ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Saturday, September 27, 2014

ဘန်ကောက်

 
 
ဆီမီးထိန်ထိန်လင်းပေမယ့်
မနှင်းတို့အိမ်တော့မဟုတ်ခဲ့ပါ။
 
ဘန်ကောက်.....တဲ့
ကျွန်တော့်မျက်စိထဲမတော့
ထိုးထိုးထောင်ထောင်ခြအိမ်တွေနဲ့
ရှုပ်ရှက်ခတ်ပင့်ကူအိမ်တွေကြား
ပုရွက်ဆိတ်တွေသွားနေသလိုပဲပ...။
 
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့မွန်းကြပ်လို့
ရိုးပြတ်နံ့သင်းသင်းနဲ့
လယ်ကွင်းထဲကဖြတ်လာတဲ့လေကိုလွမ်းတယ်။
 
မနှင်းရေ.........
သီတင်းကျွတ်ပေါင်းများပါပြီ
ကျွန်တော်ချစ်တဲ့ပိုးစုန်းကြူးတစ်ကောင်တလေတောင်
မြင်ခွင့်မရသေးပါဘူး။
 
 
ကိုမိုးစက်

Saturday, September 20, 2014

Android User Guide Books

 
 
Android OS သုံးနေကြတဲ့သူငယ်ချင်းများအတွက် လေ့လာသင့်တဲ့စာအုပ်လေးတွေ
တင်ပေးလိုက်ပါတယ်။ Android အကြောင်း ၊ Root အကြောင်း ၊ Android နဲ့ Zawgyi အကြောင်း
Android ICS အထက်မှာမြန်မာစာမမှန်တဲ့အကြောင်း ၊ Bootloader အကြောင်း ၊
ClockWorkMod အကြောင်း ၊ ADB အကြောင်း အတိုချုပ်ရေးထားတဲ့စာအုပ်လေးပါ။
Bo Sunny Lwin ရေးသားထားပါတယ်။
 
 
 
ဒီစာအုပ်လေးကလဲ Android User များ လက်မလွှတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါပဲ။ 
Root ဖောက်နည်းမျိုးစုံနဲ့အတူ CWM Recovery ပြုလုပ်ပုံ ၊ Custom ROM တင်ပုံများနဲ့အတူ
Custom ROM များကိုအခမဲ့ရယူနိုင်သောဝက်ဆိုဒ်များ ၊ Application & Game များကို
အခမဲ့ရယူနိုင်သောဝက်ဆိုဒ်များကိုလဲ ညွှန်ပြပေးထားပါတယ်။
စာအုပ်ရေးသားသူကတော့ Chateau Man ဖြစ်ပါတယ်။
 
 


 
ဒီစာအုပ်ကတော့ Android Application တွေကိုကိုယ်တိုင်ရေးသားဖန်တီးချင်သူများအတွက်
အခြေခံသဘောတရားတွေကို တစ်ဆင့်ချင်းရေးသားပေးထားတဲ့စာအုပ်တစ်အုပ်ပါ။
ဆရာဝင်းဟိန်း ရေးသားထားတာဖြစ်ပါတယ်။
 
 
ဒီစာအုပ်လေးကလဲ Android Appliation ရေးသားချင်သူတွေအတွက်
အထောက်အကူပေးနိုင်မယ့်စာအုပ်လေးတစ်အုပ်ပါပဲ။
 
 
 
Android Phone မျိုးစုံအတွက် Firmware တင်နည်းတွေစာအုပ်လေးတွေကိုစုစည်းပေးထားပါတယ်။
အောက်ကလင့်မှာဒေါင်းလိုက်ပါ။
 


 
 
 
 
သူငယ်ချင်းများအားလုံးချမ်းမြေ့ကြပါစေ။
 
ကိုမိုးစက်
 
 
 
 
 
 

 
 

Friday, September 12, 2014

Androidဖုန်းတိုင်းနီးပါးကို Root ဖောက်နိုင်တဲ့ (One Click Root) - Vroot or Root Master v1.7.9 Version

 
MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters version သစ် VRoot_ v1.7.9 ဖြစ်ပါတယ်။
Phone Service သမားတိုင်း ဆောင်ထားသင့်တဲ့ Software တစ်မျိုးပါ။
အသုံးပြုရတာလည်းလွယ်ကူလို့ သာမန် User တွောင်မိမိအိမ်မှာ ကိုယ်တိုင် Root ဖောက်နိုင်ပါတယ်။ Click တစ်ချက်နှိပ်ရုံနဲ့ သင့်ရဲ့ဖုန်းဟာ Root Access ဖြစ်သွားမှာပါ။
Support လုပ်နိုင်တဲ့ ဖုန်းအမျိုးအစားတွေကလည်းအများကြီးပါ။
ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 2000 ကျော် ကို
Root နိုင်လို့ သိရပါတယ်။ Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြောတာပါ။ Model အလိုက် ဖေါ်ပြ ထားခြင်းတော့ မတွေ့ရပါဘူး။
 ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters or Masters Brush (Brush Master Integration ROOT) ဖြစ်ပါ တယ်။ နောက်ထပ်တွေ့လာရတာက
 i-Mobile IQ တွေကို ဒီကောင်နဲ့ Root လို့ရပါတယ်။
Driver မသိရင် လည်း Online က Auto ချပေးတယ်။ ပိုအဆင်ပြေလာတာပေါ့ဗျာ..
လိုအပ်တဲ့သူငယ်ချင်းများ အောက်ကလင့်မှာဒေါင်းလိုက်ပါ။
 
 
 
 
Root tool for PC
 
ကိုမိုးစက်

 
 



ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း







မြတ်စွာဘုရားအားအနီးကပ်လုပ်ကျွေးခွင့်ရသူ ဓမ္မဘဏ္ဍာဂါရိက (အရှင်အာနန္ဒာ)
ညီတော်အာနန္ဒာ ကိုယ်တိုင်ရေးသားခဲ့သော ဒိုင်ယာရီစာအုပ်ကိုဖတ်ရသလို ခံစားရပါလိမ့်မည်။




ကိုမိုးစက်




တော်သလင်းလပြည့် - ဂရုဓမ္မအခါတော်နေ့



“တော်သလင်းမိုး ကန်သင်းကျိုး၊ တော်သလင်းနေ ပုစွန်သေ” ဟု ဆိုရိုးစကားရှိခဲ့သော တော်သလင်းလ  သည် မြန်မာနိုင်ငံ မြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်များထဲမှ တော်သလင်းလပြည့် - ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေသည်။ “ဂရုဓမ္မ” ဆိုသည်မှာ အလေးအနက်ပြု၍ လေးလေးစားစား စောင့်ထိန်းလိုက်နာအပ်သည့် သီလ တရားဖြစ်သလို ရှေးဘုရားလောင်း သူတော်ကောင်းကြီးများ ရိုရိုသေသေ ကျင့်သုံးခဲ့သည့်အတွက် ဂရုဓမ္မတရား ဟု အမည်ရခြင်း ဖြစ်ပါသည်။ ဂရုဓမ္မအခါတော်နေ့ဟု ဆိုလိုက်သည်နှင့် မြန်မာပြည်၏ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြင်ယောင်မိလာပါတော့သည်။ မှတ်မိသလောက်ဆိုရင် 2008 ခုနှစ် နာဂစ်မုန်တိုင်းမှစ၍ ယနေ့မျက်မှောက်ထိ အချိန်အခါမဲ့ သဘာဝဘေးအန္တရာယ်များ ကျရောက်နေခဲ့တာတွေကို မြန်မာပြည်သူ ပြည်သားများနှင့် အုပ်ချုပ်သူအာဏာရှင်များ၊ အကိုးကွယ်ခံရဟန်းသံဃာများလည်း မျက်ဝါးထင်ထင် တွေ့နေမြင်နေရသလို ကိုယ်တိုင်ကြုံတွေ့ပြီး ဒုက္ခပင်လယ်ဝေနေသူများလည်း ရှိကြပေမည်။ မည်ကဲ့သို့သောအကြောင်းများကြောင့် ယခုကဲ့သို့ သဘာဝ
ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနေရသလဲဆိုတာကို ရဟန်းသံဃာများ နှင့် ဗုဒ္ဓစာပေ လေ့လာဖူးသူများ သိကြသလို မသိကြသေးသူများအနေဖြင့် အရင်းစစ်လျှင် အမြစ်ကထင်ပြီး ဂရုဓမ္မတရား အကျဉ်းချုပ်ကို အနှစ်ထုတ်ကာ မှတ်သားနာယူနိုင်ကြစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။

ဂေါတမ ဘုရားအလောင်း ပါရမီတော်များကို ဖြည့်ကျင့်စဉ်က ဘုရားအလောင်းတော်သည် ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့တွင် ဓနဉ္စယကောရဗျမင်းအဖြစ် မင်းကျင့်တရားဆယ်ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်သလို ငါးပါးသီလကို ကိုယ်တိုင်လည်းစောင့် တိုင်းသူပြည်သားတွေ ကိုလည်း လုံလုံခြုံခြုံစောင့်စည်း စေခဲ့သည်။ ဘုရားလောင်းအုပ်ချုပ်သည့်တိုင်းပြည်မှာ လူတိုင်းငါးပါးသီလ လုံခြုံသည့်အတွက် မိုးလေ၀သ မှန်ကန်ပြီး တိုင်းပြည်သာယာ ၀ပြောသလို ကောက်ပဲသီးနှံ စပါးဆန်ရေပေါများလှ၏။ ပြည်သူလူ အများလည်း ငြိမ်းချမ်း၍ ရောဂါဘေးဆိုးများမှ ကင်းဝေးကြရပေသည်။

ကုရုတိုင်းသူပြည်သားများ စောင့်ထိန်းသည့်သီလတရားဖြစ်ခြင်းကြောင့် ကုရုဓမ္မဟု ခေါ်ဆိုလာရာမှ အချိန်ကြာမြင့်လာသောအခါ အလေးအမြတ်ထားကာ စောင့်ထိန်းကြသောကြောင့် ကုရုဓမ္မမှ ဂရုဓမ္မဟု ပြောင်းလဲ ခေါ်ဆိုလာကြပေသည်။ မြန်မာနိုင်ငံတွင်မူ ရှေးကျသော ဆရာတော်ကြီးများမှ အမြဲမပြတ်စောင့်ထိန်းသင့်သည့်သီလဖြစ်သည့်အတွက် နိစ္စဂရုဓမ္မသီလ ဟု ထပ်ဆင့်ပြောင်းလဲ ခေါ်ဆိုခဲ့ကြပေသည်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲမြံစွာ စောင့်ထိန်းရမည်ဟု စာပေတွင် တွေ့ရသောကြောင့် ပုဆိုးဝတ်သော အမျိုးသားများအတွက်သာဖြစ်သည် အမျိုးသမီးများနှင့်မဆိုင်ဟု အမျိုးသမီးများမှ ထင်ယောင်ထင်မှား ဖြစ်နေကြသလို ခေတ်စနစ်တွေတိုးတက်ပြောင်းလဲလာ၍
ပုဆိုးမ၀တ်ပဲ ဘောင်းဘီ၊ စကတ်၊ လုံချည်ဝတ်သူများအနေဖြင့်လည်း စောင့်ထိန်းသင့်ပေသည်။
လူဝတ်ကြောင်များအတွက် ငါးပါးသီလ လုံခြုံသင့်သလို၊ တိုင်းပြည်အုပ်ချုပ်သူမင်းများလည်း မင်းကျင့်တရား ၁၀ ပါးနှင့်အညီ အုပ်ချုပ်ခြင်း၊ ရဟန်းသံဃာများလည်း ရဟန်းကျင့်ဝတ်တရားများနှင့်အညီ ကျင့်သုံးခြင်းဖြင့် လူတိုင်းကိုယ်စီ ကိုယ်ကျင့်တရားများကိုကောင်းမွန်စွာ ကျင့်သုံးကြမည်ဆိုလျှင် မိုး လေ၀သများ မှန်ကန်ပြီး သာယာဝပြောသည့်တိုင်းပြည်ကို ရရှိပေလိမ့်မည်။

ကုရုတိုင်း ဣန္ဒပတ္တနဂိုရ်မြို့တွင် ဓနဉ္စယကောရဗျမင်းအုပ်ချုပ်စဉ် ကာလိင်္ဂမင်း စိုးစံသော ဒန္တပူရပြည်သည်ကား မိုးခေါင်ရေရှားဖြစ်နေ၍ ဆန်ရေစပါး ရှားပါးသောကြောင့် လူအများလည်း ငတ်မွတ်ခေါင်းပါးက ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရပေသည်။ ယနေ့ခေတ်အမြင်ဖြင့် ချိန်ထိုးကြည့်လျှင် တိုင်းပြည်တွင်း မိုးလေ၀သမမှန် မိုးခေါင်ရေခြား အလုပ်အကိုင်မရှိ၍ ဆင်းရဲတွင်းချွတ်ခြုံကျကာ ထိုင်းနိုင်ငံသို့ အလုပ်သမားများ ၅ သန်းမျှ ထွက်ခွါလုပ်ကိုင်နေကြရသလို စင်္ကာပူ မလေးစသည့်ဖြင့် ကမ္ဘာအနှံ့ အလုပ်လုပ်ကိုင်ရန်အတွက် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလုပ်ကိုင်နေကြရသည့် မြန်မာပြည်သူပြည်သားများထက်တော့ ဒန္တပူရပြည်က အခြေနေမဆိုးလောက်သေးဘူးထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကာလိင်္ဂမင်းသည် ကုရုတိုင်းသို့ အလုပ်သမားများ စေလွှတ်ခြင်း အိမ်ဖော်များ စေလွှတ်ခြင်းစသည်တို့ကို မပြုလုပ်ပဲ ကုရုတိုင်း၏ မည်သို့သောအကြောင်းကြောင့် မိုးလေ၀သမှန်ကာ တိုင်းပြည်သာယာဝပြောသည်ကို လေ့လာအတုခိုးကာ တိုင်းပြည်တိုးတက်အောင် ပြုလုပ်သောကြောင့်တည်း။

တစ်နေ့တွင် ဒန္တပူရမြို့ ကာလိင်္ဂမင်း၏ နန်းတော်တံခါးဝတွင် ဆင်းရဲဒုက္ခကိုခံစားနေကြရသော တိုင်းသူပြည်သားများ စုရုံးကာ ပုဒ်မ ၁၈ ကိုပင် မကြောက်တော့ပဲ လက်ရှိပြည်သူ ပြည်သားများ ခံစားနေကြရသော ဘေးဒုက္ခအန္တရာယ်များကို ကာလိင်္ဂမင်းကြီး သိရှိပြီး တိုင်းပြည်တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဆန္ဒပြတောင်းဆိုကြပေသည်။ ရှေးတုန်းက မင်းများသည်က တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ အလေးထားစောင့်ရှောက်ကာ ပြည်သူ့အသံကို အမြဲနားစွင့်နေသောကြောင့် "ငါ့တိုင်းသူပြည်သားများကိုတော့ ဘယ်နည်းနဲ့မျှ အငတ်မထားနိုင်ဘူး၊ မိုးမရွာလျှင် မိုးရွာအောင်လုပ်မည်၊ အလုပ်မရှိလျှင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများများဝင်လာအောင်လုပ်မည်၊ ကားတစ်စီး သိန်း ၃၀ - ၄၀ နဲ့သွင်းလာခဲ့သည်များကို ၂ သိန်း - ၃ သိန်းလောက်ဖြင့် လိုင်စင်ထုတ်ပေးမည် စသည်ဖြင့် အခွန်အတုပ်များကို အတတ်နိုင်ဆုံး လျှော့ချကာ တိုင်းသူပြည်သားအကျိုး ဆောင်ရွက်မည်" ဟု ဆုံးဖြတ်ချက်ချကာ တိုင်းပြည်တိုးတက်ရေးအတွက် ဦးတည်ချက်မှန်မှန်ဖြင့် လုပ်ဆောင်သော်လည်း အခြေအနေအရ မတိုးတက်သေးသည့်အတွက် ဘယ်သူသေသေ မသေသေ ငတေမာရင်ပြီးရောဟု စိတ်သဘောမထားပဲ တိုင်းသူပြည်သားများ အမေကျော်ဒွေးတော်လွမ်းကာ မင်းကျင့်တရားနဲ့အညီအုပ်ချုပ်ကာ တိုးတက်နေသည့် ကုရုတိုင်းသို့ ပြောင်းရွှေ့မလုပ်ကိုင်စေလိုသောကြောင့် မှူးကြီးမတ်ရာများနဲ့ တိုင်ပင်ပြီး အဘယ့်ကြောင့်ကုရုတိုင်းတွင် မိုးလေ၀သမှန်ကန်ကာ တိုင်းပြည်တိုးတက်ချမ်းသာပြီး တိုင်းသူပြည်သားများ အေးအေးချမ်းချမ်းနေထိုင်နိုင်ကြသည်ကို ကိုယ်စားလှယ်လွှတ်၍ စုံစမ်းလေသည်။

ကုရုတိုင်းတွင် အဉ္စန၀ဏ္ဏ ဆင်ဖြူတော်ရှိနေ၍ ရာသီဥတုမှန်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ဆန်ရေစပါး ပေါကြွယ်ဝနေခြင်းဖြစ်မည်ဟု ထင်မှတ်ကာ အမတ် ၈ ယောက်ကိုလွှတ်၍ ကာလိင်္ဂတိုင်းမှ ဆင်ဖြူတော်ကို အလှူခံကာ ကာလိင်္ဂမင်း၏ ဒန္တပူရမြို့သို့ အရောက်ဆောင်ယူခဲ့ကြလေသည်။ ဆင်ဖြူတော် ရောက်လာပြီး နောက်ပိုင်းတွင်လည်း ဒုံရင်း ဒုံရင်းဖြင့် ဆုတ်ယုတ်မြဲဆုတ်ယုတ်ကာ ဆင်းရဲမွှဲတေမြဲ မွဲတေနေသောကြောင့် ကုရုတိုင်းသည် အဉ္စန၀ဏ္ဏဆင်ဖြူတော်ကြောင့် တိုးတက်သည်မဟုတ်ရာ အခြားအကြောင်းအရာများ ရှိတန်ရာ၏ဟု  စုံစမ်းရာတွင် ကုရုတိုင်းသည် ဓနဉ္စယကောရဗျမင်းမှ အစပြု၍ အောက်တန်းစား ပြည့်တန်ဆာမအထိ ငါးပါးသီလလုံခြုံအောင် စောင့်ထိန်းကြသည်ဟု ဆုံးဖြတ်ချက်ချကာ ကုရုတိုင်းသို့ ဆင်ဖြူတော်ကိုပြန်အပ်နှင်းကာ ကောရဗျမင်းနှင့်တိုင်းသူပြည်သားများ စောင့်ထိန်းနေသည့် ငါးပါးသီလကို ရွှေပေလွှာတွင် ရေးမှတ်ခဲ့ရန် အထောက်တော်များကို စေလွှတ်လိုက်လေသည်။

ဤသို့ဖြင့် ကာလိင်္ဂမင်း၏ အမတ်တို့သည် ဣန္ဒပတ္ထနဂိုရ်မြို့သို့ဝင်၍ ကောရဗျမင်းထံ ၀င်ရောက်ခစားကာ ကောရဗျမင်းကျင့်သုံးနေသော ငါးပါးသီလကို ရွှေပေလွှာတွင်ရေးပေးရန် လျှောက်ကြားကြလေ၏။

ကောရဗျမင်းကြီးသည် အမြဲတမ်းစောင့်ထိန်းလာခဲ့သည့် မိမိ၏ သီလကို သံသယအနည်းငယ်ဝင်မိ၍ ၄င်း၏ မယ်တော်ကြီးထံမှသာ ငါးပါးသီလကို ယူရန်စေလွှတ်လိုက်ပြန်၏။

၁။ အမတ်တို့ရေ - ငါတို့တိုင်းပြည်မှာ ၃ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်မှာ မင်းညီမင်းသားတွေက နတ်သားတမျှ တောက်ပသစ်လွင်တဲ့ အ၀တ်တန်ဆာတွေဝတ်ဆင်ပြီး စိတ္တရာဇာနတ်မင်းရဲ့နတ်ကွန်းပေါ်ကနေ ပန်းမြှားတွေနဲ့ အရပ်လေးမျက်နှာကို ပစ်လွှတ်ကြတုန်းက မြှားလေးစင်းပစ်လိုက်ရာတွင် မြှားသုံးစင်းကို ရှာတွေ့ပြီး မြှားတစ်စင်းကတော့ ရေထဲကျသွားလို့ ရှာမရခဲ့ဘူး။ ရေထဲကငါးကိုများ ထိမှန်သွားလေသလားဟု သံသယ၀င်နေမိသည့်အတွက်ကြောင့် မယ်တော်ကြီးထံ ငါးပါးသီလကိုသွားယူကြပါဟု အမတ်များကို စေလွှတ်လိုက်လေ၏။

ကောရဗျမင်းကြီး၏ လမ်းညွှန်မှုဖြင့် ကာလိင်္ဂမင်း၏ အမတ်တို့သည် ကောရဗျမင်း၏ မယ်တော်ကြီးထံသို့
ဝင်ရောက်ခစားကာ ငါးပါးသီလကို တောင်းခံကြလေသည်။

၂။ မယ်တော်ကြီးကလည်း - အမတ်တို့ရေ - ကောရဗျမင်းကြီးက ဆက်သလာတဲ့ အသပြာတစ်ထောင်တန် ရွှေပန်းခိုင်ကြီးကို မယ်တော်ကြီးအနေနဲ့ ပန်းပန်တဲ့အရွယ်လဲမဟုတ်တော့ ဘုရင့်မိဖုရားခေါင်ကြီးကို ပေးလိုက်မိပြီး၊ အိမ်ရှေ့မင်းသား၏ မိဖုရားကိုတော့ စန္ဒကူး နံ့သာ လိမ်းခြယ်စရာကိုသာ ပေးလိုက်မိလို့ စိတ်မကောင်းပဲ သံသယ၀င်နေမိ၍ မိဖုရားခေါင်ကြီးတော့ သီလစင်ကြယ်လိမ့်မည် မိဖုရားခေါင်ကြီးထံ ငါးပါးသီလကို သွားယူကြဟု အမတ်တို့ကို စေလွှတ်လိုက်လေသည်။

၃။ ဘုရင့်မိဖုရားခေါင်ကြီးကလည်း - အမောင်တို့ရေ - ကောရဗျမင်းကြီး နတ်ရွာစံသွားရင် အိမ်ရှေ့မင်းက အကျွန်ုပ်အား မိဖုရား တင်မြှောက်ရင်ကောင်းမှာပဲဟု အိမ်ရှေ့မင်းသားအား စိတ်နဲ့ပြစ်မှားမိဖူးတဲ့အတွက် ကိုယ့်သီလကို သံသယ၀င်နေမိသောကြောင့် အိမ်ရှေ့မင်းကတော့ သီလနဲ့ပြည့်စုံတန်ရာတယ် အိမ်ရှေ့မင်းသားထံ ငါးပါးသီလ သွားယူကြဟု စေလွှတ်လိုက်လေ၏။

၎။ အိမ်ရှေ့မင်းသားကလည်း - အမတ်တို့ရေ - အကျွန်ုပ်သည် နောင်တော် ကောရဗျမင်းထံ
အခစားဝင်သည့်ညက လေပြင်းမုန်တိုင်းကျ၍ အဆောင်တော်သို့ မပြန်ဖြစ်တော့ပဲ ဘုရင့်နန်းတော်တွင်သာ အမှတ်မထင် အိပ်စက်လိုက်သည်အခါ အကျွန်ုပ်အား အရိုသေပေးရန်စောင့်မျှော်နေကြသည့် ရထားမှူးနှင့် တိုင်းသူပြည်သားများသည် မိုးရေစိုရွှဲကုန်လျှက် တစ်ညလုံး ချမ်းချမ်းအေးအေးဖြင့် စောင့်မျှော်နေခဲ့ရဖူးတဲ့အတွက် ညှဉ်းဆဲရာရောက်သည်ဟု ထင်မှတ်ပြီး ကိုယ့်သီလကို သံသယ
ဝင်နေခဲ့ဖူးပါသည်။ ပုရောဟိတ်ပုဏ္ဏားကြီးထံသာ ငါးပါးသီလ သွားယူကြဟု စေလွှတ်လိုက်ပြန်၏။

၅။ ပုရောဟိတ်ပုဏ္ဏားကြီးကလည်း - အမတ်တို့ရေ - အကျွန်ုပ်သည်လည်း ကောရဗျမင်းကြီးကို ဆက်သလာသည့် ရထားအသစ်တစ်စီးကို ငါရလိုက်ရင် ကောင်းမှာပဲဟု စိတ်နဲ့ လိုချင်မှုဖြစ်ခဲ့ဖူးသည့်အတွက် ကိုယ့်သီလကို သံသယ ဖြစ်နေခဲ့ပါ၍ မြေတိုင်းအမတ်ကတော့ သီလစင်ကြယ်လိမ့်မည် မြေတိုင်းအမတ်ထံသွားကြပါဟု စေလွှတ်လိုက်ပြန်၏။

၆။ မြေတိုင်းအမတ်ကြီးကလည်း - အမတ်တို့ရေ - အကျွန်ုပ်သည်လည်း မကြာသေးခင်က ဘုရင်ကြီး၏လယ်နှင့် သူဌေးတစ်ဦး၏ လယ်နိမိတ်တိုင်းစဉ်က မြေတိုင်းကြိုးကို တုတ်ချွန်တွင်တပ်ကာ ပုစွန်တွင်းတစ်ခုပေါ် ထိုးစိုမိလိုက်ဖူးသည့်အတွက် ကိုယ့်သီလကို သံသယ၀င်နေမိပါ၍ ရထားထိန်းကြီးကတော့ သီလစင်ကြယ်လိမ့်မယ် ရထားထိန်းထံသွားကြဟု စေလွှတ်လိုက်ပြန်၏။

၇။ ရထားထိန်း - "အမတ်တို့ရေ - အကျွန်ုပ်သည်လည်း အလွန်အင်မတန် လိမ္မာရေးခြားရှိသည့် သိန္ဓောမြင်းတွေကို မလိုအပ်ပဲ နှင်တံဖြင့် ရိုက်နှက်မိသည့်အတွက် နှင်တံဖြင့် ရိုက်နှက်ခဲ့သည့်နေရာရောက်တိုင်း သိန္ဓောမြင်းတွေ အလျင်စလို မလိုအပ်ပဲ အလိုလို အလျင်အမြန်ပြေးနေကြပါ၏။ ထို့ကြောင့် အကျွန်ုပ်သည်လည်း ကိုယ့်သီလကို သံသယ၀င်နေမိပါ၍ သူဌေးကြီးထံတွင်သာ ငါးပါးသီလ သွားယူကြ"ဟု စေလွတ်လိုက်ပြန်၏။

၈။ သူဌေးကြီး - " အမတ်တို့ရေ - အကျွန်ုပ်သည်လည်း လယ်တော ယာတောထဲ ဆင်းစဉ်က ရွှေရောင်သန်းနေသည့် စပါးနှံတစ်ခုကို အမှတ်တမဲ့ ကောက်ယူကာ ခေါင်းပေါ်မှာ ပန်ဆင်ခဲ့ဖူးပါ၏။ ဘုရင်မင်းကြီးကို အခွန်မဆက်သခင် ကောက်ယူမိသည့်အတွက် ကိုယ့်သီလကို သံသယ ၀င်နေမိပါ၍ တင်းခြင်သမားတော့ သီလဖြူစင်လိမ့်မည် တင်းခြင်သမားထံသို့ သွားကြ"ဟု စေလွှတ်လိုက်ပြန်၏။

၉။ တင်းခြင်သမား - "အမတ်တို့ရေ - အကျွန်ုပ်သည်လည်း ဘုရင်ကြီး၏ စပါးနှင့် သူဌေးတစ်ဦး၏ စပါးတို့ကို တင်းခြင်နေစဉ် မိုးရွာသွန်းသဖြင့် တင်းတောင်းထဲမှ စပါးကို ရုတ်တရက် သွန်ချပြီး မိုးလွတ်ရာ မိုးခိုလိုက်ရာတွင် စပါးကို မည့်သည့်အပုံဘက် ပုံချမိလိုက်သည်ကို သတိမရ၍ ကိုယ့်သီလကို သံသယ
ဝင်နေမိပါသောကြောင့် တံခါးမှူးကြီးသာလျှင် သီလလုံခြုံလိမ့်မည်။ တံခါးမှူးကြီးထံ သွားကြလော့"ဟု စေလွှတ်လိုက်ပြန်၏။

၁၀။ တံခါးမှူး - " အမတ်တို့ရေ - အကျွန်ုပ်သည်လည်း တစ်နေ့တွင် တံခါးပိတ်တော့မည့်ဆဲဆဲ ထင်းခွေပြန်လာကြသော အမျိုးသမီးငယ်တစ်ယောက်၏လက်ကိုဆွဲ၍ အတင်းပြေးဝင်လာသော အမျိုးသားတစ်ယောက်ကို "တစ်နေ့လုံး တောထဲမှာ မယားနဲ့ပျော်ပါးနေပြီး အခုမှ
ဝင်လာရသလားဟုစိတ်ဆိုးစွာ အော်ဟစ်ကြိမ်းမောင်းမိခဲ့ပါ၏။ ထင်းခွေသမားကလည်း သူ၏ဇနီးမဟုတ်ပဲ နှမသာဖြစ်ကြောင်း ပြန်ပြောင်းပြောပြ၍ စိတ်မကောင်းဖြစ်မိသည့်အတွက် ကိုယ့်သီလကို သံသယ
ဝင်မိပါ၏၊ ပြည့်တန်ဆာမကတော့ သီလစင်ကြယ်လိမ့်မည်။ ပြည့်တန်ဆာမထံသွားကြပါဟု စေလွှတ်လိုက်ပြန်၏။

၁၁။ ပြည့်တန်ဆာမ - " အမတ်ကြီးတို့ရေ - ကျမသည်လည်း ကိုယ့်သီလကို သံသယ၀င်နေမိပါ၏။ လုလင်ငယ်တစ်ယောက်က အကျွန်ုပ်နှင့်ပျော်ပါးရန် ငွေအသပြာ ၁ ထောင်ပေးပြီး ပျောက်သွားခဲ့ပါ၏။ တစ်နေ့လာနိုးနိုး တစ်နေ့လာနိုးနိုးနဲ့ အခြားသူများဖြင့်ပင် မပျော်ပါးပဲ စောင့်မျှော်နေခဲ့ပါ၏။ ၃ နှစ် ၃ မိုးစောင့်၍ မပေါ်လာ စားဝတ်နေရေးလည်း ကျပ်တည်းလာသည့်အတွက် တရားသူကြီးကို အကျိုးကြောင်းပြောပြလိုက်သည့်အခါတွင်မှ ၃ နှစ် ၃ မိုးစောင့်၍မှ ပေါ်မလာခဲ့လျှင် အပြစ်မရှိ တခြားတစ်ယောက်ဖြင့် ပျော်ပါးနိုင်ပြီဟု အမိန့်ချလိုက်သည်နှင့် တခြားတစ်ယောက်နှင့်ပျော်ပါးရန် အခကြေးငွေကို လက်အကမ်း အသပြာသ ၁ ထောင်ပေးခဲ့ဖူးသော လုလင်ငယ်ရုတ်တရက်ရောက်လာခဲ့၍ ကိုယ့်ကိုယ်ကို ရှက်ရွံ့မိခဲ့ပါ၏။ ၄င်းလုလင်ငယ်သည်ကား အခြားမဟုတ် အကျွန်ုပ်၏ ကိုယ်ကျင့်သီလကို စမ်းသပ်လို၍ ရောက်လာသည့် သိကြားမင်းဖြစ်ပေ၏။ အကျွန်ုပ်သည်လည်း ၄င်းအဖြစ်အပျက်အတွက် ယနေ့တိုင် စိုးရွံ့ကာ သံသယ၀င်နေမိပါ၏။

ကာလိင်္ဂမင်း၏ အမတ်တို့သည်လည်း ပြည့်တန်ဆာမထံမှ ငါးပါးသီကို ရွှေပေလွှာတွင် ရေးမှတ်ကာ ပြည်တော်ပြန်သွားကြလေ၏။

ကောရဗျမင်း၏ မယ်တော်ကြီး လမ်းညွှန်မှုဖြင့် ကောရဗျမင်း၏ မိဖုရားခေါင်ကြီး -

မိဖုရားခေါင်ကြီးမှတစ်ဆင့် အိမ်ရှေ့မင်း

အိမ်ရှေ့မင်းမှ တစ်ဆင့် ပုရောဟိတ်ကြီး

ပုရောဟိတ်ကြီးမှ တစ်ဆင့် မြေတိုင်းအမတ်

မြေတိုင်းအမတ်မှ တစ်ဆင့် ရထားထိန်း

ရထားထိန်းမှ တစ်ဆင့် လယ်ပိုင်ရှင်သူဌေးကြီး

လယ်ပိုင်ရှင် သူဌေးကြီးမှ တစ်ဆင့် တင်းခြင်သမား

တင်းခြင်သမားမှ တစ်ဆင့် တံခါးမှူး

တံခါးမှူးမှ တစ်ဆင့် ပြည့်တန်ဆာ စသည်ဖြင့် ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြသည့် သူတို့ ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီး ဒန္တပူရမြို့သို့ ပြန်လာခဲ့ကြကာ ကာလိင်္ဂမင်း၏ထံတော်သို့ ငါးပါးသီလရွှေပေလွှာကို ဆက်သကြလေ၏၊ ထို့နောက် ကာလိင်္ဂမင်းမှစ၍ တစ်တိုင်းပြည်လုံး ကုရုဓမ္မ - ဂရုဓမ္မဟု ခေါ်သည့် ငါးပါးသီလကို ကျင့်သုံး ကြသည့် အခါမှာ မိုးများရွာသွန်းပြီး ကာလိင်္ဂ တတိုင်းလုံး ဘေးအန္တရာယ်များမှ လွတ်ကင်းကာ သာယာ ၀ပြောတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါသည်။



အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြား သုံးသပ်တတ်သော မကောင်းမှုရှောင် ကောင်းမှုဆောင်ပြီး စိတ်ကိုဖြူစင်စွာ စောင့်ထိန်းတတ်သော စည်းကမ်းရှိကြသော လူပီသသည့်လူများ နေထိုင်ရာ တိုင်းနိုင်ငံကို သမ္မာဒေဝ နတ်မြတ်နတ်ကောင်းများ လောကပါလနတ်မင်းများက စောင့်ရှောက်ကြသလို၊ ကိုယ်ကျင့်သီလရှိသူ လူပုဂ္ဂိုလ်များ ရဟန်းသံဃာများ မင်းများ နေထိုင်ရာ တိုင်းနိုင်ငံသည် ရာသီဥတုမှန်ကန်ပြီး ကောက်ပဲသီးနှံများ ဖွံ့ဖြိုးစည်ပင်လာခြင်း အလုပ်အကိုင်များ အဆင်ပြေခြင်း၊ စား ၀တ် နေရေး ပညာရေး စီးပွားရေး ပညာရေးများ အဆင်ပြေခြင်း စသည်ဖြင့် သာယာဝပြောသည့်နိုင်ငံ ဖြစ်လာနိုင်ပေသည်။



(တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ချက်နှင့်ပတ်သက်ပြီး ဂရုဓမ္မဇာတ်တော်ဟောပြောခြင်းနှင့် ဆက်စပ်နေသလို တော်သလင်းလသည် မိုးတွင်းကာလဖြစ်ပြီး တော်သလင်းမိုး ကန်သင်းကျိုးလောက်အောင် မိုးရွာသွန်းသောကြောင့်ဖြစ်မည်ဟု ထင်ပါသည်။ သို့မဟုတ် တော်သလင်းလမှာ ငါးပါးသီလရွှေပေလွှာကို ရေး၍လည်း ဖြစ်နိုင်ပေမည်။)


Credti to မူကြိုကျောင်းသား

ရွှေပါရမီပညာဒါန
 



မူကြိုကျောင်းသား

28.8.2014

Super Backup Pro SMS Contacts v1.7.9






Android OS တွေမှာ ရှိထားသင့်တဲ့ Application လေးတစ်ခုမျှဝေပေးလိုက်ပါတယ်။
Contacts နဲ့ Message တွေကို Backup / Restore လုပ်ပေးနိုင်တဲ့ Application လေးဖြစ်ပါတယ်။ Backup လုပ်တဲ့ Application တွေအများကြီးရှိတယ်ဆိုပေမယ့် ကျွန်တော်ကတော့ အခုတင်ပေးလိုက်တာလေးကို Recommend လုပ်ပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ Error ကင်းကင်းအသုံးပြုနိုင်လို့ ဘဲဖြစ်ပါတယ်။ Phone တစ်ခုခုဖြစ်သွားလို့ အစအဆုံး Format ပြန်ရိုက်ရရင်တော့ Contact တွေက ပျက်သွားမှာသေချာပါတယ်။ Contact ဆိုတာမျိုးက ပျက်သွားရင် အတော်လေးကို ကွိုင်တက်ပါတယ်။ မနည်းကိုလိုက်စုပြီး အသစ်ပြန်ရိုက်ရတာမျိုးပါ။
ဒါကလည်း လူတိုင်းသိပြီးသားပါ။ Message ကတော့  ရိုက်ထားပြီးသားတွေ ပြန်မရနိုင်တော့ပါဘူး။အမှတ်တရ Message တွေရှိတယ်ဆိုရင်တော့ သေပြီဆရာဘဲ။
အဲဒါကြောင့် Message နဲ့ Contact တွေကို Backup လုပ်ထားဖို့လိုပါတယ်။
သိထားပြီးသားအကြောင်း အရာတွေကို ထပ်ပြီးပြောပြနေတာက အရေးကြီးကြောင်းသိစေချင်လို့ပါ။ သေးသေးကွေးကွေး Application လေးဆိုတော့ တွေ့တုန်းလေးယူထားစေချင်ပါတယ်။
 
 



 
 
 
 
ကိုမိုးစက်
 
 


Video Call ပါခေါ်လို့ရလာပြီဖြစ်တဲ့ Viber v5.0.0.4083 APK (11-Sept)


 
 
 
 










Sept-11 ရက်နေ့မှာဘဲ Viber နောက်ဆုံးထွက် Version လေးထွက်လာပါပြီ။ ဆန်းပြားတဲ့အသွင် သစ်များအပြင် Video Call ပါ ပါဝင်လာပြီဆိုတော့ လုံးဝကိုလန်းသွားပါပြီ။ အသွင်အပြင်တွေကလည်း အရင် Version အဟောင်းတွေနဲ့မတူဘဲ ပြောင်းလဲသွားပါပြီ။ Sticker အသစ်တွေလည်းပါဝင်လာပါပြီ။
သုံးချင်တယ်ဆိုရင်အောက်က Link မှာသာဒေါင်းယူသွားကြပါဗျာ။


ဒီမှာဒေါင်းလိုက်ပါ

အဆင်ပြေကြပါစေ။

ကိုမိုးစက်


 

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့



ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ ခေါ်ရတာက ပါဠိအဋ္ဌကထာဋီကာ အသွားအလာ အဆိုအမိန့်တို့ကို ကြည့်ရှု ရှေ့နောက်ထောက်ထား၍မေတ္တာသုတ်တော်ကိုဒီနေ့မှာ (သို့မဟုတ်)
ဝါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက် အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက်ယူဆပြီး မေတ္တာအခါတော်နေ့လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်းစံပျော်တော်မူသောကာလ၊ တခုသော ၀ါဆိုဦးမှာ သံဃာတော်(၅၀၀)တို့ ဘုရားထံမှာ ကမ္မဋ္ဌာန်းနည်း တောင်းခံပြီး တောအုပ်တစ်ခုသို့
ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေကြပါတယ်။ ထိုတောတွင် ရှိနေကြသော နတ်များက သံဃာတော်တို့၏ သီလအရှိန်ကို ရိုသေကြသောကြောင့် မိမိတို့ နေရာများမှ ဖယ်ရှားပေးကြ၊ ရှောင်နေကြပါတယ်။


လေးစားအပ်သော ဧည့်သည်များ မိမိတို့နေရာသို့ ကြာကြာကြီး လာရောက်လျှင် အိမ်ရှင် အနေကြပ်သလိုပါပဲ။ သံဃာကို ရိုသေတဲ့ နတ်များ၊ ရုက္ခစိုး၊ ဘုမ္မစိုးများပေါ့။ အနေကြပ်ကြတဲ့အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြတဲ့ သံဃာတော်များကို ခြိမ်းခြောက်ကြ၊ ချောက်လှန့်ကြပါတယ်။ အဲဒါကြောင့် သံဃာတော်များ သမာဓိပျက်ပြီး ၀ါဆိုပြီးစ ၀ါတွင်းကာလမှာဘဲ ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရပါတယ်။ မြတ်စွာဘုရားက မေးစစ်တော့ တောချောက်လို့ ပြန်လာခဲ့ရတဲ့ အကြောင်း လျှောက်တင်ကြပါတယ်။ အဲဒီအခါ မြတ်ဘုရားက သင်တို့-အဲဒီတောက နတ်တွေကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့်တာပဲ။ သူတို့နေရာမှာ သူတို့ကို ကောင်းစွာ မိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။ ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို သင်ယူသွားကြ၊ ဒီနေရာ ဒီတောကိုပဲ ပြန်သွားကြ၊ တောသို့မ၀င်ခင် အဲဒီနတ်တွေကို မိတ်ဖွဲ့ကြ၊ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်းကတော့ မေတ္တာတရားပဲဟု မိန့်တော်မူကာ မေတ္တာသုတ်ကို ဟောတော်မူပါတယ်။

မေတ္တာသုတ်ကို နာကြားသင်ယူပြီး ထိုရဟန်း(၅၀၀)တို့ ထိုတောကို ပြန်သွားကြရပါတယ်။ တောမ၀င်ခင် မေတ္တာပွားကြတဲ့အတွက် ယခင် ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို၍ နေရာပေးကြ၊ ပြုစုလုပ်ကျွေးကြပါတယ်။ မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး နတ်များ အစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း(၅၀၀)တို့ ထိုတောမှာပဲ ၀ါဆိုဝါကပ်ပြု၍ တရားအားထုတ်ကြရာ အားလုံး ၀ါတွင်းမှာပဲ ရဟန္တာဖြစ်ကြပါတယ်။ ဒုတိယ ပ၀ါရဏာပြုအပြီးမှာ ဘုရားဖူးဖို့၊ ပြန်လည် အစီရင်ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။ အထက်ပါ အတ္ထုပ္ပတ္တိ အသွားအလာကိုကြည့်လျှင် နတ်များချောက်သဖြင့် ဇေတ၀န် ပြန်ရောက်တာ ၀ါခေါင်လပြည့်
ဒုတိယ၀ါဆိုနေ့ပါပဲ။ မေတ္တာသုတ်ကို ထိုနေ့မှာ နာကြားပြီး ထိုတောသို့ပဲပြန်၍ ၀ါကပ်ခဲ့ရတာ ဖြစ်ပါတယ်။ ထို့ကြောင့်ဝါခေါင်လပြည့်နေ့ကို မေတ္တာသုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုနိုင်ခြင်း ဖြစ်ပါတယ်။

မေတ္တာဆိုတာကို အဘိဓမ္မာမှာ တရားကိုယ်အားဖြင့်
အဒေါသ စေတသိက်လို့ ဆိုပါတယ်။ အမျက်မထွက်ခြင်း၊ စိတ်မဆိုးခြင်း၊ မဖျက်ဆီးခြင်း၊ မနှောင့်ယှက်ခြင်း၊ ရန်မပြုခြင်း စသည်အဓိပ္ပာယ်များရပါတယ်။

ဒေါသက ရန်ညှိုးရန်သူဖွဲ့တဲ့ မကောင်းတရားဖြစ်လို့ အဒေါသက မိတ်ဆွေဖွဲ့တဲ့တရား၊ ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့ အကောင်းတရားပါပဲ။ ဒေါသသည် အပူဓာတ်ဖြစ်လို့ အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်။ အဒေါသကတော့ အအေးဓာတ်ဖြစ်တဲ့အတွက် အဖွဲ့အစည်းကို အားပေးခိုင်မြဲစေပါတယ်။ မှန်ပါတယ်။ ဒေါသအားကြီးတဲ့သတ္တ၀ါများမှာ ကြမ်းတမ်းတဲ့ သဘောတွေလွှမ်းနေတာကြောင့် ချဉ်းကပ်ပေါင်းသင်းဖို့ အလွန်ခက်ပါတယ်။ သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်။ ကျားတွေ၊ ခြင်္သေ့တွေ၊ မြွေပွေး၊ မြွေဟောက်တွေ အနီးအနားသို့ လူတွေ၊ တိရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲ နေသလိုပါပဲ။ ဒါကြောင့် မေတ္တာဘာဝနာ ဆိုတာဟာ ကျား၊ ခြင်္သေ့၊ မြွေပွေး၊ မြွေဟောက်နဲ့တူတဲ့ ဒေါသစိတ်ကို ခေါင်းပါးအောင်၊ ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲ ဖြစ်ပါတယ်။


မေတ္တာသုတ်တော်မှာ တောရပ်မှီရဟန်း(၅၀၀)တို့အား မြတ်စွာဘုရားကမေတ္တာဘာဝနာ
ကျင့်မယ့်ပုဂ္ဂိုလ်သည် ရှေ့ပြေးအကျင့် (၁၄) ပါးကို ကျင့်ရမယ်လို့ ဟောပါတယ်။ တကယ်တော့
မေတ္တာဘာဝနာဖြင့် ဒေါသကို လျော့၍ လျော့၍၊ နှိမ်၍ နှိမ်၍၊ ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ အတ္ထကုသလ၊ သက္က၊ ဥဇု စသော ကောင်းမြတ်သည့် ဂုဏ်အရည်အချင်းများ တိုးတက်လာမည် ဖြစ်ပါသည်။ အတ္ထကုသလဆိုတာ အကျိုးစီးပွားရှိသည့် အလုပ်၌ ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထံ န ဇာနာတိ စသည်ဖြင့် ဟောသောဒေသနာများမှာ ဒေါသသည် ကောင်းကျိုး၊ ဆိုးကျိုးကို မသိ၊ မမြင်ဟု ဟောတော်မူပါသည်။ အဲဒါကြောင့် ဒေါသကင်းသောစိတ် = အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင် အတ္ထကုသလ = အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော = မိမိ သူတပါး အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူ စသည် ဖြစ်လာပါလိမ့်မည်။ ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ အကျိုးဖြစ်မည့် လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့် စွမ်းရည်များမရှိတော့သည့်အပြင် ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင်ပါသည်။

သို့ဖြစ်၍ ဒေါသစိတ်ကို မေတ္တာဖြင့် ပယ်ရှားနိုင်သူသည်-

၁။ မိမိ သူတပါး ကောင်းကျိုးများမည့် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။

၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများ ရှိလာမည်။

၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။

၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှာ အလွန်လွယ်ကူလာမည်။

၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူ ဖြစ်လာမည်။

၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွတ်နေမည်။

၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စ မများတော့ပေ။

၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါး သွက်လက်လာမည်။

၉။ တည်ငြိမ်သော စိတ်ထား၊ ရင့်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ်မွေ့ ချိုသာသော စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentleman) တယောက် ဖြစ်လာလိမ့်မည်။

၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့်လူသားတို့ အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ငြိကပ်၍မနေဘဲ ထိုဒေါသဖြင့်ပင် အမျက်ထွက်၍မောင်းနှင် မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ လွတ်မြောက်၍ တနည်းအားဖြင့် ရာဂဖြင့် ငြိကပ်ခြင်း၊ ဒေါသဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့် လူသားတို့အပေါ်မှာ ချစ်သူ၊ မုန်းသူ၊ ဝေးသူ နီးသူ၊ ယုတ်သူ မြတ်သူ စသည် မခွဲခြား တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည် ဖြစ်သည်။

ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍ လည်းကောင်း၊ အပရိမာဏ ဟူ၍ လည်းကောင်း ဟောတော်မူပါသည်။

ဤမေတ္တာသုတ်တော်၌ အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊ မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သောနည်းအားဖြင့် (၂) နည်းဖြင့် ကျင့်သုံးနိုင်ပါသည်။ ပထမနည်း၌ မြင်ဘူးသော သတ္တ၀ါ၊ မမြင်ဘူးသော သတ္တ၀ါ၊ မြင်နိုင်သော သတ္တ၀ါ၊ မမြင်နိုင်သော သတ္တ၀ါ၊ ကိလေသာရှိသော သတ္တ၀ါ၊ ကိလေသာကင်းသော သတ္တ၀ါ၊ ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊
ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊ ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ၊ ထိုဆိုခဲ့သော
သတ္တ၀ါအားလုံးတို့သည်


၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုပို့နိုင်ပါတယ်။

 
ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စားသတ္တ၀ါ၊ ကိုယ်ခန္ဓာ ကြီးသောသတ္တ၀ါ၊ ငယ်သော မကြီး မငယ် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာဝသော ပိန်သော မပိန်မ၀ အလတ်စားသတ္တ၀ါ အားလုံးတို့သည်-



၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုလဲ ပွားများနိုင်ပါတယ်။



မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ - ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်-

၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။


မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်ပါသည်။ `ကိုယ်တိုင် ရင်၌ လွယ်၍ မွေးဖွားလာခဲ့ရသော တဦးတည်းသော သားရှိသည့် မိခင်သည် ထိုသားငယ်ရင်ခွင်၌နေစဉ် ကျင်ကြီးကျင်ငယ်ကိုစွန့်၍ ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း အလျဉ်းမရှိဘဲ ထိုတစ်ယောက်တည်းသော သားရင်းကို မိမိ၏ အသက်ကိုပင် စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်ပြုစုသလို´ သတ္တ၀ါအားလုံး၏ အပေါ်မှာ အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍ ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု ဟောတော်မူပါသည်။ အနန္တစကြာဝဠာ၊ အနန္တ သတ္တ၀ါတို့အပေါ်မှာ ဒေါသဟူသည့် အတွင်းရန်ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့် မွန်မြတ်သည့်စိတ်ကို တိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိဂုံးမှာ အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်းကျိုးချမ်းသာ ဖြစ်စေချင်သောစိတ် မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော ကျယ်ပြန့်သော မွန်မြတ်သော ဟိတကာမစိတ်ကို နေ့နေ့ညညမရပ်မနား သွားသွားရပ်ရပ် ထိုင်ထိုင်အိပ်အိပ် မတိတ်ဆိတ်ဘဲ အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။ ဤသို့လျှင် မေတ္တာအသိ အမြဲရှိသူတို့၏ နေခြင်းကို ဗြဟ္မ၀ိဟာရ (Noble Abiding) = မြတ်သောနေခြင်းဟု ခေါ်ပါသည်။


သူတော်စဉ်အပေါင်းတို့ ကိုယ်ကျိုး သူကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက် လိုသူတိုင်း
ဤမေတ္တာဘာဝနာကို ပွားများကြရပါသည်။
မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများကြရပါသည်။
မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘ၀မှာပင် ရရှိနိုင်ကြမည် ဖြစ်ပါသည်။



သီတဂူဆရာတော် (၀ါခေါင်လပြည့်တရားတော်)

 


မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Wednesday, September 3, 2014

Xperia Root Kit { 2014 }



 
Xperia နောက်ဝင်လာတဲ့ Model တွေမှာ version အမြင့်တွေနဲ့
 Root လုပ်ရတာအဆင်မပြေဖြစ်နေကြပါတယ်။
 Root လုပ်ရန်အတွက်အားလုံးအဆင်ပြေအောင် Xperia Root Kit { 2014 }
 ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
 ဒီကောင်လေးက Xperia တွေထဲမှာ Root ဖောက်ဖို့ခက်ခဲတဲ့
 Xperia T3 ကိုတောင် အလွယ်တကူ Root ပေါက်စေပါတယ်။
 အဲဒီအပြင် အခြားအခြားသော Model များကိုပါ Root လုပ်နိုင်ပါသေးတယ်။
 Root လုပ်နိုင်သော Model များကို Buildnumber နဲ့ တကွဖော်ပြပေးလိုက်ပါတယ်။
Xperia Root kit (2014) .bat ဖိုင်လုပ်ဆောင်နိုင်သော Model တွေကတော့
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Xperia NX SO-02D 6.1.F.0.117
Xperia acro HD SO-03D 6.1.F.0.128
Xperia acro HD IS12S 6.1.D.1.103
Xperia GX SO-04D 9.1.C.1.103
Xperia SX SO-05D 9.1.C.1.103
Xperia AX SO-01E 9.1.C.1.103(?????)
Xperia VL SOL21 9.1.D.0.401
Xperia Z SO-02E 10.3.1.B.1.1
Xperia Tablet Z SO-03E
Xperia UL SOL22 10.3.1.D.0.220
Xperia A SO-04E 10.3.1.B.2.13(?????)
Xperia Z1 SO-01F 14.3.B.0.288
Xperia Z1 SOL23 14.1.C.3.95
Xperia Z1 SOL23 14.3.C.0.239
Xperia Z1 f SO-02F 14.1.H.1.281
Xperia Z1 f SO-02F 14.3.B.0.288(?????)
Xperia Z Ultra SOL24 14.1.K.3.95
Xperia Z Ultra SOL24 14.3.C.0.239
Xperia Z2 SO-03F 17.1.1.B.2.73
Xperia ZL2 SOL25 17.1.1.C.1.64
Xperia A2 SO-04F 14.3.B.0.279
Xperia Z2 Tablet SGP512 17.1.2.A.0.314
Xperia V LT25i 9.2.A.2.5
Xperia TX LT29i 9.2.A.1.215
Xperia Z C6603 10.5.A.0.233
Xperia M dual C2005
Xperia SP C5303 12.1.A.1.205
Xperia SP 12.1.A.1.207
Xperia Z Ultra C6833 14.4.A.0.108
Xperia Z Ultra SGP412 14.3.A.1.293
Xperia Z1 Compact 14.4.A.0.108
Xperia Z2 D6503 17.1.2.A.0.314
Xperia Z2 17.1.A.2.36
Xperia Z2 Tablet SGP521 17.1.2.A.0.314
Xperia M2 D2303 18.0.C.1.13
·Xperia M2 D2305
Xperia T2 Ultra 19.1.A.0.473
Xperia M 15.4.A.0.23
Xperia T3 18.1.A.1.14
အထက်ကဖော်ပြထားတဲ့ Model အားလုံး Root ဖောက်နိုင်ပါတယ်။

လိုချင်ရင်အောက်ကလင့်မှာဒေါင်းလုတ်ဆွဲလိုက်ပါ။

https://www.dropbox.com/s/vvc06nu67du0b63/Xperia%20Root%20Kit%20%28%202014%20%29.zip?dl=0
 
အဆင်ပြေကြပါစေ။
 
ကိုမိုးစက်


 


Internet Booster-v4.3.9.apk



 
Booster Apk တွေအများကြီးရှိတဲ့အထဲမှာ ကျွန်တော်အခုနောက်ပိုင်းသဘောကျနေတဲ့ Internet Booster-v4.3.9.apk ကိုတင်ပေးလိုက်ပါတယ်ဗျာ။ သူ့မှာအဓိကကျတဲ့လုပ်ဆောင်ချက်လေးခုရှိပါတယ်။
RAM Booster , Memory Cleaner , Battery Saver နဲ့ Network Re-setter ဆိုတဲ့ Function လေးခုပါဝင်ပါတယ်။ အဲဒီFunction လေးခုထဲကအသေးစိတ်လုပ်ပေးနိုင်တဲ့ Feature တွေကိုပြောရမယ်ဆိုရင် လုပ်ဆောင်ချက်ပေါင်း 30ကျော်နေပါပြီ။ အဲဒါတွေကိုတော့ အသေးစိတ်ပြောပြမနေတောပါ့ဘူး။
File Size ကလည်း 89.5kb လေးပဲရှိတာမို့ လိုအပ်ရင်သုံးနိုင်ဖို့အတွက်ဒေါင်း ယူထားစေချင်ပါတယ်။ Android OS 2.0 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
 
https://www.dropbox.com/s/tazl4egkvp1h0mr/Internet%20Booster-v4.3.9.apk?dl=0
 
 
ကိုမိုးစက်
 

 
 
 

မည်သည့် Android Version ကိုမဆို မြန်မာစာ 100% မှန်အောင်ထည့်ပေးမည့် Smart Zawgyi Pro



 
မည်သည့်Android Version ကိုမဆို မြန်မာစာ 100% မှန်အောင်ထည့်ပေးမည့် Smart Zawgyi
Pro ထွက်ရှိလာပါတယ်။ Android 4.1,4.2 Jelly Bean တွေမှာ သဝေထိုးနဲ့
အသတ်တွေ ရှေ့နောက်လွဲနေတာတွေကို… 100% ပြင်ပေးနိုင်ပါမယ်…
နောင်ထွက်မည့် Version တွင် ညာဘက်ထောင့်မှစာများ ပြတ်နေတာတွေကိုပါ
ရှင်းပေးပါ့မယ်… Orient Myanmar လို Huawei တစ်မျိုးတည်းရတာမဟုတ်ပဲ…
မည်သည့် ဖုန်းကိုမဆိုရပါမယ်…
Sony, Huawei အားလုံးမှာစမ်းပြီးပါပြီ…

Samsung တွေဆိုရင် မြန်မာပြည်ကို တရားဝင်သွင်းတဲ့ အလုံးတွေအားလုံးစမ်းသပ်ပြီးဖြစ်ပါတယ်။
Smart Zawgyi Pro ကိုရေးသားဖန်တီးသူကတော့
Developer Ko Kyaw Swar Thwin ဖြစ်ပါတယ်။
Smart Zawgyi Pro for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
 

https://www.dropbox.com/sh/qmalflfp7v7wykw/AAAj64CZDsBvEz_MvM7dR4doa?dl=0
 
 
ဖုန်းသမားတွေအဆင်ပြေအောင်လင့်အသစ်ပြန်ချိတ်ပေးလိုက်ပါတယ်။
 
ကိုမိုးစက်






VRoot 1.7.8.7 (9.5 MB) For Android and Window







ဒီကောင်လေးကတော့ ဖုန်းတော်တော်များနဲ့ အခုထပ်ထွက်လာတဲ့ android version 4.3, 4.4 ကိုလဲ Root လုပ်လို့ရပါတယ် .... ဖုန်းအသုံးပြုသူတိုင်း ဒီ Root tool လေးကိုတော့ သိပြီးသားနေမှာပါ .... 
ကွန်ပျူတာမှာသုံး ဖို့ရော၊ ဖုန်းထဲကနေ root လုပ်လို့ရအောင် apk လေးရော တင်ပေးလိုက်ပါတယ် ....ကြိုက်တယ် လိုချင်တယ်ဆိုရင်တော့ဒေါင်းသွားလိုက်ဗျာ။


 
 
 
 
အဆင်ပြေကြပါစေ။
 
ကိုမိုးစက်
 
 


Android ဖုန်းမှာ floder တွေကို password နဲ့ပိတ်ထားနိုင်တဲ့ Folder Lock Version : 1.0.9 apk

 

 
Android ဖုန်းတွေမှာ floder တွေကို lock ချပေးမယ့် Folder Lock Version : 1.0.9 apk လေးပါဗျာ ။
ကျွန်တော်တို့ဖုန်းကိုတော့လူတိုင်းသုံးကြပါတယ်။   ကိုယ့်ဖုန်းထဲကတချို့အရာတွေသူများကိုပေး
မသိစေချင်ဘူးဗျာ။ ဥပမာ တချို့လူတွေရဲ့ဖုန်းနံပါတ်တွေ ၊ online ထဲမှာမိမိအသုံး
ပြုနေတဲ့ Browser တွေ ၊ video တွေ သီချင်းတွေနဲ့ အခြားသော pdf ဖိုင်တွေ နဲ့အရေးကြီးမှတ်ထားတဲ့
မိမိသူငယ်ချင်းတွေရဲ့လိပ်စာတွေ စသဖြင့်ပေါ့။
ပြောရင်ပြောမကုန်ပါဘူး
သူများကတောင်းလာလို့မပြဘူးကွာဆိုလဲမကောင်းဘူးလေ။
ဒါကြောင့်အဲဒီအခက်အခဲတွေကိုဖြေရှင်းဖို့အတွက် ဒီကောင်လေးကို လူမိုက်ငှားလိုက်တဲ့သဘောပါပဲ။
ဒီကောင်လေးကတော့ မိမိပိတ်လိုတဲ့ folder လေးတွေကို password လေးခံပြီးပိတ်ထားလို့ရပါတယ်။ 
ကိုယ်ပိတ်တဲ့ password တွေတော့မမေ့စေနဲ့ပေါ့။
တော်ကြာသူများကိုမကြည့်စေချင်လို့ပိတ်လိုက်ပါတယ် ကိုယ်လဲကြည့်မရပဲဖြစ်နေမှာစိုးလို့နော်။

အားလုံးပဲအဆင်ပြေပါစေဗျာ ။ ဖိုင်ဆိုဒ်က 4mb ပဲရှိပြီး Android : 2.2 အထက်ဖုန်းတွေမှာ
အသုံးပြုနိုင်ပါတယ် ။
 
 
 

 
 
 
ကိုမိုးစက်
 
 
 
 
 

 




 
 




Sony Xperia အမြင့်ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ Easy Root Tool



 
ဒီ Tool လေးရဲ့ အသုံးပြုနိုင်စွမ်းက တကယ်ကိုကောင်းမွန်လှပါတယ် Sony Xperia အမြင့်ဖုန်းတော်တော် များများကို Root လို့ရပါတယ် ကျွန်တော် စမ်းထားတာတော့ Xperia Z1 C 6903 4.4.4 , Xperia Z Ultra C6833 4.4.2, 4.4.4 , Xperia Z2 C6503 4.4.2 ၃လုံးမှာ စမ်းပြီးပါပြီ။
အကုန်လုံး Bootloader Unlock လုပ်စရာမလိုပါဘူး။မြန်လဲမြန်ဆန်ပါတယ်။
အသုံးပြုနည်းကို ပြန်လည်ပြောပါ့မယ်။
အရင်​ဦးဆုံးဒီ Tool​ လေးကို​ဒေါင်းလုပ်​ဆွဲလိုက်​ပါ။
 
 
ဒေါင်းလုပ်​ဆွဲပြီးရင်​​တော့
Down ရလာတဲ့ zip ဖိုင်ကို desktop ပေါ်မှာဖြည်လိုက်ပါ Computer ကို အင်တာနက်ချိတ်ထားပါ။
install ဆိုတဲ့ bat file ကို run လိုက်ပါ။ လိုအပ်တဲ့ Towel root apk ကို download ဆွဲပါလိမ့်မယ်။ ခဏစောင့်ပေးပါ။
ပြီးရင်ကွန်ပျူတာနှင့်ဖုန်းကိုချိတ်ပေးလိုက်ပါ။ ဖုန်းမှာ usb debugging တို့ unknow sources တို့ဖွင့်ထားပါ။
ဖုန်းနဲ့ကွန်ပျူတာကိုကြိုးချိတ်လိုက်ရင် လိုအပ်တဲ့ဖိုင်များကို အလိုအလျောက်သွင်းပေးသွားမှာပါ။
Cleaning up ဆိုတဲ့ စာသားပေါ်လာရင် ကြိုးဖြုတ်လိုက်ပါ။
ဒါဆို Root ရပါပြီ။  Super user တော့ပေါ်မှာမဟုတ်ပါဘူး။
SuperSu version အမြင့်တစ်ခုခု ထည့်ပေးလိုက်ပါ။ ဒါဆိုရင် သင့်ဖုန်းမှာ Root Access ရသွားပါပြီ။Xperia အမြင့်ဖုန်းတော်တော်များများမှာသုံးလို့အဆင်ပြေပါတယ်။ အချိန်ကုန်လည်းသက်သာပါတယ်။Mobile Service သမားတွေဆောင်ထားသင့်တဲ့ tool ကောင်းလေးတစ်ခုဖြစ်ပါတယ်။
 
ကိုမိုးစက်

Facebook အသုံးပြုသူအချင်းချင်း Free Video Call ခေါ်နိုင်မယ့် - Seen v1.8 APK

 
 

 

 
 
 


အခုတင်ပေးလိုက်တဲ့ Application လေးကတော့ အသစ်တော့မဟုတ်ပါဘူး။ ထွက်ထားတာ အတော်လေး ကြာခဲ့ပါပြီ။
ဒါပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းမှ Facebook ခေတ်စားလာတဲ့အတွက်
Seen ဆိုတဲ့ Application လေးကိုပြန်တင်ပေးလိုက်တာပါ။ ဒီကောင်လေးက Facebook ထဲမှာ မိမိနဲ့ Friend ဖြစ်တဲ့သူအချင်းချင်း Free Video Call ခေါ်ဆိုပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်။
ခေါ် ဆိုပုံလည်း လွယ်ကူတဲ့အတွက် ကျွန်တော်မရှင်းပြတော့ပါဘူးနော်။ Skype တို့ Tango တို့မှာအသုံးပြုရ တဲ့အတိုင်းပါပဲ။ Android OS 21. နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
 
 
 
 
ကိုမိုးစက်


Related Posts Plugin for WordPress, Blogger...