ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Sunday, August 31, 2014

လတစ်စင်းရဲ့ပင်လယ်




ရပ်တန့်ငြိမ်သက်နေခဲ့တဲ့
ပင်လယ်တစ်ခုရဲ့မှတ်တမ်းမှာ
နားလည်မှုများစွာ…..
တိုက်ဆိုင်မှုများစွာ…..
အမှတ်တရများစွာနဲ့
သတိရခြင်းတွေကိုသိမ်းပိုက်သွားခဲ့တဲ့လတစ်စင်းရဲ့အကြောင်း
ရိုးသားစွာဖွင့်ဟဝန်ခံခွင့်ပြုပါ။

ပင်လယ်တစ်ခုရဲ့ဖြစ်တည်မှုသမိုင်းကြောင်းမှာ
အမှန်တရားဖြစ်စဉ်တစ်ခုရှိခဲ့တယ်ဆိုရင်
အဲဒါဟာ..
လမင်းနဲ့တွေ့ဆုံခဲ့ခြင်းကလွဲပြီး
တခြားဘာမှမဖြစ်နိုင်ပါဘူး.......

ပင်လယ်တစ်ခုရဲ့
လမင်းနဲ့တွေ့ဆုံခဲ့ခြင်းဆိုတာ
သမိုင်းတွင်ရစ်လောက်အောင်
ကြီးကျယ်ခမ်းနားခြင်းတွေတော့
မရှိခဲ့ပါဘူး.......

လမင်းနဲ့တွေ့ဆုံခဲ့ခြင်းဆိုတာ
ပင်လယ်အတွက်
အမှားအယွင်းတစ်ခုဖြစ်ခဲ့မယ်ဆိုရင်တောင်
အဲဒီမှားယွင်းမှုဟာ
ပင်လယ်ရဲ့အသက်ရှင်ခွင့်ပဲဖြစ်နေပြန်ပါတယ်။

လရောင်တွေခံယူခွင့်မရှိသေးချိန်အထိ
မှောင်မဲအေးစက်နေတဲ့
သွေးပျက်စရာအခြေအနေတစ်ခုထဲမှာ
ပင်လယ်ဟာ
ကိုယ့်ကိုယ်ကိုယ်လွှင့်ပစ်ထားခဲ့ဖူးတယ်........

လမင်းရေ…..
ငါပြောပြချင်တယ်
လတစ်စင်းရဲ့ကကြိုးအောက်မှာ
ရိုးသားစွာပျောက်ဆုံးခဲ့ရတဲ့
ပင်လယ်တစ်ခုရဲ့အသက်ရှူသံတွေအကြောင်းပေါ့။

ယုန်လဲမဝပ်ပါဘူး
ဆန်ဖွပ်တဲ့အဖိုးအိုလဲမရှိခဲ့ပါဘူး
ဒါပေမယ့်…
အဲဒီလတစ်စင်းရဲ့ဆွဲအားကြောင့်
ပင်လယ်ရဲ့ဝိညာဉ်ဟာ
မျှော်လင့်ခြင်းများစွာနဲ့
အသက်ဝင်ခဲ့ရပါတယ်.......

ပင်လယ်တစ်ခုရဲ့  
ဖြစ်တည်မှု…..
ရှင်သန်မှု…..
စီးဆင်းမှု…..
ရပ်တန့်မှု…..အားလုံးဟာ
လမင်းရဲ့အသက်ရှူသံတွေအောက်မှာ
နူးညံ့စွာ ခစားခဲ့ရပါတယ်။
လရောင်ကို မြတ်နိုးစွာခံယူတတ်ခဲ့သလို
လမင်းကိုလဲ ရိုးသားစွာမျှော်လင့်နေတတ်ခဲ့ပါပြီ
လရောင်ကိုနမ်းရှိုက်ခွင့်မရတဲ့ညတွေမှာ
ပင်လယ်ဟာ
အသက်ကို တစ်ဝက်ပဲရှူခဲ့ရပါတယ်.....

အေးမြနူးညံ့တဲ့လရောင်ရဲ့ရနံ့မှာ
နှစ်သက်စွာခံစားပျော်ဝင်တတ်ခဲ့ပြီးတဲ့နောက်
သင်ကြားစရာမလိုအပ်ပဲ
တတ်မြောက်ခဲ့ရတဲ့အလွမ်းတွေနဲ့အတူ
လမင်းကိုရူးသွပ်မိသူပါ။

ဒီလိုနဲ့ ပင်လယ်ဟာ
သူချစ်တဲ့လတစ်စင်းရဲ့အကြောင်း
သူ့ရဲ့ရင်ဘတ်ထဲမှာ
နက်ရှိုင်းစွာ ရေးထိုးထားခဲ့မိပါတယ်.......

အဲဒါဟာ
ပင်လယ်တစ်ခုရဲ့ လိုအပ်ချက်လား.....?
ပင်လယ်တစ်ခုရဲ့ မိုက်မဲမှုလား.....?
ပင်လယ်တစ်ခုရဲ့ ကျဆုံးခန်းလား.....?

ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်
ပင်လယ်တစ်ခုရဲ့ဖြစ်တည်မှုခရီးစဉ်အဆုံးထိ
လရောင်တွေကို
မရှိမဖြစ်လိုအပ်နေပါတယ်.......

ဒါဟာ
ပင်လယ်တစ်ခုရဲ့ဖြစ်တည်မှုသမိုင်းကြောင်းမှာ
ပထမဆုံး….
နောက်ဆုံး….နဲ့
တစ်ခုတည်းသောအမှန်တရားပဲဖြစ်ပါတယ်။

 

လမင်းရေ…..
ကောင်းကင်ကြီးပြိုကျပျက်စီးသွားခဲ့ရင်တောင်မှ
လမင်းကိုပိုင်ဆိုင်ခွင့်ရဖို့မသေချာတဲ့
ပင်လယ်တစ်ခုရဲ့ရင်ဖွင့်သံတွေကြားမှာ
လမင်းလေး အိပ်ရေးပျက်နေမလား.....?

ဆုံနိုင်တဲ့လမ်းမှာတွေ့ခဲ့ကြပါရက်နဲ့
နှင်းဆီပွင့်တဲ့ရာသီတစ်ခုနဲ့တော့
တိုက်ဆိုင်စွာမလွဲချော်ပါရစေနဲ့

ပင်လယ်တစ်ခုရဲ့ဖြစ်တည်မှုခရီးစဉ်အဆုံးမှာ
မုန်တိုင်းတွေထန်နေမလား
လရောင်တွေရဲ့နှစ်သိမ့်မှုနဲ့
နူးညံ့စွာထိတွေ့ခွင့်ရမလား
ပင်လယ်ဟာသိခွင့်ရချင်နေပါတယ်။

 
(ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ခံစားရရှိတဲ့အရာအားလုံးအတွက် လမင်းကိုကျေးဇူးတင်တယ်)

 

ကိုမိုးစက်

August,30,2014 , Saturday 11:47 pm

 

 

 

 

 

 

 

 

 

 

 


Saturday, August 30, 2014

ကွန်ပျူတာအသုံးပြုသူများအတွက် မြန်မာဖောင့်များ

ဒီနေ့တော့ ကွန်ပျူတာအသုံးပြုတဲ့ကျွန်တော့်သူငယ်ချင်းများအတွက် ကျွန်တော်စုစည်းထားတဲ့
မြန်မာဖောင့်များကိုဝေမျှပေးလိုက်ပါတယ်။
 
myanmar font collection

Animal Art House

Kanote

KING

PSFONTS

ShweTheway

ART Houes

W Win Myanmar Font


(ဖုန်းသမားတွေဒေါင်းလို့အဆင်ပြေအောင် လင့် အသစ်ပြန်ချိတ်ပေးလိုက်ပါတယ်)အားလုံးအဆင်ပြေကြပါစေဗျာ။

ကိုမိုးစက်


 
 
 
 

Yangon Buses v1.0 for Android




 
Android ဖုန်းအသုံးပြုသူတွေအတွက် ရန်ကုန်မှာဘတ်စ်ကားစီးရင် စီးရမယ့်ဘတ်စ်ကားမသိတာ၊ ဘတ်စ်ကားတွေဘယ်ရောက်လဲမသိတာမျိုးတွေကို အဆင်ပြေစေဖို့ ‘Yangon Buses’ Mobile Application ထွက်ရှိလာပါပြီ။ ဒီဆော့ဝဲလေးကိုအသုံးပြုပြီး
ဘတ်စ်ကားဂိတ်များ ၊ ဘတ်စ်ကားနံပါတ်များ ၊ ဘတ်စ်ကားတွေသွားမယ့်လမ်းကြောင်းမှာ ကားရပ်မယ့် မှတ်တိုင်အမည်များကို သိရှိနိုင်မှာဖြစ်ပါတယ်။ “Yangon Buses” application လေးကိုရေးသားထားသူကတော့ Developer ကိုသိန်းထိုက်အောင်ဖြစ်ပါတယ်။

Yangon Buses v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

 
 
ကိုမိုးစက်





Wednesday, August 27, 2014

Apple ID ( US ) store အလွယ်ကူဆုံးဖွင့်နည်း။

 
မိမိတွင်ရှိထားသော Apple ID နှင့် iCloud တို့ကို Log Out လုပ်ပါ။
ပြီးမှ Apple ID (US) store free account ဖွင့်ပါမယ်။
iDevice ရဲ့ Setting ထဲသွားပါ။ iCloud ကိုရှာပြီးဝင်ပါ။
Get a free Apple ID နှိပ်ပေးပါ။

 
Birthday ( မွေးနေ့) ဖြည့်ပြီးညာဘက်အပေါ်ဒေါင့်က Next နှိပ်ပေးပါ။


 
Name (နာမည်) ဖြည့်ပြီး Next နှိပ်ပါ။
 
Get a free iCloud email address ရေးပေးပါ။


 
နာမည်ရေးပြီးပါကပုံထဲကအတိုင်း create နှိပ်ပေးပါ။ နာမည်ရေးရာမှာလည်း နာမည်ပဲရေးပေးပါ။ အနောက်က @icloud ဆိုတာက ရေးစရာမလိုပါဘူး။
 
 
Create နှိပ်ပြီးပါက ခုနကထည့်ထားသော @icloud အတွက် password နဲ့ Verify နေရာ ၂ ခုမှာမိမိနှစ်သက်ရာကို အတူတူဖြစ်အောင်ရေးပါ။
 

ပြီးရင်ပုံထဲကအတိုင်းမေးတာလေးတွေဖြည့်ပေးပါ။ မိမိမှတ်မိလွယ်တာတွေပဲဖြည့်ပေးပါ။ ဒါမှလည်း security question မေးလာရင် အလွယ်တကူဖြေနိုင်အောင်ပါ။


 
မိမိ Apple ID ( iCloud ) အတွက်မိမိသုံးနေသောအီးမေးလ်တခုထည့်ပေးပါ။ မိမိထည့်ပေးသောအီးမေးလ်သည် Apple ID အတွက်မသုံးရသေးသောအီးမေးလ်ဖြစ်ရပါမည်။
ဒါမှလည်း Apple မှ မိမိ Apple ID အတွက် Verify လုပ်ဖို့မေးလ်ပို့ပေးမှာဖြစ်ပါတယ်။
 

 
Email Updates မှာသူအတိုင်း on ပြီး Next နှိပ်ပါ။
 

 
Terms And Conditions မှာ Agree နှိပ်ပေးပါ။
 

 
Merge With iCloud မှာ Merge နှိပ်ပေးပါ။ merge with iCloud ဆိုတာ
 iCloud နှင့်အတူပူးပေါင်းတယ်လို့အဓိပ္ပါယ်ရပါတယ်။
မေးလ်, Contacts, calendars အစရှိတာတွေကို iCloud ထဲထည့်မလားဆိုတဲ့သဘောပါ။
ထည့်မှလည်း back လုပ်ရင်သူတို့တွေရှိနေမှာပါ။
merge မလုပ်ထားရင်ရှိနေမှာမဟုတ်ပါ။
 


 
Allow iCloud to use Location of your iDevices? မိမိသုံးနေတဲ့ iPhone or iPad ရဲ့နေရာထည့်ပါ။
 


 
Ok နှိပ်ပြီးရင် App Store ထဲဝင်ပြီးမိမိနှစ်သက်ရာ application ကို Use Existing Apple ID နှိပ်ပြီး မိမိဖွင့်ထားသော ID ထည့်ပေးပါ။
Download မလုပ်ခင်မိမိ Apple ID (iCloud mail) အတွက်ထည့်ထားသောမိမိသုံးနေတဲ့အီးမေးလ်ထဲတွင်မိမိ Apple ID အတွက်
Verify လုပ်ဖို့လင့်ရောက်နေပါပြီ။ လင့်ထဲဝင်ပြီး verify လုပ်ပေးလိုက်ပါ။
 

 
ပုံထဲကအတိုင်းမြင်ရရင် Review နှိပ်ပါ။
 

 
Account Setting ပေါ်လာမည်။ ဒီနေရာမှာအဓိကပါ။ United States ကိုရွေးပေးပြီး Next နှိပ်ပါ။
 

 
Agree နှိပ်ပါ။


 
Account setting တွင် None ဆိုတာအမှတ်ခြစ်ပြီးသားတွေ့ရပါမယ်။ US Address ဖြည့်ပေးလိုက်ပါ။
US address မသိပါက safari web browser မှ US address ဆိုပြီးပေါ်လာပါလိမ့်မယ်။
ကြိုက်ရာကိုယူရေးလို့ရပါတယ်။ ဥပမာ- ကျနော့်ပုံလေးကိုကြည့်ပါ။
 




 


 Done နှိပ်ပြီးပါကအောင်မြင်စွာအကောင့်ဖွင့်ပြီးပါပြီ။
 

 
ဖြည့်ပြီးပြီဆိုရင်တော့ Apple ID ( US )/ @icloud account တခုကိုလက်ဝယ်ရရှိပါပြီခင်ဗျာ။ အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။
 
ကိုမိုးစက်
 
 
Posted by Kyaw Thiha Phyo-RedSnow (MMAS & MMUG)
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 
 


Sunday, August 24, 2014

Samsung Galaxy Grand 2 ကို Root ဖောက်ဖို့ towelroot

Galaxy Grand 2 ကို Root ဖောက်ဖို့ towelroot Apk လေးကိုတင်ပေးလိုက်ပါတယ်။လိုချင်ရင်အောက်မှာဒေါင်းလိုက်ပါ။

towel root 

(လင့်အသစ်ပြန်ချိတ်ပေးထားပါတယ်။ အဆင်ပြေကြပါစေ။)


ကိုမိုးစက်

Android ဖုန်း/Tablet အမျိုးအစားအားလုံးနီးပါးကို Root လုပ်နိုင်တဲ့ VRoot V1.7.3



လက်ရှိထွက်ရှိထားတဲ့ Android ဖုန်း/Tablet ပေါင်းစုံ (တရုတ်ဖုန်း/Tablet များပါမကျန်) အားလုံးနီးပါးကို Root လုပ်နိုင်စွမ်းရှိတဲ့ VRoot v1.7.3 ကိုတင်ပေးလိုက်ပါတယ်။ Android 1.5 မှ Android 4.2 အထိရှိတဲ့ Android Devices ပေါင်းများစွာကို Root လုပ်နိုင်ပါတယ်။ အသုံးပြုသူတွေကြားမှာလည်း တကယ်နာမည်ကြီးတဲ့ Root Tool လေးပါ။ အသုံးပြုသူများလွယ်ကူစေဖို့ English version တင်ပေးလိုက်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။

VRoot_1.7.3.4863_english Version


အဆင်ပြေကြပါစေ။

ကိုမိုးစက်

အင်တာနက်သုံးနေစဉ်မှာ Viber ကို Offline လုပ်ထားနိုင်မည့် Apk



အင်တာနက် သုံးနေရင်းနဲ့ Viber ကို Offline လုပ်နိုင်ပါပြီ။
အခု app ဟာ အင်တာနက်သုံးနေစဉ်မှာ Viber ကို Offline လုပ်ထားနိုင်ပါတယ်
သင့်အား Viber မှ ပို့သမျှ စာသားများမဝင်တော့ပါဘူး။
Online/Offline အဖွင့်/အပိတ် ပါတဲ့အတွက်ကြောင့်
အချိန်မရွေး Viber ကို Online/Offline လုပ်နိုင်ပါတယ်။
နေ့စဉ် (သို့မဟုတ်) အချိန်ပိုင်း ရက်၊ လ ၊ ခုနှစ် တွေအထိ
ကြိုတင်ပြီး Offline အခြေနေအတွက် အချိန်ဇယားဆွဲပြီး ပြင်ဆင်နိုင်ပါတယ်
တစ်ဘက်လူက သင့် Viber ကိုကြည့်ရင် Offline လို့ပဲမြင်ရပါမယ်
Online ပြန်ဖြစ်ချင်တယ် ဆိုပါရင် ချက်ခြင်း On နိုင်ပါတယ်။

ဒီမှာဒေါင်းလိုက်ပါ။

ဒီ Apk လေးကိုဖန်တီးသူကတော့ Ko Kyaw min soe ဖြစ်ပါတယ်။
 
ကိုမိုးစက်

 



Android ဖုန်းကနေ ဘောလုံးပွဲတွေကိုတိုက်ရိုက်ကြည့်မယ်

 
 
PremierLeague ဘောလုံးပွဲများနဲ့ တခြားဘောလုံးပွဲစဉ်များကို ဖုန်းကနေ Apk နှစ်မျိုးသုံးပြီးတော့
အချိန်နဲ့ တပြေးညီ လွယ်ကူစွာကြည့်ရှုနိုင်ပါပြီ။
ဘောလုံးချစ်သူတွေအတွက် အဆင်ပြေတဲ့ Apk နှစ်မျိုးပါ။
Apps Store မှာ ဘောလုံးပွဲနဲ့ ပတ်သတ်သည့် Apk တွေ အမျိုးမျိုးရှိပါတယ်။
LIVE အနေနဲ့တိုက်ရိုက်ကြည့်နိုင်တဲ့ Apk ဆိုရင် မရှိသလောက်ပါ။
အခု Apk လေးတွေနဲ့ဆိုရင် အဆင်ပြေပါတယ်။
တကယ်လည်းကြည့်လို့ရပါတယ်။
Apk နှစ်မျိုးလုံးကို Download ဆွဲပြီးတာနဲ့ Apk ထဲကနေ
ကိုယ်ကြည့်ချင်တဲ့ League ကို နှိပ်ပြီးရှာလိုက်ပါ။
Premier League ကိုနှိပ်လိုက်မယ်ဆိုရင် မန်ယူပွဲ  ချဲလ်ဆီးပွဲတွေ လာမည့် နေ့ /အချိန်မှာ
ပွဲစဉ်ကို Click ပြီး ပွဲစဉ်ဇယားအောက်က အစိမ်းရောင် စာသားလေးကိုကြည့်ရင်
သွားရောက်ကြည့်ရှုလို့ရတဲ့လိုင်းတွေကို တွေ့ရမှာပါ။
Click တစ်ချက်နှိပ်ပြီး လွယ်ကူစွာကြည့်ရှုနိုင်ပါတယ်။
အဲဒီ Apk နှစ်မျိုးကိုဒေါင်းလုတ်ဆွဲပြီး မိမိဖုန်းထဲမှာ Install လုပ်ထားလိုက်ပါ။
နှစ်ခုစလုံးရှိနေမှ ကြည့်လို့ရပါလိမ့်မယ်။
အောက်မှာဒေါင်းလိုက်ပါနော်။

Adobe Flash Player 11.1

Football Live

 




 
 
 
အားလုံးအဆင်ပြေကြပါစေ။
 
ကိုမိုးစက်
 
 
 

Saturday, August 23, 2014

Play Store Error နှင့် Gmail Error တို့ကိုဖြေရှင်းနည်း



အင်တာနက်သုံးသူတွေမှာဖြစ်တတ်တဲ့ google Play Store နဲ့ Gmail တို့ Error ကျပြီး  Play Store ဝင်လို့မရ Gmail ဝင်လို့မရလို့ စိတ်ညစ်ရ၊ခေါင်းကိုက်ရတဲ့ကိစ္စလေးကိုဖြေရှင်းနည်းလေးပြောပါရစေ။
ဒါကို ဘာဖြစ်မှန်းမသိလို့ဖုန်းဆိုင်မှာသွားလုပ်ပြီး ငွေကုန်တဲ့သူတွေလည်းရှိပါတယ်။
Gmail Error ကျတဲ့ ပုံစံကတော့ Gmail Account အသစ်ကို သွားလိုက်ရင် Try again later ပြပြီး
Next ပုံစံ ဆက်မလာတော့ပါဘူး။
Gmail ထည့်ထားတဲ့ သူတွေကျတော့ Gmail ကစာအိပ်တွေလုံးဝမလာတော့ပါဘူး။
Gmail နဲ့ ပတ်သက်တာဖုန်းမှာလုံးဝသုံးလို့မရတော့ပါ။
ဒါက Gmail Error ပေါ့......
Play Store Error ကတော့  Internet လိုင်းရှိရဲ့သားနဲ့  Play Store ကိုဝင်လို့မရတော့တာပါ။  Connection out ဆိုတဲ့စာတမ်းပေါ်ပြီးဘာမှဆက်လုပ်မရတာတို့ ၊ နောက်ထပ် Account အသစ်နဲ့ဝင်ရင်လဲ  Phone Data Connection ဖွင့်ထားရက်နဲ့
အဲဒီ Data Connection ကိုရွေးလို့မရပဲ Wifi လိုင်းတစ်မျိုးပဲဖွင့်ခွင့်ပေးထားတာတို့ပေါ့။
ဒါက အင်တာနက်သုံးသူတွေရဲ့ဖုန်းမှာဖြစ်တတ်တဲ့ပြဿနာလေးတွေထဲကတစ်ခုပေါ့ဗျာ။
ဖြစ်လာတဲ့အချိန်မှာဖြေရှင်းနိုင်အောင်ဒီပို့စ်လေးကိုဖတ်ထားမယ်ဆိုရင်တော့ အရှုံးမရှိနိုင်ပါဘူး။
လုပ်ရမှာကလွယ်ပါတယ်။ (မသိတုန်းကတော့ခက်တာပေါ့ဗျာ)
ဆိုင်သွားစရာမလိုပါဘူး
ကွန်ပျူတာ မလိုပါဘူး
(ကိုယ့်ဖုန်းက Root ဖောက်ထားပြီးသားတော့ဖြစ်ရမယ်နော်)
Root Explorer Pro ဆော့ဝဲလ်လေးပဲလိုပါတယ်။

ဒီနေရာမှာဆွဲလိုက်ပါ။

ကိုယ့်ဖုန်းထဲမှာ Install လုပ်ပြီးထည့်လိုက်ပါ။

1 - Root Explorer Pro Apk ကိုဖွင့်ပါ 
2 - System ကိုရှာပြီးဖွင့်လိုက်ပါ။
3 - System ထဲက etc ကိုဖွင့်ပါ။
4- အပေါ်ဘားတန်းမှာရှိတဲ့ Mount R/W ကို Mount R/O
လို့ချိန်းလိုက်ပါ။
5- etc ထဲက hosts ကို ခပ်ကြာကြာနှိပ်ပြီး Delete နဲ့ ဖျက်ပေးလိုက်ပါ။
ဒါဆို Error ဖြစ်နေတဲ့ Play Store / Gmail တို့ကို အရင်လို ပြန်ပြီးအသုံးပြုနိုင်မှာပါ။

အားလုံးအဆင်ပြေနိုင်ကြပါစေ။

ကိုမိုးစက်
 

★★ Tenorshare iPhone Care Pro 1.0.0.0 Build 2014.07.26 + Key ★★



iPhone, iPad and iPod ကိုင်ဆောင်သူတွေအတွက် all-in-one tool လေးကိုတင်ပေးလိုက်ပါတယ်။
Optimizes, cleans, and fixes တွေအတွက်ဖြေရှင်းပေးနိုင်တဲ့ 1 click ဆော့ဝဲလ်လေးပါ။
Files Manager and Backup & Restor ပြုလုပ်နိုင်ပြီးတော့ iPhone lock screen မှာ Passcode မေ့နေသူတွေအတွက် Passcode Unlocker လေးလည်းပါဝင်ပါတယ်။
jailbreak မရှိလည်းရပါတယ်။iOS devices များဖြစ်သော
(iOS 8/7.1 included) များတွင်အသုံးပြုနိုင်ပါတယ်။
iDevice ကနေ computer ဆီကိုလည်း files များကို
Export လုပ်နိုင်ပါတယ်။Full ဖြစ်စေဖို့အတွက် Key လေးကိုထည့်သွင်းပေးထားပါတယ်။

 
ကိုမိုးစက်
 
 

Facebook User များအတွက် updater Version Facebook v17.0.0.0.8 Apk



Android ဖုန်းသုံးတဲ့သူများအတွက် Facebook Version 17.0.0.0.8 အသစ်လေးကို
ကျနော်တင်ပေးလိုက်ပါတယ်။ ဒီ Version ရဲ့လုပ်ဆောင်နိုင်မှုကတော့အများကြီးပါပဲ။
Share photos , videos, like , comment , posts, Text , chat , group conversations and Playgames .....Etc
လုပ်ဆောင်ချက်တွေကအရမ်းကောင်းတယ်ဗျာ။
အောက်မှာဒေါင်းလုတ်ဆွဲပြီးစမ်းသုံးကြည့်လိုက်ပါ။

 
 
 
အားလုံးပဲချမ်းမြေ့ကြပါစေ။
 
ကိုမိုးစက်
 




★★ Tenorshare iPhone 5 Transfer 1.1.0.0 Build 1887 + Key + Crack ★★





ဒီကောင်လေးကတော့ iPhone တွေ iPad တွေကို မိမိရဲ့ computer ကနေပြီး Transfe လုပ်ပေးနိုင်
တဲ့ကောင်လေးဖြစ်ပါတယ် ။ ဘာတွေလုပ်ပေးနိုင်လဲဆိုတော့ ကျွန်တော်တို့ iPhone တွေ iPad တွေထဲကို
music, video, playlists, photos, contacts, SMS အစရှိသည်တို့ကို လုပ်ပေးနိုင်တဲ့
one click လေးဖြစ်ပြီး application တွေ Device တွေကိုပါ Transfe လုပ်ပေးနိုင်ပါတယ် ။
ဖိုင်ဆိုဒ်က 23mb ရှိပြီး full ဖြစ်စေဖို့အတွက် key လေးကိုထည့်သွင်းပေးထားပါတယ် ။



Wanna to transfer files from iPhone to PC? Need to share files between iPhone and iPad? It couldn't be simpler now! iPhone 5 Transfer- the easiest iOS Devices manger tool that transfer music, video, playlists, photos, contacts, SMS , etc. freely among iOS Devices, iTunes and Computer with one click. It also features one-click backup and restore functions to let you completely mange your iOS data.

Transfer files among iPhone, iPad, iPod, iTunes and PCs.
Copy photos & albums to/from Your PC & iDevice.
Transfer application between your PC and iPhone.
Backup iPhone/iPad/iPod data to PC/iTunes in minutes.
Do Better Than iTunes.
100% Safe, Fast and Risk-free.
Compatible with iTunes 11.3, iOS 7.1/7.1.2/8 beta, the latest iPhone 5S/5C, iPad Air and iPad mini 2.




================
[INSTALL NOTES]
================

(1): Please use 7Zip/WinRAR/Universal Extractor to EXTRACT FILES
(2): run the setup
(3): Use the given keygen to activate
(4): Copy the crack folder content and paste it to the software installed directory.
(5): Enjoy and Support Developers, Buy It, They Deserved It!



=============
NOTE
=============

Keygens, patches, Activators, Cracks, Loaders etc. are always scanned with Kaspersky Internet Security 2014 Latest Version to Avoid Virus Issues. Different Anti-viruses may give different results



အားလုံးပဲအဆင်ပြေကြပါစေ။

ကိုမိုးစက် 
 
 


Thursday, August 21, 2014

How to Root Android v1.8 for Android



သာမန် Users တွေအနေနဲ့ Android ဖုန်းတစ်လုံးကို ဘယ်လို Root လုပ်ရမလဲဆိုတာကို သိချင်ရင်တော့ How to Root Android ဆိုတဲ့ Android ဖုန်းဆော့ဝဲလ်လေးကိုဆောင်ထားသင့်ပါတယ်။
ဒီဆော့ဝဲလ်လေးမှာ Android ဖုန်း Brand အမျိုးအစားအလိုက် ၊ ဖုန်းအမျိုးအစားအလိုက် Root လုပ်နည်းတွေပါဝင်ပါတယ်။ ကိုယ့်ဖုန်းက Root ဖြစ်မဖြစ်ကိုလည်း စစ်ဆေးလို့ရတဲ့ Root Checker Feature ပါဝင်ပါတယ်။ How to Root Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Android ဖုန်းကို root လုပ်တယ်ဆိုတာ ဘာလဲဆိုတာကို မေးတတ်ကြတယ်။ Android ဖုန်းတွေစပေါ်ကာစ ကာလကတည်းက ဒီမေးခွန်းကို ဖုန်းအသုံးပြုသူတွေကအမြဲမေးလေ့ရှိသလို ယခု မိုဘိုင်းဖုန်းတွေအသုံးပြုမှုများပြားလာတဲ့ကာလမှာလည်း မသိတဲ့ သာမန်အသုံးပြုသူတွေအများအကြီးးရှိနေပါသေးတယ်။
Android ဖုန်းကို Root လုပ်တယ်ဆိုတဲ့အကြောင်းအကျဉ်းချုံးဖြေရရင်တော့ ကျွန်တော်တို့ကွန်ပျူတာမှာဆိုရင် Administrator Account / Adminstrator Level နဲ့မှ ကွန်ပျူတာရဲ့ System/System File တွေကိုစိတ်ကြိုက်ဝင်ရောက်ပြင်ဆင်နိုင်/ကလိနိုင်မှာဖြစ်ပါတယ်။ Android OS ဖုန်းမှာ Root လုပ်တယ်ဆိုတာကတော့ ခုနကပြောခဲ့သလိုပါပဲ။ ကွန်ပျူတာရဲ့ Admin Account/ Admin Level လိုပဲ Android OS ရဲ့ SuperUser Level / Admin Access ကိုရရှိအောင်ပြုလုပ်တာပါပဲ ။ အဲဒါကို Root လုပ်တယ် / Root Access ရရှိအောင်ပြုလုပ်တယ်လို့ခေါ်ပါတယ်။ Admin ဖုန်းရဲ့ System File တွေကိုစိတ်ကြိုက်ဝင်ရောက်ပြင်ဆင်နိုင်/ကလိနိုင်သွားတာပေါ့။
သာမန် users တွေအနေနဲ့ ဖုန်းကို root လုပ်တယ်ဆိုတာ မြန်မာစာထည့်ဖို့လောက်လို့ပဲသိကြတယ်။ တကယ်တော့ မြန်မာစာထည့်တယ်ဆိုတာဟာလဲ ဖုန်းရဲ့ System folder ထဲမှာရှိတဲ့ Font နဲ့သက်ဆိုင်သောဖိုင်တွေကိုဝင်ရောက်ပြင်ဆင်ရတာဖြစ်လို့ Admin Access/Root Access (or) SuperUser Level မဟုတ်တဲ့ဖုန်းတွေအနေနဲ့ မြန်မာစာထည့်သွင်းဖို့မဖြစ်နိုင်ပါဘူး ။ နောက်ပြီး ဖုန်းရဲ့ System Function တွေကိုစိတ်ကြိုက်ပြင်ဆင်ပြီးသုံးချင်တာမျိုးတွေဆိုရင်လည်း System File တွေကို
ဝင်ပြင်ရတာဖြစ်တဲ့အတွက် Admin Access/Root Access ရရှိထားဖို့လိုပါတယ်။ ဒီထက်ပိုပြီးအကျယ်သိချင်တယ်ဆိုရင်တော့ Wikipedia မှာ Android Root အကြောင်း
အကျယ်တ၀င့်ရေးထားတာတွေရှိပါတယ်။ စိတ်ဝင်စားရင်ရှာဖွေဖတ်ကြည့်သင့်ပါတယ်။


 
Root နဲ့ပတ်သက်တဲ့စာအုပ်နဲ့ဆော့ဝဲလ်များကိုကြိုးစားတင်ပြပေးပါဦးမယ်။
အားလုံးပဲချမ်းမြေ့ကြပါစေ။
 
 
ကိုမိုးစက်
 
Credit to MMAS
 

 
 




PowerISO 6.0 Full Serial (32bit-64bit) (CD/DVD အခွေ Burn ဖို့ အလွယ်ဆုံးဆော့ဝဲလ်)


PowerISO ဆော့ဝဲလ်လေးကတော့ အခွေ Burn ဖို့ အရမ်းအသုံးဝင်ပါတယ်။ မိမိ သိမ်းချင်တဲ့ Data ဖိုင်တွေကို PowerISO ဆော့ဝဲလ်လေးနဲ့ CD/DVD အခွေ ထဲ Burn ပြီး သိမ်းဆည်းထားလို့ ရပါတယ်။ ထို့အပြင် MP3/AVI/ISO/MPEG/MP4 အစရှိတဲ့ ဖိုင်တွေကို DVD အခွေထဲ Burn လို့ရပါတယ်။ သုံးရတာလည်း အရမ်းကို လွယ်ကူပါတယ်။

ISO ဖိုင်တွေကို Extract လုပ်နိုင်တယ်။ ပြီးတော့ အခြား Data ဖိုင်တွေကိုလည်း ISO ဖိုင်အဖြစ် Archive လုပ်နိုင်ပါသေးတယ်။ ထို့အပြင် ISO ဖိုင်များကို CD/DVD/USB Stick များမှာ Bootable Image အဖြစ် Burn နိုင်သောကြောင့် လူတိုင်း ဆောင်ထားသင့်ပါတယ်။ Full Version သုံးရအောင် Text ဖိုင်နဲ့ Serial တွေ ထည့်ပေးထားပါတယ်။

ဆော့ဝဲလ်ကို Install ပြီး Text ဖိုင်ထဲက Key တွေကို Copy and Paste လုပ်ပြီးတာနဲ့ Full Version အဖြစ်သုံးနိုင်ပါပြီ။ အခုတင်ပေးလိုက် တာကတော့ နောက်ဆုံးထွက်ဖြစ်ပါတယ်.။ စိတ်ဝင်စားရင် အောက်ကလင့်မှာ  ဒေါင်းယူနိုင်ပါတယ်။



 
 
ကိုမိုးစက်


Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်နိုင်မယ့် နည်းများ



Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်နိုင်မယ့် နည်းများရှိပါတယ်။ Windows , Linux, Mac OS X တို့မှာ Password နဲ့ ကာကွယ်ထားရုံနဲ့ ဖိုင်များကို ကာကွယ်နိုင်ခြင်း မရှိပါဘူး။ ဖိုင်များကို Encrypt လုပ်ထားမှသာ စိတ်ချရတယ်ဆိုတာကို သတိပြုပါ။ ဒီနည်းလမ်းများက သင့် Operating System ရဲ့ Password ကို မေ့သွားလို့ဖြစ်ဖြစ် သင့် Operating System ကို အခြားသူများ ဖောက်ထွင်းမရအောင် ကာကွယ်ဖို့ ဖြစ်ဖြစ် အသုံးဝင်မှာပါ။

Windows
------------
Windows Password ကို Reset လုပ်နိုင်တဲ့ နည်းများစွာရှိပါတယ်။ Windows က Password Reset Disk ပြုလုပ်ဖို့ ပံ့ပိုးပေးထားပါတယ်။ ဒါက Official Tool ပါ။ Password မမေ့ခင် Password Reset Disk တစ်ခုပြုလုပ် ထားရမှာပါ။
Official Tool မဟုတ်တဲ့ Tools တွေများစွာ ရှိပါသေးတယ်။ ဥပမာ အနေနဲ့ Offline NT Password & Registry Editor ကို အသုံးပြုလို့ရပါတယ်။ ပထမဆုံး Offline NT Password & Registry Editor ကို Disc ဒါမှမဟုတ် USB Drive မှာ ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ Disc or USB Drive နဲ့ ကွန်ပျူတာကို Boot တက်ရပါမယ်။ အဲဒီ Tool က Windows Registry ကို ပြုပြင်ပေးပြီး Password ကို ရှင်းလင်းပေးမှာပါ။
Windows 8 ကို Microsoft Account နဲ့ အသုံးပြုရင်လည်း Administrator Accont ရဲ့ Password ကို Reset လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေကို ကာကွယ်ဖို့အတွက် သင့်ကွန်ပျူတာရဲ့ BIOS ကို Password နဲ့ ကာကွယ်ထားရမှာပါ။ ဒီလိုကာကွယ်ထားရင် External Device တွေကနေ Boot တက်လို့ မရတော့ပါဘူး။ သင့်ရဲ့ Windows System Drive ကို BitLocker လို Tool မျိုးနဲ့ Encrypt လုပ်ထားမယ်ဆိုရင် Registry ကို ပြင်လို့ မရအောင် ကာကွယ်ထားနိုင်ပါတယ်။ Encryption လုပ်ခြင်းကသာ သင့်ရဲ့ ကွန်ပျူတာကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းပါ။
Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်နိုင်မယ့် နည်းများရှိပါတယ်။ Windows , Linux, Mac OS X တို့မှာ Password နဲ့ ကာကွယ်ထားရုံနဲ့ ဖိုင်များကို ကာကွယ်နိုင်ခြင်း မရှိပါဘူး။ ဖိုင်များကို Encrypt လုပ်ထားမှသာ စိတ်ချရတယ်ဆိုတာကို သတိပြုပါ။ ဒီနည်းလမ်းများက သင့် Operating System ရဲ့ Password ကို မေ့သွားလို့ဖြစ်ဖြစ် သင့် Operating System ကို အခြားသူများ ဖောက်ထွင်းမရအောင် ကာကွယ်ဖို့ ဖြစ်ဖြစ် အသုံးဝင်မှာပါ။

Windows
------------
Windows Password ကို Reset လုပ်နိုင်တဲ့ နည်းများစွာရှိပါတယ်။ Windows က Password Reset Disk ပြုလုပ်ဖို့ ပံ့ပိုးပေးထားပါတယ်။ ဒါက Official Tool ပါ။ Password မမေ့ခင် Password Reset Disk တစ်ခုပြုလုပ် ထားရမှာပါ။
Official Tool မဟုတ်တဲ့ Tools တွေများစွာ ရှိပါသေးတယ်။ ဥပမာ အနေနဲ့ Offline NT Password & Registry Editor ကို အသုံးပြုလို့ရပါတယ်။ ပထမဆုံး Offline NT Password & Registry Editor ကို Disc ဒါမှမဟုတ် USB Drive မှာ ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ Disc or USB Drive နဲ့ ကွန်ပျူတာကို Boot တက်ရပါမယ်။ အဲဒီ Tool က Windows Registry ကို ပြုပြင်ပေးပြီး Password ကို ရှင်းလင်းပေးမှာပါ။
Windows 8 ကို Microsoft Account နဲ့ အသုံးပြုရင်လည်း Administrator Accont ရဲ့ Password ကို Reset လုပ်နိုင်မှာ ဖြစ်ပါတယ်။
 

Linux
--------
ဒီနေရာမှာတော့ Ubuntu ကို အကောင်းဆုံး ဥပမာ ပေးပါမယ်။ Ubuntu က သူ့ရဲ့ Default Grub Boot Menu မှာ Recovery Mode ကို ထည့်သွင်းပေးထားပါတယ်။ Advanced Options ကနေ Recovery Mode ကို ရွေးချယ်ရမှာပါ။ Menu ကို မတွေ့ရရင် Boot တက်ချိန်မှာ Shift Key ကို ဖိထားလိုက်ရင် Menu ပေါ်လာမှာပါ။ ဒါဆိုရင် Root Shell Prompt ကို တိုက်ရိုက်သုံးနိုင်ပြီဖြစ်ပြီး Password ကို ဖျက်ပစ်နိုင်ပါပြီ။ Grub Boot Menu ကို Lock လုပ်ထားရင် Linux Live Media ကို သုံးပြီး Password ကို ဖျက်ပစ်နိုင်ပါတယ်။
ထပ်သတိပေးချင်တာက Encryption လုပ်ထားမှသာ သင့် ကွန်ပျူတာကို အကောင်းဆုံး ကာကွယ်နိုင်တယ်ဆိုတာပါ။ ဒီနေရာမှာ Ubuntu ကို ဥပမာပေးထားပါတယ်။ Linux Distribution အားလုံးနီးပါးဟာ Grub ကို သုံးကြပါတယ်။


Mac OS X
-------------
Macs မှာ Password Reset Tool ဟာ Built-In ပါရှိပြီး အလွယ်တကူ သုံးနိုင်ပါတယ်။ Recovery Mode ထဲဝင်သုံးရမှာပါ။ ဒီလိုလုပ်ဖို့ Apple Menu ကို နှိပ်ပြီး Restart ကို ရွေးချယ်ပါ။ Boot တက်လာရင် Command + R ကို ဖိထားပါ။ ဒါဆိုရင် Recovery Mode ထဲရောက်သွားမှာဖြစ်ပါတယ်။
Recovery Mode ထဲမှ Utilities Menu ကိုနှိပ်ပါ။ Terminal ကို ရွေးပြီး resetpassword လို့ရိုက်ပါ။ Enterနှိပ်ပါ။ Reset Password Utility ကိုတွေ့ရမှာ ဖြစ်ပြီး Mac ကွန်ပျူတာမှ ဘယ်လို User Account ကိုမဆို Reset လုပ်နိုင်ပါပြီ။ အဲဒီ Tool ကို Mac OS X Installation Disc ကနေလည်း သုံးနိုင်ပါသေးတယ်။
သင့် Mac ရဲ့ Password ကို Reset လုပ်ခံရခြင်းမှ ကာကွယ်ဖို့ FileVault Disk Encryption ကို Enable လုပ်နိုင်သလို Recovery Mode ထဲမှာ Firmware Password ကိုသတ်မှတ်နိုင်ပါတယ်။ နှစ်မျိုးစလုံးကို လည်း ပြုလုပ်နိုင်ပါတယ်။


Chrome OS
---------------
သင့် Chromebook ရဲ့ User Account Password ဟာ သင့်ရဲ့ Google Account Password ပါပဲ။ Web ပေါ်မှ Google Account Password ကို Reset လုပ်ရင် Chromebook ရဲ့ User Account Password ကို ပြောင်းလဲနိုင်မှာပါ။
သင့်ရဲ့ Google Password ကိုမေ့သွားလို့ Chromebook ကို Signin လုပ်လို့မရဘူးဆိုရင် ဒါမှမဟုတ် Chromebook ပိုင်ရှင်အဟောင်းရဲ့ Password ကို မသိဘူးဆိုရင်Chromebook ရဲ့ Signin Screen ကို သွားပါ။ Ctrl+Shift+Alt+R ကိုတစ်ပြိုင်နက်နှိပ်ပါ။ ဒါဆိုရင် Powerwash နဲ့ Chromebook ကို Factory Reset လုပ်ဖို့ ပေါ်လာမှာပါ။ Reset လုပ်ပြီးရင် Chromebook ကို သင့်ရဲ့ Google Account နဲ့ Login ၀င်လို့ရပါပြီ။ ဒီလိုလုပ်ရင် Chromebook ပိုင်ရှင် အဟောင်းရဲ့ ဒေတာအားလုံးကို ဖျက်ပစ်မှာဖြစ်ပေမယ့် အွန်လိုင်းမှာ သိမ်းထားပေးမှာဖြစ်ပါတယ်။
Chromebook မှာ ပိုင်ရှင်ရဲ့ Password မသိဘဲနဲ့ ဖိုင်တွေကို သုံးလို့မရပါဘူး။ ဖိုင်အားလုံးကို Default အားဖြင့် Encrypt လုပ်ထားတာပါ။

Android
-------------
သင့် Android ရဲ့ Lock Screen Code ကို မေ့သွားရင် Reset လုပ်နိုင်ပါတယ်။ Password , PIN, Pattern ကို အကြိမ်အနည်းငယ် မှန်းဆထည့်ကြည့်လို့မမှန်သေးရင် “Forgot Password”, “ Forgot PIN” , “ Forgot Pattern” ဆိုတဲ့ Option များကို တွေ့ရမှာပါ။ အဲဒီ Option တစ်ခုကိုရွေးချယ်ပြီး သင့်ရဲ့ Android မှာ ချိတ်ဆက်ထားတဲ့ Google Account ရဲ့ Username, Password ကိုထည့်ပေးရင် Android ရဲ့ Lock Screen ကို ကျော်ဖြတ်နိုင်မှာပါ။
Google Account မရှိဘူးဆိုရင်လည်း Lock Screen ကို ကျော်ဖြတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အဲဒီနည်းတွေကတော့ USB Debugging ကို Enable လုပ်ထားတဲ့ Android Device တွေမှာဆိုရင် လွယ်ကူပါတယ်။ Android ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ADB Command များနဲ့ Lock Screen ကို ကျော်ဖြတ်နိုင်ပါတယ်။
နောက်တစ်နည်းက Android ရဲ့ Recovery Mode ထဲကနေ Factory Reset ချခြင်းဖြင့် Password ကို ကျော်ဖြတ်နိုင်ပါတယ်။ ဒီလိုလုပ်ရင် Android ရဲ့ ဒေတာများကို ဖျက်ပေးမှာ ဖြစ်ပြီး စက်ရုံထုတ်အခြေအနေကို ရောက်ရှိသွားမှာပါ။ Android မှာ Recovery Mode ထဲဝင်ဖို့ နှိပ်ရတဲ့ ကီးများဟာ Device တစ်ခုနဲ့ တစ်ခုမတူညီပါဘူး။ အဲဒီအတွက် မိမိ Device အလိုက် အင်တာနက်မှာ ရှာဖွေပါ။


iOS
--------
iPhones, iPads, iPod Touch များမှာ Password ကို Reset ချလို့မရအောင် ပြုလုပ်ထားတာပါ။ Android လိုမဟုတ်ဘဲ သင့်ရဲ့ Apple ID နဲ့ Password ကို Reset ချလို့မရပါဘူး။ သင့် iOS Device ရဲ့ Password ကိုမေ့သွားရင် Factory Reset ချမှရမှာပါ။ Factory Reset ချရင် ဒေတာများကို ဖျက်ပစ်မှာ ဖြစ်ပေမယ့်လည်း သင့် Device မှ ဒေတာများကို Apple Account နဲ့ Sync လုပ်ထားရင် iCloud Bakcups ကနေ ပြန်လည်ရယူနိုင်ပါတယ်။ Factory Reset ချပြီးလို့ ဒေတာများကို ပြန်လည်ရယူနိုင်တဲ့ နောက်နည်းက Apple Device ကို ကွန်ပျူတာမှ iTunes မှာ Backup လုပ်ထားတယ်ဆိုရင် Device ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး iTunes Backup ကနေ ပြန်လည်ရယူနိုင်ပါတယ်။
iDevice ကို Recovery Mode ထဲကနေ Reset ချဖို့ Device ကို ပိတ်ပြီး Home Button ကို ဖိထားပါ။ Device ကို USB Cable ကနေ ကွန်ပျူတာနဲ့ ချိတ်ဆက်ပါ။ iTunes အလိုလို မပွင့်ရင် ဖွင့်ပါ။ iTunes က Recovery Mode ထဲရောက်နေတဲ့ Device ကို တွေ့နေတယ်လို့ အသိပေးမှာ ဖြစ်ပြီး Factory Reset ချပေးမှာ ဖြစ်ပါတယ်။

Password တွေဟာ လုံခြုံမှုမရှိဘူးဆိုတာ စာဖတ်သူသိရှိပါပြီ။ အဲဒီအတွက် အရေးကြီး ဒေတာများကို Encrypt လုပ်ထားသင့်ကြောင်း တင်ပြလိုက်ပါတယ်။


 Ref:Myanmar Digital Life Journal





Wednesday, August 20, 2014

Abidamar 1.0 Android (အဘိဓမ္မာအနှစ်ချုပ်)





ဒေါက်တာအရှင်နန္ဒမာလာ ၏ အဘိဓမ္မာအနှစ်ချုပ် တရားတော် အား Android Application အနေဖြင့်ပြန်လည်ဖန်တီးရေးသားပူဇော်ပါသည်။ စာအနေနဲ့ရော တရားအသံအနေနဲ့ပါ ဖတ်ရှုနားဆင်နိုင်ပါမည်။ မြတ်စွာဘုရားက မိဘကျေးဇူးဆပ်ရန် ရည်ရွယ်၍ဟောကြားခဲ့သော တရားတော်ဖြစ်တာကြောင့် ဒီ application ကို လူကြီးမိဘတွေဖုန်းမှာသွင်းပေးထား၍အဘိဓမ္မာတရားနာစေခြင်းအားဖြင့် မိဘကျေးဇူးကို တစ်ဖက်တစ်လမ်းကနေဆပ်ရာရောက်ပါတယ်။ လူငယ်တွေရဲ့ဖုန်းတွေမှာသွင်းပြီး တရားနာခြင်းအားဖြင့်လည်းကုသိုလ်တွေရရှိမှာကြောင့် အကျိုးများပါတယ်။
အဘိဓမ္မာအကျဉ်းချုပ် For Android ကိုအောက်က link ကနေရယူနိုင်ပါတယ်။

ဒီမှာဒေါင်းလိုက်ပါ

(OR)

http://apkleecher.com/?id=info.abidimar.mmas

 

ကိုမိုးစက်
 

Yangonthar Software Selection v1.02 2014 (၀င်းဒိုးတင်ပြီးအသင့်သုံးရန်ဆော့ဝဲလ်များ) စုစည်းမှု


ဒီကောင်လေးကတော့ဝင်းဒိုးတင်ပြီးတာနဲ့လိုအပ်တဲ့ဆော့ဝဲလ်တွေကိုရွေးချယ်ပြီးစုစည်းတင်ပေးလိုက်ခြင်း
ဖြစ်ပါတယ်။ဘယ်လိုဆော့ဝဲလ်တွေပါဝင်လည်းဆိုတာကိုတော့အောက်မှာအသေးစိတ်ဖတ်ပါ။
တိုက်ရိုက်အင်စတောလုပ်ရခြင်းဖြစ်ပြီးတစ်ချို့ဆော့စ်ဝဲတွေကို Full ဖြစ်စေဖို့အတွက် Serial Keyတွေကိုလည်းထည့်သွင်းပေးထားသလို အင်စတောလုပ်နည်းကိုလဲထည့်သွင်းပေးထားပါတယ်။
2014 ရဲ့နောက်ဆုံး Version တွေကိုစုစည်းထားခြင်းဖြစ်ပါတယ်။

2014 Final Full Version

1. Zawgyi Font for Windows 7 , XP
2. Zawgyi Font for Windows 8
3. 7zip
4. WinRar
5. Fomat Factory
6. Gtalk
7. Photoshop CS3
8. Photoshop CS5
9. Microsoft Office
10. Video Joiner
11. Video Splitter
12. Any Video Converter
13. Mozillar Firefox
14. Google Chrome
15. VLC Player 32 bit/64 bit
16. Nero Burning Rom
17. BS Media Player
18. Software Uninstaller
19. Adobe Flash Player
20. Skype
21. Win to Bootic
22. Windows Loader
23. Power iSO Protable
24. Myanmar Fonts ( All in One)

ဆော့စ်ဝဲအားလုံးပေါင်း 1.35GB ရှိပါသောကြောင့် ဖိုင် 7 ဖိုင်ခွဲပြီး 1 ဖိုင်လျှင် 200MB ဖြင့်ဖွဲတင်ပေး
ထားပါတယ်။ဖိုင်များအားလုံးကိုဒေါင်းလော့စ်ချပြီးတာနဲ့ Desktop ပေါ်မှာ Folder တစ်ခုဆောက်ပြီး
ထည့်လိုက်ပါ။ပြီးရင်ဖိုင်တွေအကုန်လုံးကို Select ပေးပြီးညာဘက်ကလစ်ထောက်ကာ Extract Here ကို
နှိပ်လိုက်ပါ။ထွက်လာသောဖိုင်ထဲကဆော့စ်ဝဲကို Run ပြီးအသုံးပြုနိုင်ပါပြီ။


 
 
အဆင်ပြေကြပါစေ။
ကိုမိုးစက်
 
 

Window Error တက်ခြင်းမှ ကာကွယ်ပေးသော Registry First Aid Standard 9.2.0 Build 2188 + Resgister Key


ဒီနေ့တော့သူငယ်ချင်းများကို ဆော့ဝဲလ် တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
Registry First Aid Standard 9 ဖြစ်ပါတယ်။ သူကတော့ Window သုံးတာ ကြာလာလို့ လေးလာတာတွေ  ပြီးရင် ကွန်ပျူတာက ပုံမှန်မဟုတ်ပဲ Error Box တွေ
တစ်ခုပြီးတစ်ခုတက်နေတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။
ဒီဆော့ဝဲလေးသာသုံးကြည့်လိုက်ပါ။

ကွန်ပျူတာအဖွင့်ပိတ်မှာ Error တက်တာတွေဖြစ်နေတဲ့သူငယ်ချင်းတွေအတွက်
ဒီဆော့ဝဲလ်လေး တင်ပေးလိုက်တာပါ။ PC Perfpormance အားလုံးကို Fix and Clean လုပ်ပေးပြီး စက်ကိုမြန်ဆန်စေသလို Error တက်ခြင်းကနေလဲကင်းဝေးစေပါတယ်။ တကယ့်ကိုဆောင်ထားသင့်တဲ့
ဆော့ဝဲလ်လေးဖြစ်ပါတယ်။

Full Version သုံးလို့ရအောင် Resgister Key ပါ ထည့်ပေးထားပါတယ်။ ဆော့ဝဲလ်ကို Install လုပ်ပြီးတာနဲ့ Text ဖိုင်က Key ကိုကော်ပီထည့်ပြီး Full အဖြစ်အသုံးပြုနိုင်ပါပြီ။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်။


အားလုံးအဆင်ပြေကြပါစေ။
 
ကိုမိုးစက်

Activated ဖြစ်ပြီးသား နောက်ဆုံးထွက် TeamViewer 9.0.24322 Premium Full Version

TeamViewer ကတော့ လူတိုင်းနီးပါး သိကြမှာပါ။ ကွန်ပျူတာမှာ မရှိမဖြစ်အရေးကြီးပြီး အသုံးဝင်တဲ့ဆော့ဝဲလ် ဆိုလည်း မမှားပါဘူး။ မသိသေးသူများအတွက် ရှင်းပြပါမယ်။ TeamViewer က ဥပမာ ကိုယ့်ရဲ့စက် တခုခု ဖြစ်လို့ကိုယ်က ပြန်မပြင်တတ်ဘူးဆိုပါတော့။ အဲဒီလိုဆိုရင် အဝေးမှာရှိတဲ့ သူငယ်ချင်းတွေကို အကူညီတောင်းပြီးဝင်ပြင်ခိုင်းလို့ရတဲ့ ဆော့ဝဲလ်လေးပါ။ အင်တာနက်လိုင်းရှိရုံနဲ့မိမိကွန်ပျူတာကနေ တခြားကွန်ပျူတာကို ဝင်ကြည့် လို့ရပါတယ်။

ဘယ်လောက်ပဲဝေးနေပါစေ ၀င်ကြည့်လို့ရပါတယ်။ ဆော့ဝဲလ်ကို install လုပ်ပြီးတာ နဲ့ ကိုယ်ရဲ့ You ID နှင့် Password ပြနေပါလိမ့်မည်။ မိမိပေးဝင်ချင်သည့် သူငယ်ချင်းကို ကိုယ်ရဲ့ID နှင့် Password ပေးလိုက်ရင် ကိုယ့်ကွန်ပျူတာ ကို သူငယ်ချင်းက ၀င်ပြင်ပေးနိုင်မှာဖြစ်ပါတယ်။ ဆော့ဝဲလ် ကို Activated လုပ်ပြီးသား မို့ install လုပ်ပြီးတာနဲ့ full သုံးလို့ရပါပြီ။ ကီးထည့်စရာမလိုပါ။

နောက်ဆုံးထွက် Version v9.0.24322 ကိုတင်ပေးလိုက်ပါတယ်။ Key မထည့်တတ် Crack မလုပ်တတ် တဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပြီးတင်ပေး လိုက်ပါတယ်။ TeamViewer ကိုမသုံးတတ်သေးတဲ့ သူငယ်ချင်းများကတော့ ဒီလင့်မှာ စာအုပ်ဒေါင်းပြီး လေ့လာနိုင်ပါတယ်။

Activated ဖြစ်ပြီးသား နောက်ဆုံးထွက် TeamViewer 9.0.24322 ကိုတော့ အောက်က လင့်မှာ ဒေါင်း ယူနိုင်ပါပြီ။

 
 
ဘော်ဒါတွေအားလုံးအဆင်ပြေကြပါစေ။
ကိုမိုးစက်
 
 
 
 
 

Windows 9 Professional PreActivated (Eng/x64/Single Link) May 2014 (5.11 GB)


မကြာသေးမီကမှ အသစ်ထွက်လာတဲ့ Windows 9 Professional PreActivated ကို တင်ပေးလိုက်ပါတယ်။ အသစ်တွေကိုမှ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် တကယ်ကို အကြိုက်တွေ့စေမှာပါ။ အခု အသစ်ထွက်ထားတဲ့ Window 9 က အရင် က Window 8.1 ထက် ပိုပြီး ဒီဇိုင်းလန်းပါတယ်။ ကျနော်လည်း သေသေချာချာတော့ မသုံးကြည့်ရသေးပါဘူး။ အခုမှ ဒေါင်းပြီး သုံးကြည့်မလို့ပါပဲ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းများ လည်း ဒေါင်းနိုင်အောင်လို့ မူရင်းလင့်မှ ပြန်လည် တင်ပေးလိုက်ပါတယ်။
ပါဝင်တဲ့ဆော့ဝဲတွေကတော့>>>>>

Bit Torrent 7.8.2 Build 30417
CCleaner Professional 4.08.4428
CPU-Z 1.68
Adobe Flash Player ActiveX 12
Aimp Player 3.55
Adobe Reader 11.4
Adobe Flash Player 12.0.235
Autorun Virus Remover v3.3
Boot Screen Win9 By DiLshad Sys
Firefox 28 Final
Glary Utilities 4
DirectX32
FileZilla FileZilla 3.8.0
Notepad++ 6.5
Skype 6.11.0.102
GOM Player 2.2.57.5189
Hotspot Shield 3.37
Internet Explorer 11 Final X64
Internet Download Manager 6.12 Final
.NET Framework Version AIO
K-Lite Codec Pack 10.15 (Full)
Ultra ISO 9.8.1
USB Disk Security 6.2.0.432
Team Viewer 9
USB Safely Remove 5.2 Final
VLC Media Player 2.1.3
Visual C++ 2008 SP1 Redis
Microsoft Silverlight 5.1.10411.0 Final x64
Java Runtime Environment 1.7.0.45
Visual C++ 2005 Redis
Visual C++ 2005 SP1_Redis
Winrar 5.0
Visual C++ 2010 Redis
Visual C++ 2012 Redis
Visual C++ 2008 Redis

Themes included in windows 9

12 New Themes

Whats' New in this version??

Disable Tool Tips
Disable Autorun Drive
Disable UAC
Disable Hibernate
Don't mark new applications
On Right Click Freeware Sys
Copy to Move to on right click
Boot Win 9 Edition
Advanced user accounting
New Eye catching themes
Hang time ratio improved
Clear type view
New icon sets
New Sound schemes
New Registry settings
Added best shortcut styles
Improved application interface
Add desktop icon settings
Enable AVALON effects
Added RUN on start menu
Add change theme
Add change wallpaper
Enable Clear Type Tuning
Enable DVD in media player
Enable Glass Effect(WDM) without graphics card
Enable MP3 Encoding on right click
Enable slow motion windows effects
Enable status bar in notepad
Get rid of windows mail splash
Give your self permission to modify all
Grant full admin control
DiLshad Sys Site direct link from right click (Firefox needed)
Removed Action center Icon
Windows speed tweaking
Wait to kill service - 2000
Low level hooks time out - 1000
Hang application time out - 1000
Menu show delay - 0
No low disk space warning
Process Schedule 1st Program
Mouse Speed Increased
Hang Ratio Decreased
Fast Shut Down And Login
Down Power After Shut Down
Touch Screen Feature Added
Grant Admin control on Right Click
Add Admin Tools on Desktop Context Menu
Add manage on Desktop Context Menu
Add Move to Folder on Desktop Context Menu
small Taskbar Icon
Removed mail Splash
Detailed Shut Down And Login
Blocked Negative DNS Entery
turn Off System Beep
Turn off low Disk
Add Copy To Folder on Desktop Context Menu
Add Task Manager on Desktop Context Menu
Add Take Ownship on Desktop Context Menu
Add Register and Unregister to .dll OCX Context Menu
500ms Delay Aero
Larger Taskbar Previews
Removed Action center icon

စိတ်ဝင်စားရင်တော့ ဒီအောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်ဗျာ။ ဖိုင်ဆိုဒ်ကတော့ 5.11GB ရှိပါတယ်။ ဒေါင်းပြီး Prower Iso နဲ့ USB သို့မဟုတ် DVD ထဲသို့ Bootable လုပ်ပြီး အသုံးပြုနိုင်ပါပြီ။

Download Windows 9 Pro 2014 PreActivated

  • Size : 5.1 Gb
  • Version : Professional
  • Languange : English
  • Medicine : Include - PreActivated
  • OS Support : Win 9 x64 Bit
  • Type File : Rar/ISO
  • Code File : 9pro.may2014
  • Password : No
  • Updated : 6 May 2014
  • Publisher : Microsoft/MOD
အောက်မှာ Screenshot လေးတွေနဲနဲကြည့်သွားလိုက်ပါ။






 
 
ကိုမိုးစက်

PC တပ်ဆင်ခြင်း





ကွန်ပျူတာ Hardware ပိုင်းကို လေ့လာချင် ကလိချင်သူ သူငယ်ချင်းများအတွက်
ကိုသံလုံငယ်ရဲ့ PC တပ်ဆင်ခြင်းစာအုပ်နဲ့
ကိုရဲမာန် ရဲ့ Learning about computer Hardware in 5 Minutes စာအုပ်ကို
ဝေမျှပေးလိုက်ပါတယ်။
လေ့လာချင်သူများ အောက်မှာဒေါင်းလိုက်ပါ။


 

PC တပ်ဆင်ခြင်း

   
 
 
အဆင်ပြေကြပါစေ။
 
ကိုမိုးစက်

Tuesday, August 19, 2014

Analog Clock Live Wallpaper-7 Version : 1.04 Apk (All Android)


မိမိရဲ့ android ဖုန်းမှာ Wallpaper လန်းလန်းလေးတွေထားချင်တဲ့ဘော်ဒါတွေအတွက် နာရီနောက်ခံလေးနဲ့တစ်မျိုးလေးလန်းတဲ့ Analog Clock Live Wallpaper-7 Version : 1.04 လေးပါ ။ size တွေ ရက် လ နှစ် တွေ နဲ့ logo စားတန်းလေးတွေကိုပါပြောင်းနိုင်ပြီး မိမိကြိုက်နှစ်သက်တဲ့ colour အရောင်တွေကိုလဲထုတ်ယူအသုံးပြုနိုင်ပါတယ် ။ file size က 390kb ပဲရှိပြီး Android : 2.1 နှင့်အထက်ဖုန်းတွေမှာအသုံးပြုနိုင်ကြပါတယ်ဗျာ...
 Live Wallpaper looks like analog clock. There are two types of appearance: solid and gradient color.
Settings: size of the clock, show second arrow on/off, show day of the week on/ off, show month on/off, select primary and secondary colors, show serif typeface on/off, change logo text, horizontal and vertical alignment.
Instructions
To set Live Wallpaper press: “Home – Menu – Wallpapers – Live Wallpapers” and select “Analog Clock Live Wallpaper-7″ item. Press button “Settings…” to configure the wallpaper. Press button “Set wallpaper” to set it and start to use. You may configure wallpaper again.
Translation to another languages
Author will happy for help.

DOWNLOAD HERE
Related Posts Plugin for WordPress, Blogger...