ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Friday, February 19, 2016

Samsung Galaxy S6 All Model များကို Root လုပ်နည်း (ကွန်ပျူတာမလို)



Samsung Galaxy S6 All Model များကို Root လုပ်ချင်တဲ့ညီအကိုတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ကွန်ပျူတာမလိုပါ
Root apk ဖြင့် ဖုန်းမှာတင် အလွယ်တကူ Root access ကိုရယူနိုင်မှာဖြစ်ပါတယ်။

လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Galaxy S6 များ အတွက်သီးသန့်ဖြစ်ပြီး
ဖုန်း Model Android All version ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check လုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။




ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်စေပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါ။
ပြီးရင် Build Number ကို ခုနှစ်ချက်လောက်ထောက်လိုက်ပါ။ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။




How to Root Galaxy S6 All Models
=======================
အပေါ်မှာပေးထားတဲ့ Root apk ကိုဒေါင်းလော့ရယူလိုက်ပါ

ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြည်လိုက်ရင် pingpongroot apk ဆိုပြီး
Apk ကိုတွေ့ပါလိမ့်မယ် Copy ကူးယူပြီး ဖုန်းရဲ့ SD Card & Storage သို့ကူးထည့်လိုက်ပါ။

ဖုန်းတွင် Unknown Sourse ကို အမှန်ခြစ်ပေးထားပြီး Apk ကို Install ပြုလုပ်ပါ။

ပြီးရင် USB debugging Mode ကို Enable ပြုလုပ်ထားပါ။

Root apk ကိုဖွင့်လိုက်ပြီး အားလုံးအသင့်ဖြစ်ရင် Root ဆိုတာကိုနှိပ်လိုက်ပါ။

Root process တစ်ခုပြုလုပ်နေတုန်း ခနစောင့်နေလိုက်ပါ၊ အားလုံးပြီးသွားတဲ့အခါ
ဖုန်းကို Reboot ချပေးဖို့ Request တောင်းလာပါလိမ့်မယ် Reboot ချပေးလိုက်ပါ

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့် စမ်းသပ်ကြည့်လိုက်ပါ။


အဆင်ပြေပါစေ

Credit - www.zunite.org

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...