင့်၍မှ ပေါ်မလာခဲ့လျှင် အပြစ်မရှိ တခြားတစ်ယောက်ဖြင့် ပျော်ပါးနိုင်ပြီဟု
အမိန့်ချလိုက်သည်နှင့် တခြားတစ်ယောက်နှင့်ပျော်ပါးရန် အခကြေးငွေကို လက်အကမ်း အသပြာသ
၁ ထောင်ပေးခဲ့ဖူးသော လုလင်ငယ်ရုတ်တရက်ရောက်လာခဲ့၍ ကိုယ့်ကိုယ်ကို ရှက်ရွံ့မိခဲ့ပါ၏။
၎င်းလုလင်ငယ်သည်ကား အခြားမဟုတ် အကျွန်ုပ်၏ ကိုယ်ကျင့်သီလကို စမ်းသပ်လို၍ ရောက်လာသည့်
သိကြားမင်းဖြစ်ပေ၏။ အကျွန်ုပ်သည်လည်း ၄င်းအဖြစ်အပျက်အတွက် ယနေ့တိုင် စိုးရွံ့ကာ
သံသယ၀င်နေမိပါ၏။
ကာလိင်္ဂမင်း၏
အမတ်တို့သည်လည်း ပြည့်တန်ဆာမထံမှ ငါးပါးသီကို ရွှေပေလွှာတွင် ရေးမှတ်ကာ
ပြည်တော်ပြန်သွားကြလေ၏။
ကောရဗျမင်း၏
မယ်တော်ကြီး လမ်းညွှန်မှုဖြင့် ကောရဗျမင်း၏ မိဖုရားခေါင်ကြီး -
မိဖုရားခေါင်ကြီးမှတစ်ဆင့်
အိမ်ရှေ့မင်း
အိမ်ရှေ့မင်းမှ တစ်ဆင့်
ပုရောဟိတ်ကြီး
ပုရောဟိတ်ကြီးမှ တစ်ဆင့်
မြေတိုင်းအမတ်
မြေတိုင်းအမတ်မှ တစ်ဆင့်
ရထားထိန်း
ရထားထိန်းမှ
တစ်ဆင့် လယ်ပိုင်ရှင်သူဌေးကြီး
လယ်ပိုင်ရှင် သူဌေးကြီးမှ တစ်ဆင့်
တင်းခြင်သမား
တင်းခြင်သမားမှ တစ်ဆင့်
တံခါးမှူး
တံခါးမှူးမှ
တစ်ဆင့် ပြည့်တန်ဆာ စသည်ဖြင့် ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြသည့် သူတို့
ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီး ဒန္တပူရမြို့သို့ ပြန်လာခဲ့ကြကာ
ကာလိင်္ဂမင်း၏ထံတော်သို့ ငါးပါးသီလရွှေပေလွှာကို ဆက်သကြလေ၏၊ ထို့နောက် ကာလိင်္ဂမင်းမှစ၍
တစ်တိုင်းပြည်လုံး ကုရုဓမ္မ - ဂရုဓမ္မဟု ခေါ်သည့် ငါးပါးသီလကို ကျင့်သုံး ကြသည့်
အခါမှာ မိုးများရွာသွန်းပြီး ကာလိင်္ဂ တတိုင်းလုံး ဘေးအန္တရာယ်များမှ လွတ်ကင်းကာ သာယာ
ဝပြောတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါသည်။
အကြောင်းအကျိုး အကောင်းအဆိုးကို
ဝေဖန်ပိုင်းခြား သုံးသပ်တတ်သော မကောင်းမှုရှောင် ကောင်းမှုဆောင်ပြီး စိတ်ကိုဖြူစင်စွာ
စောင့်ထိန်းတတ်သော စည်းကမ်းရှိကြသော လူပီသသည့်လူများ နေထိုင်ရာ
တိုင်းနိုင်ငံကို သမ္မာဒေဝ
နတ်မြတ်နတ်ကောင်းများ လောကပါလနတ်မင်းများက စောင့်ရှောက်ကြသလို၊ ကိုယ်ကျင့်သီလရှိသူ
လူပုဂ္ဂိုလ်များ ရဟန်းသံဃာများ မင်းများ နေထိုင်ရာ
တိုင်းနိုင်ငံသည် ရာသီဥတုမှန်ကန်ပြီး ကောက်ပဲသီးနှံများ ဖွံ့ဖြိုးစည်ပင်လာခြင်း
အလုပ်အကိုင်များ အဆင်ပြေခြင်း၊ စား ၀တ် နေရေး ပညာရေး စီးပွားရေး ပညာရေးများ
အဆင်ပြေခြင်း စသည်ဖြင့် သာယာဝပြောသည့်နိုင်ငံ ဖြစ်လာနိုင်ပေသည်။
(တော်သလင်းလပြည့်နေ့ကို
ဂရုဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ချက်နှင့်ပတ်သက်ပြီး ဂရုဓမ္မဇာတ်တော်ဟောပြောခြင်းနှင့်
ဆက်စပ်နေသလို တော်သလင်းလသည် မိုးတွင်းကာလဖြစ်ပြီး တော်သလင်းမိုး
ကန်သင်းကျိုးလောက်အောင် မိုးရွာသွန်းသောကြောင့်ဖြစ်မည်ဟု ထင်ပါသည်။ သို့မဟုတ်
တော်သလင်းလမှာ ငါးပါးသီလရွှေပေလွှာကို ရေး၍လည်း ဖြစ်နိုင်ပေမည်။)
Credti to မူကြိုကျောင်းသား
ရွှေပါရမီပညာဒါန
Credti to မူကြိုကျောင်းသား
ရွှေပါရမီပညာဒါန
မူကြိုကျောင်းသား
28.8.2014
No comments:
Post a Comment