ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Friday, October 24, 2014

Internet Download Manager 6.21 Build 14 Final Full


 နောက်ဆုံးထွက်ထားတဲ့ 15/10/2014 နေ့က Version အသစ်ထပ်မံထွက်ရှိလာတဲ့ IDM 6.21 Build 14 ကို တင်ပေး လိုက် ပါတယ်။ IDM ကို ကွန်ပျူတာ သုံးသူတိုင်း သိပြီးသားမို့ အထွေအထူး မရှင်းပြတော့ပါဘူး။ Activated လုပ်နည်းကို သေချာရေးပြသွားပေးပါမယ်။ စာဖတ်ပြီး သေချာလေး လိုက်လုပ်ပါ။ 

ပို့စ်အောက်မှာ ဆော့ဝဲလ်ကို ဒေါင်းပြီး မိမိစက်တွင် Install ပြီးရင် Crack Foloder ထဲက ဖိုင် နှစ်ဖိုင်ကို Copy ပြီး [C:\Program Files\Internet Download Manager] OR [C:\Program Files (x86)\Internet Download Manager] ထဲမှာ Paste ချလိုက်ပါ။ Copy & Replace စာတန်းတက်လာရင် Containue ဆက်သွားလိုက်ပါ။ ပြီးရင် Key ဖိုင်ကို နှစ်ချက်ကလစ်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် Activated ဖြစ်ပါပြီ။


IDM 6.21 ကိုတော့ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

Download Internet Download Manager 6.21 Build 14 Final


ကိုမိုးစက်

Video တည်းဖြတ်, စာတန်းထိုး, Photo Slideshow ဖန်တီးနိုင်တဲ့ - VivaVideo Pro Video Editor v3.5.1 APK



ဒီကောင်လေးကတော့ မိမိကြိုက်နှစ်သက်တဲ့ video လေးတွေကိုအကောင်းဆုံး တည်းဖြတ်ပေးနိုင်မယ့် VivaVideo Pro: Video Editor v3.5.1 လေးပါ ။ Video တွေကို မိမိလိုသလိုအလွယ်တကူ တည်းဖြတ် နိုင်ပြီး မိမိကြိုက်တဲ့ video တွေထဲက မိမိကြိုက်နှစ်သက်တဲ့အခန်းလေးတွေကို ဓာတ်ပုံတွေအဖြစ်နဲ့ ပါထုတ်နိုင်ပြီး video တွေကိုလဲ mp3 သီချင်းတွေဖြစ်တဲ့ audio တွေအဖြစ်သို့ပြောင်းထုတ်နိုင်ပါသေးတယ် ။ ရီစရာဟာသ Video လေးအဖြစ်လည်း ဓါတ်ပုံများ Video များကိုဖန်တီးပေးနိုင်ပါသေးတယ်။ မိမိကြိုက်တဲ့ effect လှလှလေးတွေနဲ့အလန်းစားလေး ပြင်နိုင်သလို  subtitles အနေနဲ့စာတန်းလေးတွေ ပါထည့်ထိုးနိုင်ပါတယ်။ ဒါ့အပြင်ဓာတ်ပုံတွေသီချင်းတွေနဲ့ ဖန်တီးယူနိုင်သလို လိုင်းထဲကိုလဲတခါတည်း ရှယ်နိုင်ပါတယ် ။ Feature အသေးစိတ်ကိုတော့ အောက်မှာရေးပြထားပါတယ်။ Application လေးရဲ့ ပုံစံကိုကြည့်နိုင်ဖို့ Screen တွေ ကိုအောက်မှရိုက်ပြထားပါတယ်။ Android OS 2.3.3 နှင့်အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။



Creative & Fun video cam
  • First video camera on Android to support multi capture modes: normal/FX/funny/music video/fast-motion/slow-motion
  • Built-in 60+ cool live video effects and more can be downloaded for FREE!
  • Unique storyboard shooting style to tell your own story easily.
Quick photo movie maker
  • Create the great video slideshow from your album less than one minute!
Video PIP(Picture in Picture) maker
  • Merge clips with stylish templates, more funny and creative
Easy but Powerful video editor
  • Provide quick & professional editing modes for normal and pro users
  • Multi trimmer for single video
  • Storyboarding editing, easy to merge videos and make the montage.
  • One click to enhance your videos using stylish themes
  • Highlight your videos with filters, FX, transitions, titles, music and live dubbing.
  • All editing operations can be instant previewed in WYSIWYG way
  • Editing session can be saved for later
  • More themes, effects, filters, titles and transitions can be downloaded for FREE!
Export and share
  • Export your videos to the gallery
  • Share your masterpieces to facebook, youtube, instagram, vine, email and etc.







 


Thursday, October 23, 2014

Nokia Lumina (Windows Phone) မှာ မြန်မာဖောင့် ထည့်ချင်တဲ့သူငယ်ချင်းတွေ ဒီနည်းကို စမ်းကြည့်ပါ

အွန်လိုင်းမှာ သူငယ်ချင်းတော်တော်များက Nokia Lumina (Windows Phone) တွေ မြန်မာဖောင့် ထည့်ချင်တယ်။ ထည့်နည်းတွေ မေးနေကြတာ များလို့ ဆိုဒ်တွေမှာ နည်းလိုက်ရှာရင်း အလင်းသစ်   ဆိုဒ်မှာ ဒီနည်းလေးတွေ့လို့ မူရင်းအတိုင်း ပြန်ရှယ်လာခဲ့တာပါ။ တစ်ခုရှိတာက ဒီနည်းကို ကျနော်ကိုယ် တိုင် စမ်းသပ် ဖို့က Nokia Lumina ကိုင်မထားလို့ မစမ်းရသေးပါဘူး။

ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်လိုက်ကြပါ။ တခု သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရ တာဟာ အိပ်ရေး ပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုအဆင်မပြေ ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး အသိပေး ချင်ပါတယ်။ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ ဆိုရင်တော့ အဆင်ပြေမှာပါ။ 

အခြား Device တွေကိုလည်း ကျွန်တော့်အနေနဲ့ မစမ်း သပ်နိုင် လို့ နားလည်ပေးစေချင် ပါတယ်။ အောက်က ပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲ ကော်ပီပြီး ပြန်လည်မျှဝေပေး လိုက်တာပါ။ တခုခု အဆင်မပြေလို့ မေးချင်တယ်ဆိုရင် ပို့စ်ရေးသားသူ ပိုင်ရှင် aung575@gmail.com ကို အက်ပြီး မေးမြန်းနိုင်ပါတယ်။
************************************************************************

ကောင်လေးတယောက်ကို Nokia Lumina 720 မှာ မြန်မာဖောင့်ထည့် ပေးခဲ့ ဖူး ပါတယ်။ အဲဒီတုန်းကလဲ Microsoft Windows Phone Store မှာ (၁)နာရီနီးပါးမွှေနှောက်ပြီး မှ ထည့်ပေးလိုက်နိုင်တာပါ။
Nokia Lumina 720 မှာ မြန်မာဖေါင့်ထည့်တာ အဆင်ပြေလို့ ကျန်တဲ့ Windows ဖုန်းတွေမှာလဲ
(အထူးသဖြင့် Nokia Lumina Series ) အဆင်ပြေမယ် ယုံကြည်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။
ကဲ..နဲနဲလေရှည်သွားပြီ..မြန်မာဖောင့်ထည့်ကြည့်ရအောင်...
အဆင့်(၁) Install လုပ်ခြင်း
(1) မြန်မာဖောင့်ထည့်ရန် မိမိသုံးတဲ့ Nokia Lumina (Windows Phone) မှာ အင်တာနက်ဖွင့်ထားပါ။
(2) ဖုန်းဖြင့်အောက်ကလင့်အတိုင်း ဝင်ပြီး ZG Text ကို ဖုန်းမှာအင်စတောလုပ်ပါ။
             ZG TexT    Link
(3) ပြီးရင် ဖုန်းကို Reboot လုပ်ပါ။ဖုန်းပြန်ပွင့်လာရင် မြန်မာဖောင့်ကို မြင်ရပါပြီ။
(4) Windows Phone ဖြစ်တဲ့အတွက် Keyboard သီးသန့် အင်စတောလုပ်ဖို့ မလိုပါ။
     (Microsoft/Windows Phone/Store/App မှာလဲ မြန်မာကီးဘုတ်မရှိပါ။
         ZG Text တခုထဲသာSupported လုပ်ထားပေးပါတယ်။)
အဆင့်(၂) Copy and Paste လုပ်ခြင်း
(1) မိမိ မြန်မာလို အသုံးပြုချင်တဲ့ App(Phone Memory>>Data>>Application>>)မှာ ZG Text ကို copy and paste လုပ်ပါ။
(ဥပမာ Facebook/Meessenger/Gtalk...စသဖြင့်)
     ဒါဆိုရင် Nokia Lumina ဖုန်းမှာ မြန်မာလိုဖတ်လို့ရပြီဖြစ်သလို မြန်မာလိုလဲ ရိုက်လို့ ရပါပြီ။  
     အဆင်ပြေပျော်ရွှင်ကြပါစေဗျာ...။

ကိုမိုးစက်


Root ဖောက်ထားတာတွေကိုဖျက်ချင်တဲ့သူတွေအတွက်-Root Cleaner v3.3.1 Apk


ဖုန်း ကိုင်ဆောင်ထားသော ဘော်ဒါတွေ Root Cleaner Version အသစ်လေးကိုတင်ပေးလိုက်ပါတယ်။
ဒီကောင်လေးကတော့ android ဖုန်းတွေမှာ Root ဖောက်ထားတာတွေကိုဖျက်ချင်တဲ့ဘော်ဒါတွေအတွက်
သာဖြစ်ပါတယ်။ ဒီကောင်လေးရဲ့လုပ်ဆောင်ချက်ကတော့ အကြောင်းအမျိုးမျိုးကြောင့်မိမိရဲ့ဖုန်းထဲက Root တွေကိုဖျက်ချင်တဲ့သူတွေအတွက်လွယ်လွယ်ကူကူပဲ
ဒီကောင်လေးကစွမ်းဆောင်ပေးပါလိမ့်မယ်။
ဖိုင်ဆိုဒ်ကလဲ 878kb ပဲရှိပြီးအရမ်းသေးပြီးအသုံးပြုရလဲအရမ်းလွယ်ကူပါတယ် ။




မိမိပုံကိုချစ်စရာကာတွန်းပုံလေးပြောင်းပေးမယ့် - Chibi Camera Free 1.2.2 APK



အခုကျွန်တော်တင်ပေးလိုက်တဲ့ Application လေးကတော့ မိန်းကလေးများနဲ့ စုံတွဲတွေပိုပြီးသဘောကျမယ် လို့ထင်ပါတယ်။ အခုတလော Facebook ပေါ်မှာ ဒီလိုပုံလေးတွေကိုတင်တင်နေကြတာ ခေတ်စားနေ တယ်ဗျ။ အခြား အသုံးပြုချင်သူများလည်း သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ အခု Application လေး ကတော့ မိမိရဲ့ ဓါတ်ပုံတွေကို ကာတွန်းမျက်နှာလေးများတပ်ပြီး ချစ်စရာပုံလေးများအဖြစ် ဖန်တီးပေးနိုင် ပါတယ်။ သမီး ရည်းစားစုံတွဲပုံလေးတွေဆို သိပ်မိုက်တာပေါ့။ Phone ထဲမှာ ရှိထားပြီးသားပုံပဲဖြစ်ဖြစ် အသစ်ရိုက်ယူမယ့် ဓါတ်ပုံများမှာပဲဖြစ်ဖြစ် ကာတွန်းပုံလေးတွေအဖြစ် အစားသွင်းရိုက်ယူဖန်တီးနိုင်မှာဖြစ်ပါ တယ်။ ဒါ့အပြင် Application လေးကနေတဆင့် Facebook ပေါ်သို့တိုက်ရိုက်လှမ်းတင်နိုင်ပါတယ်။ နမူ နာပြင်ထားတဲ့ ပုံများကိုအောက်မှာ Screen Shot ရိုက်ပြထားပါတယ်။ Android OS 2.3 နှင့်အထက်ဖုန်း များမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။







ကိုမိုးစက်

Windows 10 Technical Preview (32-bit+64-bit)



2014 October 1 ရက်နေ့မှာ Microsoft က အသစ်ထုတ်လုပ်လိုက်တဲ့ Windows 10 Technical Preview (32-bit+64-bit) ကိုတင်ပေးလိုက်ပါတယ်။ စတင်ထွက်လာခါစ ဖြစ်လို့ Technical Preview တခုပဲ ထွက် ပါသေးတယ်။ Microsoft ကနေတိုက်ရိုက်ဒေါင်း လုပ်ယူပြီး လင့်ပြန်တင်ပေးလိုက်ပါတယ်။ ကိုယ်ပိုင်လင့်တော့ ဟုတ်ဘူးနော် ကျနော့် ဆရာ ဖြစ်တဲ့ ကိုအောင် ဆိုဒ်ကနေ သွား မလာတာ။ အောက်မှာ -Original Key (32&64)....ပါ တွဲပေးထားပါတယ်။ 

ဘယ်လိုကောင်း သလည်း ဆိုတာ မသုံးကြည့်ရသေးတာမို့ ကိုယ်တိုင်ပဲ တင်ပြီးစမ်းသုံးကြည့်ပါဗျာ။ အသစ် စက်စက် လေးတွေ့တာနဲ့ အားရပါးရ ကောင်တင်လိုက်တာပါ။ Screenshoots တွေကြည့် ရတာတော့ တကယ့် လန်းပဲဗျာ (9++++) ။ တခုရှိတာကတော့ ခေတ်ဟောင်း ကွန်ပျုတာတွေမှာ အသုံးပြု လို့အဆင် မပြေ နိုင်ပါဘူး။ Window 10 အကြောင်း အပြည့်စုံသိချင်ရင်တော့ ဒီလင့်မှာ မြန်မာလို ရှင်းပြထားပါတယ်။

စိတ်ဝင်စားရင် အောက်ကလင့်မှာ ၀င်ဆွဲလိုက်ပါ။





 





ကိုမိုးစက်

H TV Myanmar





မြန်မာ Menu စနစ်ကို အသုံးပြုထုတ်လုပ်ထားတဲ့ မြန်မာ App ဖြစ်ပြီး မြန်မာပြည်က နာမည်ကြီး ရုပ်သံလိုင်းတွေနဲ့ ထိုင်းမှ ရုပ်သံ လိုင်းတွေ အားလုံးကို ဖုန်းထဲကနေ ကြည့်နိုင် တဲ့ ဆော့ဝဲလ် ဖြစ်ပါ တယ်။ မြန်မာ လိုင်းတွေကို  အဓိကဖော်ပြပေးမှာ ဖြစ်တဲ့အပြင် Free TV လိုင်း၊ New Channel, ကာတွန်း လိုင်းနဲ့ တခြားသော ဗဟုသုတရဖွယ်ရာ လိုင်းတွေကို လည်း ရွေးချယ်ကြည့်ရှု့ နိုင်မှာ ဖြစ်ပါတယ်။ 

ထို့အပြင် Myanmar Radio လိုင်းများလည်း တွဲဖက်ပါဝင်တာကြောင့် တကယ်ကိုအသုံးဝင်ပါတယ်။ HTV Myanmar က လိုင်းသိပ်မကောင်းတာတောင် လိုင်းအားနဲနဲလေးနဲ့ကြည့်ရှူ့ နိုင်မှာ ဖြစ်ပါတယ်။ Playstore မှာလည်း Free ဒေါင်းယူနိုင်မှာဖြစ်ပါတယ်။ File Size က 2.5 MB သာ ရှိတဲ့အတွက် ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားရင် အောက်မှာဒေါင်းလိုက်ပါ။
 
 
 
ကိုမိုးစက်

VPN Root V 1.9.2


ပိတ်ထားတဲ့ website တွေကို VPN ကျော်ပြီး ကြည့်ချင်တဲ့ သူတွေအတွက်
VPN ကျော်ပေးတဲ့ VpnRoot လေးကိုတင်ပေးလိုက်ပါတယ်
file size 1MB ရှိပြီး android 2.2 ကစပြီး အသုံးပြုနိုင်ပါတယ်
ဒီ application လေးကိုသုံးဖို့ ဖုန်းမှာ root ရှိထားရပါမယ်။

This application was designed to allow connection of a VPN server without having to use PIN or Pattern Lock-Screen in Android.
To use the VPN service application needs ROOT.
* posibility to add multiple widgets for vpn server quick connect in Pro version
* you can backup and restore vpn servers configuration.
* support reconnect on disconnect, manual dns, automatic dns, get dns from vpn server, dns search domains.
* possibility to send logs to developer via email
* added WakeLock option to keep device awake
* added WifiLock option to keepwifi connection alive
* added support for Tasker using "Send Intent" on servicecom.did.vpnroot.
CheckRun using two parameters :
- vpn_server:1..5
- vpn_connect:on/off
* added possibility to select authentication methods :
PAP, CHAP, MSCHAP, MSCHAPv2, EAP
* added support for IPv6 (PPPDmust be built with IPv6 enabled)
* changed the default route push on device that use policy routing for default route
* possibility to select the number of vpn servers, no limit to 5 anymore (only for Pro)
* dynamic widget
* possibility to autostart at boot(only for Pro)
* auto connect/disconnect on a specific WiFi (only for Pro)
Size : 1MB
Version : 1.9.2
Requires: Android 2.2 and up


ကိုမိုးစက်

ဖုန်းတစ်လုံးမှာမရှိမဖြစ်စွယ်စုံသုံး - AMC Security- Antivirus, Clean v4.5.0 APK




ခေါင်းစဉ်ကိုတော့ ဖုန်းတစ်လုံးမှာမရှိမဖြစ် စွယ်စုံသုံး လို့နာမည်ပေးထားတာပိုတယ်မထင်ပါဘူးနော်။ ကျွန်တော်အောက်မှာ Function တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံကိုအသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။ သေချာ ဆုံးအောင်ဖတ်ကြည့်စေချင်ပါတယ်။ တကယ့်ကို အသုံးတည့်စေမယ့် Tools ပေါင်းများစွာကိုစုစည်းပေးထား တဲ့ Application လေးဖြစ်ပါတယ်။ Android OS 2.2 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

● One-Touch Scan
Touch တစ်ချက်နှိပ်ရုံဖြင့် ဖုန်းတစ်ခုလုံးကို Scan စစ်ပေးနိုင်ပါတယ် tasks, cache, junk files, big files, residual files စတာတွေကို Clean လုပ်ပေးနိုင်ပါတယ်။

● Antivirus
Virus Protection အနေနဲ့ ဖုန်းအတွင်းကို မလိုလားအပ်တဲ့ Virus , Malware , စတာတွေကိုလည်း ရှာဖွေပြီးရှင်းလင်းပေးနိုင်ပါတယ်။

● Task Killer
ဖုန်းရဲ့ နောက်ကွယ်ကနေ မလိုအပ်ဘဲ Run နေတဲ့ Application များကိုလည်း ပိတ်ပေးနိုင်ပါတယ်။

● Battery Saver
ဖုန်းရဲ့ Battery Information ကိုလည်း ဖော်ပြပေးနိုင်တဲ့အပြင် Battery ကိုလည်း Save ဖြစ်အောင် လုပ်ဆာင်ပေးနိုင် ပါတယ်။

● Game Speeder
Game ကစားသူများအတွက်လည်း Game ကစားနေချိန်မှာ ဖုန်းရဲ့ Memory ကို Releases လုပ်ပေး နိုင်ပါတယ်။ Game Booster ရဲ့လုပ်ဆောင်ချက်အတိုင်းပါဘဲ။

● App Manager
Application များကိုလည်း Install / Uninstall လုပ်ပေးနိုင်ပြီး။ ဖုန်းရဲ့ Internal Space ကိုပိုမိုရရှိစေဖို့အတွက် Install လုပ်ပြီးသား Application များကို SC Card ထဲကို လွယ်ကူစွာ Click တစ်ချက် ထဲနဲ့နှိပ်ရုံ နဲ့ရွှေ့ပြောင်းပေးနိုင်ပါတယ်။

● Call/SMS Blocker
မိမိဆီဝင်မလာစေချင်တဲ့ Contact များရဲ့ Call နဲ့ SMS ကိုလည်း Block (Black List) လုပ်ပေးနိုင်ပါတယ်။

အထက်ပါလုပ်ဆောင်ချက်များက ဖုန်းတစ်လုံးမှာ အရေးပါတဲ့ ရှိထားသင့်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ် ဗျာ။ ဒါကြောင့် All in One Tools ဖြစ်တဲ့ Advanced Mobile Care ကိုတော့ မိမိရဲ့ဖုန်းထဲမှာဆောင်ထားစေချင်ပါတယ်။



ကိုမိုးစက်




ADB Driver အလွယ်ဆုံးသွင်းကြည့်မယ်






ဒီတခါ စက်ရုပ်သမားတွေမရှိမဖြစ်သုံးရမယ့် Tool လေးတခုတင်ပေးပါ့မယ်….
ဘာလို့မရှိမဖြစ်လို့ပြောရလဲဆိုတော့….Root ဖို့ပဲဖြစ်ဖြစ် Firmware Flash ဖို့ပဲဖြစ်ဖြစ်
ဖုန်းကိုကွန်ပျူတာကသိအောင်…မရှိမဖြစ်လိုအပ်တဲ့ ADB Driver ဆိုတာလေးသွင်းရပါတယ်…အခုဟာလေးက အဲဒီ ADB Driver Installer လေးပါ…
သူက အရင်ကလိုမျိုး ဖုန်းကိုကွန်ပျူတာနဲ့ချိတ်….
Device Manager ထဲဝင်ဟိုလမ်းကြောင်းပေး
ဒီလမ်းကြောင်းရွေးလုပ်စရာမလိုတော့ပါဘူး။
ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပြီးကလစ်နှစ်ချက်လောက်နှိပ်ရုံနဲ့တင် ADB Driverကိုသွင်းပေးပါတယ်..
Windows XP/Vista/7/8(x86/x64) အကုန်လုံးနဲ့အိုကေပါတယ်…..

သွင်းပုံသွင်းနည်းကတော့ဘာမှမခက်ဘူးဗျ….အောက်မှာပုံလေးတွေနဲ့ပြထားပါတယ်…..
ဖုန်းကို USB Debug On ပြီးကွန်ပျူတာနဲ့ချိတ်လိုက်ပါ….မသွင်းရသေးရင်အောက်ပုံအတိုင်း…
Device Status မှာ Driver incorrectly လို့ပြနေပါမယ်….






install ခလုတ်လေးနှိပ်ပါ….သူဟာသူ ADB Driver သွင်းပါလိမ့်မယ်..နဲနဲတော့ကြာတယ်
ခဏစောင့်ပါ….သွင်းလို့ပြီးသွားရင်တော့အောက်ဆုံးကပုံအတိုင်း
Device status မှာ OK နေပြီကွန်ပျူတာကဖုန်းကိုသိနေပါပြီ…



 အကယ်၍အပေါ်ပုံကအတိုင်းပေါ်လာခဲ့ရင် Install this driver softwareanyway ရွေးပေးလိုက်ပါ…




ဒါဆိုရင် အဆင်ပြေသွားပါပြီ။
သူငယ်ချင်းများအားလုံးချမ်းမြေ့ကြပါစေ။

ကိုမိုးစက်

နှင်းဆီဖြူတစ်ပွင့်ရဲ့အဆိပ်သင့်ဒဏ္ဍာရီ




ကြာခဲ့ပြီဆိုပေမယ့် မေ့လို့မရသေးဘူး။
ဝေးခဲ့ပြီဆိုပေမယ့် လွမ်းလို့ကောင်းနေတုန်းပဲ။
နွေတစ်ဆယ် မိုးတစ်ဆယ် ဆောင်းတစ်ဆယ်လွမ်းခဲ့တာတောင် ငါ့အလွမ်းတွေက ကုန်ဆုံးခြင်းမရှိနိုင်သေးပါဘူး။
နာရီလက်တံတွေရဲ့သယ်ဆောင်မှုအောက်မှာ အရာရာဟာပြောင်းလဲသွားနိုင်သွားနိုင်ပေမယ့်
အဲဒီအထဲက မပြောင်းလဲနိုင်သေးတဲ့အရာလေးတစ်ခုကို လုံခြုံစွာသိမ်းဆည်းပြီး
ငါ့ရဲ့အနာဂတ်နေ့တွေအထိ ဆက်လက်သယ်ဆောင်ခွင့်ပြုပါ နှင်းဆီဖြူ………..

တယောတစ်လက်ရဲ့ဂီတ

ငါဟာ….
ဘိုးတံတစ်ချောင်းဖြစ်တယ်
အဲဒီဘိုးတံမှာချစ်ခြင်းတွေခြယ်သပြီး
တယောရဲ့ကြိုးပေါ်ကိုပွတ်တိုက်ချင်တယ်
မင်းဟာ…တယောတစ်လက်ဆိုပါတော့။

ငါဟာ…..
တယောတစ်လက်ဖြစ်တယ်
အဲဒီတယောအိမ်ထဲမှာသိုမှီးထားတဲ့
အသိမ်းဆည်းခံချစ်ခြင်းတွေကိုပေးချင်တယ်
မင်းဟာ…ဘိုးတံတစ်ချောင်းဆိုပါတော့။

နွေးထွေးလတ်ဆတ်တဲ့ငါ့ချစ်ခြင်းတွေဟာ
တယောအိမ်ပေါ်မှာတည်တယ်
ဘိုးတံပေါ်မှာလဲမှီတယ်
ဘိုးတံနဲ့တယောအိမ်ပေါင်းစည်းမှ
တယောတစ်လက်ဖြစ်မယ်။

တကယ်တော့
ချစ်ခြင်းဖွဲ့ဆင်ဖိုနီကိုညည်းဆိုရင်း
ငါတို့တတွေ
ချစ်သူတွေမဟုတ်ပါဘဲ
ချစ်သူတွေထက်တောင်ရင်းနှီးခဲ့ရတယ်။

ချစ်သူရေ…..
ချစ်ခြင်းရနံ့နဲ့ဂီတကို
ငါတို့ခံစားကြည့်ရအောင်
ငါတို့ဟာတယောတစ်လက်ဆိုပါတော့……..။

(၉၈ အချစ်ကဗျာ အချစ်ကဗျာ၉၈ - ကဗျာစာအုပ်မှ ကိုယ်ထိုက် ၏ တယောတစ်လက်ရဲ့ဂီတ  ကဗျာဖြစ်ပါသည်)



မိုးစက်ဖွဲဖွဲကလေးတွေကြွေဆင်းတဲ့ ဂျူလိုင်ရဲ့တစ်ခုသောမနက်ခင်းမှာပေါ့…..
ငါ့ရင်ဘတ်မှာ မထင်မှတ်ပဲ နှင်းဆီဖြူတစ်ပွင့် ပွင့်ခဲ့တယ်
တယောသံကိုနှစ်သက်တတ်တဲ့ငါနဲ့  တယောကောင်းကောင်းထိုးတတ်တဲ့နင်ရဲ့ကြားမှာ
“တယောတစ်လက်ရဲ့ဂီတ”  ဆိုတာလေးကို ငါခံစားလို့ရသလောက်ရေးဖြစ်ခဲ့တယ်။
ဝါသနာ ၊ မျှော်လင့်ချက် ၊ အတွေးအခေါ် အားလုံးနီးပါးတူညီခဲ့တဲ့ငါတို့ဟာ တဖြည်းဖြည်းနဲ့ တယောတစ်လက်လို
ဖြစ်သွားခဲ့ကြတယ်။  အာဒမ် နဲ့ ဧဝ ရဲ့ကြားက တားမြစ်ထားတဲ့သစ်သီးတစ်လုံးရဲ့အကြောင်းကို
ငါတို့ စွန့်စွန့်စားစားသိချင်ခဲ့ကြတယ်။
နောက်ဆုံးတော့ ဘယ်လိုမှဘာသာပြန်ဖို့မပြည့်စုံနိုင်တာကပဲ အဲဒီသစ်သီးရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲဖြစ်လိမ့်မယ်လို့
ယုံကြည်ခဲ့ကြတယ်။
ကျေးဇူးတင်ပါတယ် နှင်းဆီဖြူ…
ငါ သိရုံသာသိခဲ့ပြီး သင်ကြားခွင့်မရခဲ့တဲ့ဘာသာရပ်တစ်ခုကို မင်းနဲ့ဆွေးနွေးခွင့်ရခဲ့ခြင်းအတွက်ပေါ့။
အဲဒီလိုနဲ့ပဲ ငါတို့ဟာ တကယ်ပဲတယောတစ်လက်ဖြစ်ခဲ့ကြတယ်။


အဲဒီတုန်းကပေါ့
ချစ်ခြင်းရဲ့ကြီးကျယ်မြင့်မြတ်မှုတွေနဲ့ ငါတို့ရဲ့ဘဝကိုတည်ဆောက်ဖို့ ရူးသွပ်စွာကြိုးစားမိခဲ့ကြတဲ့
အဲဒီကာလတစ်ခုတုန်းကပေါ့…..
အပြန်အလှန်နားလည်မှုတွေနဲ့ ယုံကြည်လေးစားမှုမှာအခြေခံတဲ့ချစ်ခြင်းတရားတစ်ခုထဲမှာ
ငါတို့ရဲ့နှလုံးသွေးတွေ နီရဲခဲ့ကြတယ်။

လူငယ်တွေမှားတဲ့အခါ  လူကြီးတွေက အပြစ်ပေးကြတယ်….
အဲဒီလူကြီးတွေမှားတဲ့အခါ ဘယ်သူတွေကလာပြီးအပြစ်ပေးကြမလဲ
ချစ်ခြင်းကို ယုံကြည်စွာကိုးကွယ်တတ်ခဲ့တာ လူငယ်တွေရဲ့အမှားလို့ခေါင်းစဉ်တပ်ချင်ကြတဲ့
အဲဒီလူကြီးတွေကိုတစ်ခုမေးပါရစေ…
ချစ်ခြင်းရဲ့ကြီးကျယ်မြင့်မြတ်မှုတွေနဲ့အတူ လူငယ်ဘဝကိုဖြတ်သန်းခဲ့ကြဖူးတယ်ဆိုတဲ့အကြောင်း
လူကြီးတွေမေ့သွားခဲ့တာလား…?
ဒါမှမဟုတ် မေ့ထားခဲ့ကြတာလား…..?

နှင်းဆီဖြူရေ……
ငါအစွမ်းကုန်ကြိုးစားခဲ့ပေမယ့် နင့်မိဘတွေသတ်မှတ်ထားတဲ့ ဂရပ်ဖ်မျဉ်းတွေရဲ့အောက်ဆုံးမှာဘဲ
ငါ့ရဲ့နာမည်ကို ရေးထိုးခွင့်ရခဲ့တယ်။
ယုံကြည်ကိုးကွယ်ရာမတူညီခဲ့ကြတာကလဲ ငါတို့နှစ်ယောက်ရဲ့ကြားမှာ အကြီးမားဆုံးကမ်းပါးတစ်ခု
ဖြစ်နေပြန်ခဲ့တယ်။
အသွင်တူပေမယ့် အသွေးမတူခဲ့တဲ့ငါတို့နှစ်ယောက်ဟာ
အမြင်တူပေမယ့် သဘာဝခြားတဲ့ကမ်းပါးနှစ်ခုမှာပဲ သီးခြားစွာရပ်တည်ခဲ့ကြရတယ်။

ငါတို့ရဲ့မျှော်လင့်ချက်တွေကို  ငါတို့ကိုယ်တိုင်အကောင်အထည်ဖော်ခွင့်မရတော့တဲ့အခါ…..
ငါတို့ရဲ့အိပ်မက်တွေကို  ငါတို့ကိုယ်တိုင်မက်ခွင့်မရတော့တဲ့အခါ…..
ငါတို့ရဲ့ညတွေကို  ငါတို့ကိုယ်တိုင်နိုးထခွင့်မရတော့တဲ့အခါ…..
ငါတို့ရဲ့မနက်ဖြန်တွေကို  ငါတို့ကိုယ်တိုင်ဖြတ်သန်းခွင့်မရတော့တဲ့အခါ…..
ငါတို့ရဲ့ဘဝတွေကို ငါတို့ကိုယ်တိုင်ပဲအကျဉ်းချခဲ့ကြရတယ်မဟုတ်လားနှင်းဆီဖြူ



အဲဒီနောက်တော့ နှင်းဆီဖြူဆိုတဲ့ကောင်မလေးဟာ ငါ့အတွက်တော့ ညပေါင်းများစွာမက်ခွင့်မရတော့တဲ့
အိပ်မက်လေးတစ်ခုပဲဖြစ်နေပြန်ပါတော့တယ်……။

လပေါင်းများစွာပျောက်ဆုံးခဲ့ရတဲ့ နှင်းဆီဖြူတစ်ပွင့်နဲ့တွေ့ဆုံခွင့်ဆိုတာ
အဲဒီလူကြီးတွေကိုယ်တိုင်ပဲ ငါ့အတွက်ဖန်တီးပေးခဲ့ကြတယ်။
ဒါပေမယ့်….လုံးဝမဟုတ်ဘူးနှင်းဆီဖြူ
ဒါဟာ အမှန်တရားတစ်ခုဖြစ်တယ်လို့ ငါ…လုံးဝမယုံကြည်နိုင်ခဲ့ဘူး။
ငါမျှော်လင့်ခဲ့တာ အခုလိုအဆိပ်သင့်သွားတဲ့ နှင်းဆီဖြူတစ်ပွင့်ရဲ့နိဂုံးမဟုတ်ဘူး။
ဘယ်လိုနတ်ဆိုးတွေကများ ငါတို့နှစ်ယောက်ရဲ့အနာဂတ်ကို အနက်ရောင်နဲ့ကြက်ခြေခတ်ခဲ့ကြတာလဲ
ငါချစ်တဲ့နှင်းဆီဖြူတစ်ပွင့်ကို အဆိပ်သင့်အောင်လုပ်ခဲ့ကြတာဘယ်သူတွေလဲ….

မတူညီတဲ့ဘဝနှစ်ခုကို ပေါင်းစပ်ဖို့ကြိုးစားခဲ့ကြတဲ့ ငါတို့ကိုယ်တိုင်ပဲလား
ဆင်စီးပြီး မြင်းရံစေချင်တဲ့စေတနာနဲ့ အတ္တကိုရှေ့တန်းတင်တတ်လွန်းကြတဲ့ လူကြီးတွေပဲလား
ငါတို့မမြင်နိုင်မသိနိုင်တဲ့ ငါတို့ရဲ့ကံကြမ္မာ  ကြောင့်ပဲလား
ဒါဟာ  ဘုရားသခင်ရဲ့အလိုတော်အတိုင်းတဲ့လား

မင်းသိပ်ချစ်တဲ့ငါ့ကိုတောင်မစောင့်နိုင်ပဲ ဘယ်တော့မှပြန်လာခွင့်မရှိတော့တဲ့ခရီးရှည်ကြီးတစ်ခုကို
ဘာဖြစ်လို့များ မင်းတစ်ယောက်ထဲထွက်သွားခဲ့ရတာလဲနှင်းဆီဖြူ
ငါ့မျက်ရည်တွေကို   နင်မမြင်နိုင်တော့ပါဘူး
ငါ့ရှိုက်သံတွေကို    နင်မကြားနိုင်တော့ပါဘူး
ဒါပေမယ့် နှလုံးသွေးနဲ့ရေးခဲ့တဲ့ ငါ့ရဲ့ ရင်ကွဲကြေးနန်းတစ်စောင်ကို မင်းဆီရောက်အောင်ပို့ပေးလိုက်ချင်တယ်။

“နင် ပိုင်ဆိုင်ရာဘဝလေးတစ်ခုမှာ ထာဝရငြိမ်းချမ်းပါစေနှင်းဆီဖြူ”

ဆယ်နှစ်ပြည့်သွားခဲ့ပေမယ့်
အခမ်းနားဆုံးကြေကွဲမှုတွေနဲ့အတူ
ငါမင်းကိုလွမ်းနေတုန်းပဲ နှင်းဆီဖြူ

ကိုမိုးစက်
September , 9 , 2014     11:39:42

PS  (ပုံပြင်မဟုတ်တဲ့မိုး)
(အငြိုးတကြီးနဲ့
မိုးကသည်းထန်စွာရွာသွန်းလို့
ဂျူလိုင်လကိုးရက်
အဲဒီမိုးစက်တွေရဲ့အောက်
ငါတို့နှစ်ယောက်ဆုံစည်းခဲ့
မမေ့နိုင်တဲ့အဖြစ်အပျက်ပါ။
တဖွဲဖွဲကြွေတဲ့
မိုးစက်တွေရဲ့အောက်မှာဘဲ
ချစ်သူငါ့ကိုလမ်းခွဲခဲ့ပြန်တယ်။
နှလုံးသားကိုအေးသွားတဲ့မိုး
အရှုံးများကိုပေးသွားတဲ့မိုး
ရင်ခွဲတဲ့မိုး
အစဉ်မစဲတဲ  မိုး…..ရေ
လောကရဲ့ရာသီသုံးမျိုးမှာ
မိုးဆိုတာကွယ်ပျောက်တဲ့အထိ
ငါမိုးကိုချစ်မိနေလိမ့်မယ်။
မျက်ဝန်းမှာသွန်းဖြိုးတဲ့
မုတ်သုန်မိုးနွေးနွေးရယ်…….
မြတ်နိုးစွာထွေးပွေ့ခဲ့ဖူးတဲ့
အကြင်နာရဲ့လက်တစ်စုံရယ်…..
ငါတို့နှစ်ယောက်နှစ်သက်ခဲ့တဲ့
ကော်ဖီခါးခါးတစ်ခွက်ရယ်…..
ဂျူလိုင်ရဲ့မိုးသည်းထဲ
အရင်အတိုင်းရှိနေဆဲပါ။

အရှေ့လေကြမ်းကြမ်းနဲ့အတူ
နင့်ကိုလွမ်းနေတဲ့လူတစ်ယောက်အတွက်
တချက်လောက်သတိရပေးပါ။

မလွန်ဆန်နိုင်စွာလက်ခံခဲ့ရတဲ့
ဘုရားသခင်ရဲ့စီရင်ချက်အောက်
ရိုးသားစွာပျောက်ဆုံးခဲ့ရတဲ့
နှလုံးသားတစ်စုံရဲ့ ဆုံစည်းခွင့်အတွက်
ငါ မနက်တိုင်းနင့်ကိုစောင့်နေတယ်
နင်ကြိုက်တဲ့နှင်းဆီဖြူတွေနဲ့အတူ
နင်ထားရစ်တဲ့အုတ်ဂူလေးမှာပေါ့။
မိုးစက်ကြွေတွေရဲ့ရာသီမလွန်မီအထိ
နင်ပြန်လာမယ်ယုံကြည်မိတာ
ဆယ်နှစ်ပြည့်သွားခဲ့ပါပြီမိုး…….)











               



Related Posts Plugin for WordPress, Blogger...